သတင်းတို

ရွှေဘိုမြို့ပေါ်မှာ ပျူစောထီး ၁ ဦးကိုရှင်းလင်းရာ ကျားအင်္ဂါ သေနတ်မှန်ပြီး ဆေးရုံရောက်

"မပြောကောင်းတဲ့နေရာ ထိသွားတာ။ အရမ်းစိုးရိမ်ရတဲ့ ဒဏ်ရာရတော့မဟုတ်ဘူး။ ရှပ်မှန်တာလောက်ဘဲ ဒဏ်ရာရသွားတယ်။ သူကံကောင်းသွားတယ်ပြောရမှာပေါ့"လို့ ဒေသခံတဦးက ပြောပါတယ်။

မုံရွာမှာ ဓားပြတိုက်မှုဖြစ်ပြီး မွေးဖွားခါနီး ၃ ရက်အလို ကိုယ်ဝန်သည် သတ်ခံရ

"နေ့လယ်က အိမ်ထဲမှာ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးအလုပ်လုပ်နေချိန် လူအင်အား ၆ ယောက်နဲ့ ဝင်ပစ်သွားတာပါ။ ဖုန်းနှစ်လုံးနဲ့ ဆိုင်ကယ်တစီးကို ယူသွားတယ်။ ဝင်ပစ်သွားတဲ့အဖွဲ့က လက်နက်ကိုင်အဖွဲ့တခုပါပဲ။ ဘယ်အဖွဲ့လဲတော့ မသိဘူး" ဟု မုံရွာဒေသခံ တဦး က ပြောပါတယ်။

ဂန့်ဂေါမှာ ဓါးစားခံ ရွာသား ၄ ဦးကို သတ်သွားသလို နေအိမ် ၁ လုံးလည်း မီးရှို့ဖျက်ဆီးခံရ

“ သူတို့တွေဘယ်လိုအဖမ်းခံလိုက်ရပြီး သတ်ဖြတ်ခံလိုက်ရလဲဆိုတာတော့ ကျနော်တို့လည်း တိတိကျကျမသိရသေးဘူး။ ဒီနေ့လည်း မီးရှို့ခံရတဲ့ အိမ်က ဘယ်သူ့အိမ်လဲဆိုတာတော့ မသိရှိရသေးပါဘူး။ စစ်ကောင်စီတပ်ဖွဲ့တွေကလည်း ရှုံးရှီးရွာမှာ တညအိပ်စခန်းချမဲ့ပုံပေါ်တယ်။ အခုချိန်ထိရွာထဲကနေ မထွက်ရသေးဘူး ”

မင်းအောင်လှိုင် ယုံကြည်ရမယ့်သူ မရှိသေးလို့ ကစထ ၆ ဒုဗိုလ်ချုပ်ကြီးနေရာ လစ်လပ်နေဟု တပ် CDM များပြော

" နောက်တခုက ကစထမှူးတွေက ရုံးအမှတ် ၁ မှာ တပ်ချုပ် မင်းအောင်လှိုင်နဲ့ ဘေးချင်းယှဉ်ပြီး ရုံးတက်ရတာမျိုးဆိုတော့ ဒီနေရာကို တော်ရုံ ဗိုလ်ချုပ်ကို သူအစားမထိုးချင်တာကြောင့် သူယုံရမယ့်သူမတွေ့သေးတာကြောင့်လို့ ပြောလို့ရတယ် ။ နောက်ပြီး ကျနော်တို့သိထားတာက ဒီကာလမှာ ဒုဗိုလ်ချုပ်ကြီးအဆင့်တိုးရဖို့ကို ဗိုလ်ချုပ်ကြီး ၂ ဦးကထောက်ခံမှ တိုးပေးတယ်လို့ သိရတယ် "

ချောင်းဦးမြို့နယ်အခြေစိုက် Area 71 PDF ရဲဘော် ၃၀ ကျော် တိုက်ခိုက်ရေးအထူးသင်တန်းဆင်း

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အခြေစိုက် Area 71 PDF က တပ်ဖွဲ့ဝင်အမျိုးသား၊ အမျိုးသမီး ၃၅ ဦးကို တိုက်ခိုက်ရေးအထူးသင်တန်းပို့ချနေပြီး သြဂုတ် ၉ ရက်မနက်မှတော့ သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အခုအထူးသင်တန်းကို တပ်ဖွဲ့အတွင်းထဲက PDF အမျိုးသား ၂၉ ဦးနဲ့ အမျိုး သမီး ၆ ဦးရွေးချယ်ပြီး ရက်ပေါင်း ၂၀ ကျော်ကြာပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ Area 71 People Defense Force မှ ပြန်ကြားရေးတာဝန်ခံအိုတီ က ပြောပါတယ်။

စစ်ကောင်စီနဲ့အကျိုးတူ ၀မ်ပေါင်၊ ယန်စီကုမ္ပဏီတို့ ချက်ချင်းရပ်ဖို့ ဒေသခံသပိတ်အဖွဲ့များ သတိပေးစာထုတ်

"သူတို့ဘက်က ပိုဆိုးလာတာက ရွာတွေဖျက်ဆီး၊ မီးရှို့တယ်၊ သတ်ဖြတ်တယ်။ ခုပိုဆိုးတာက ပြည်သူလူထုရဲ့ လယ်မြေတွေ အိမ်တွေကို ယာမြေတွေကို သိမ်းပစ်လိုက်တယ်။ သိမ်းပြီးအစိမ်းရောင်ခြံစည်းရိုးတွေ ခတ်ပစ်လိုက်တာ။ အတင်းအဓမ္မခုလိုလုပ်လာလို့ အသံထွက်ရခြင်းပဲ ဖြစ်ပါတယ်။"

စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်း ၁၁ လုံးဆွဲခံရလို့ သေဆုံးမှုများဟုဆို

"ရွာတောင်ပိုင်း ကားလမ်းဘေး လမ်းဆုံနားမှာ သူတို့လာရင် ရှောင်မလွတ်အောင် မိုင်းကွင်းဆင်ထားတာ။ သူတို့လာတာကိုလည်းမြင်ရော သေချာမိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ မျက်မြင်မှာကို တော်တော်များများ လဲကျသွားတာ တွေ့လိုက်ရတယ်။ ထိခိုက်သေဆုံးက တော်တော်များတယ်"

စဥ့်ကိုင်ပကဖနဲ့ ယက္ခညီနောင်အဖွဲ့ပေါင်းပြီး လက်ပစ်ဗုံးထုတ်လုပ်

"ကုန်ကြမ်းပစ္စည်းလုံလောက်ရင် တနေ့ကို လက်ပစ်ဗုံး ၁၅ လုံးနဲ့အထက်ထုတ်လုပ်နိုင်ပြီး ကုန်ကြမ်းရှာဖွေရ လွယ်ကူသလို ထုတ်လုပ်ရာမှာလည်းခက်ခဲမှုမရှိဘဲ ထုတ်လုပ်နိုင်ပါတယ်။ လက်ရှိအချိန်အထိ အလုံးရေ ၉၀ ထုတ်လုပ်ထားပါတယ်"

စစ်ကောင်စီတပ်စွဲနေတဲ့ ငါန်းဇွန်က ပျူစောထီးစခန်း တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

"ဗုံးသီး ၆ လုံးချတာမှာ ၄ လုံးပဲကွဲတယ်။ ကျန် ၂ လုံးက မကွဲလိုက်ဘူး။ စစ်သားတကောင်နေရာမှာတင် ပွဲချင်းပြီးသေသွားတာကို ဒရုန်းက မြင်ရတယ်။ ဒဏ်ရာရတဲ့ကောင်တွေလည်း များနိုင်တယ်။ ပျူရွာဆိုတော့ ဒဏ်ရာရအရေအတွက်တွေကို မသိနိုင်ဘူးဗျ"

ကျောက်တံခါးတိုက်ပွဲ စစ်ကောင်စီ ၃၀ ကျော်သေ၊ လက်နက်တွေပါ သိမ်းဆည်းရမိ

"အဲ့ဒီဘက်ဒေသမှာ နှစ်ဘက်စစ်ရေးဆိုင်နေတဲ့ အခြေအနေမှာရှိတယ်။ မနေ့က တိုက်ပွဲက ရွာပြင်မှာ ဖြစ်တာမျိုးပါ။ ကျနော်တို့တပ်တွေဘက်ကတော့ ရွာပြင်မှာ ကာထားရာကနေ သူတို့လာတော့ တိုက်ပွဲဖြစ်တယ်။ နှစ်ဘက်ထိခိုက်ကျဆုံးရှိတယ်။ စကစဘက်ကတော့ သေဆုံးများတယ်"

ပုလဲမြို့နယ် တနယ်ရွာက ပကဖ ဒုခေါင်းဆောင် ပစ်ခတ်ခံရလို့ သေဆုံး

“ကိုသက်က လူမှုရေးကိစ္စတခုနဲ့ ပန်းရွာကိုလာတယ်။ ပန်းရွာကနေပြန်လာတဲ့အချိန် တနယ်ရွာရဲ့ အရှေ့ဘက် လှည်းလမ်းကြားအကွေ့လေးမှာ သူကိုလုပ်ကြံသွားတာ။ သူ့ကိုလုပ်ကြံတဲ့ သူတွေက ရွာသားတွေပြောကြားချက်အရ အမဲဝတ်စုံတွေဝတ်ထားကြတယ်။ နှစ်ယောက်လုံးက သေနတ်တွေ ကိုင်ထားကြတယ်”

ဆက်ကြေးတောင်းနေတဲ့ ကမ္မရဲစခန်းက စစ်သားနဲ့ရဲတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

"ရဲစခန်းရှေ့က ဘန်ကာ သုံးလေးလုံးနဲ့ လမ်းသွားလမ်းလာ ပြည်သူကားတွေကို ဆက်ကြေးတောင်းပြီး ဒုက္ခပေးနေလို့ ကျနော်တို့က သွားရောက်တိုက်ခိုက်ခဲ့တာ။ အဲ့ဒီဘန်ကာထဲမှာက ရဲနဲ့စစ်သားတွေနေတာပါ။ အဖွဲ့ ၁၀ ပေါင်းပြီးသွားပစ်တာ။ ကျနော်တို့က ရိုင်ဖယ်နဲ့ ပထမဆုံးပစ်ပြီး ပြီးမှလက်နက်ငယ်တွေနဲ့ပစ်ခဲ့တာ။ ရိုင်ဖယ်နဲ့ပစ်ခတ်ခဲ့တာ ၂ ယောက်လဲကျသွားတာ တွေ့ရတယ်။ သေလားရှင်လားတော့ ကျနော်တို့ စုံစမ်းနေပါတယ်။"

မိုးစပါးအတွက် လယ်ထွန်စက် ငှားရမ်းခနှုန်းများ ယခင်ထက် ၂၀၀၀၀ ခန့်မြင့်တက်

“အရင်နှစ်ကထက်ကို ဈေးတက်သွားတော့ စိုက်ပျိုးစရိတ်ပိုကြီးသွားတာ။ စပါးစိုက်ဖို့ထွန်ယက်တဲ့အခါမှာ လယ်တဧကို တစပ်(တကြိမ်)ထွန်ယက်ရတဲ့ လယ်တွေရှိသလို ၂ စပ်ထွန်ယက်ရတာတွေလည်းရှိတယ်"

ပဲခူး ရေဘေးသင့်ပြည်သူ ၃၀၀၀ ကျော်ရှိလာ၊ ကယ်ဆယ်ရေးစခန်း ၁၂ ခုဖွင့်ထားရ

"၈ ရက်နေ့ ညပိုင်းကတည်းက ရေတက်လာတာ ခု ၁၀ ရက်နေ့ မနက်ပိုင်းထိ ပြန်မကျဘဲ ထပ်တိုးလာနေတယ်။ ရွှေ့ပြောင်းလာရတဲ့မိသားစုတွေလည်း ပိုများလာတယ်။ ရေကထပ်တက်လာနေတော့ ရွှေ့ပြောင်းရမယ့်မိသားစုတွေကတော့ ထပ်ပြီးများလာနိုင်မယ့်သဘောရှိတယ်"

ခင်ဦးနယ်၊ ရွာသန်းရွာအချုပ်ထောင်စီးနင်းခံရလို့ ပျူစောထီး ၂၀ ဦးခန့်ပြန်လွတ်

"သြဂုတ်လ ၈ ရက်နေ့ညပိုင်းက အပျောက်ဖျောက်ပြီး အချုပ်ထောင်ကို ဝိုင်းထားတယ်။ ဘယ်သူမှ မသိလိုက်ဘူး။ ၉ရက်နေ့ မနက်၅နာရီလောက်မှာ ပစ်ခတ်ပြီးထောင်ကိုဝင်စီးလိုက်တာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10