ညောင်လေးပင်ခရိုင်ထဲက ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ၂ ပတ်အတွင်း ၂ ကြိမ် မိုင်းခွဲခံရ
"ရထားလမ်းကတော့ ခဏခဏ မိုင်းခွဲခံရလို့အထူးအဆန်းတော့မဟုတ်တော့ဘူး။ ခရီးသွားတွေမထိတာဘဲ ကံကောင်းတယ်ပြောရမယ်"လို့ ဒေသခံတဦးကပြောပါတယ်။
"ရထားလမ်းကတော့ ခဏခဏ မိုင်းခွဲခံရလို့အထူးအဆန်းတော့မဟုတ်တော့ဘူး။ ခရီးသွားတွေမထိတာဘဲ ကံကောင်းတယ်ပြောရမယ်"လို့ ဒေသခံတဦးကပြောပါတယ်။
“ကျနော်တို့ သတင်းရရှိတဲ့အတွက် သွားရောက်ပြီး ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ စကစ အဖွဲ့ဝင်တယောက်သေဆုံးသွားတာကိုတော့ ကျနော်တို့လုံးဝကို အတည်ပြုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ပစ်ခတ်မှုကလည်း အနီးကပ်ပစ်ခတ်ခဲ့တာဖြစ်တဲ့အတွက် ဒီဖြစ်စဉ်က သေချာမှန်ကန်ပါတယ်” လို့ ပစ်ခတ်မှုမှာပါဝင်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
"သူတို့လက်ထဲမှာ သစ်က မရှိဘဲ ဘာသစ်နဲ့ရောင်းမလဲ။ ပြီးတော့ သူတို့ ရောင်းမယ့်စျေးက ပြည်ပပို့တဲ့ စျေးဖြစ်နေပြီ။ ဘယ်သူက ဝယ်နိုင်မလဲ။ ဓားပြတိုက်သလိုဖြစ်နေပြီ" လို့ ဒေသခံသစ်စက်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
ကမ်ပိန်းရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ စစ်ဒဏ်ကို အလူးအလည်းခံနေရတဲ့ အညာဒေသပြည်သူတွေအတွက် စစ်ကောင်စီလက်အောက်ခံမှန်သမျှကို ကြမ်းတမ်းတဲ့တိုက်စစ်တွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့ ဗျူဟာတွေနဲ့ ထိထိရောက်ရောက် တိုက်ခိုက်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
မင်းကင်းမြို့နယ်၊ တောင်ကုန်းကျေးရွာက ဒေါ်သိန်းမြကို အဓမ္မပြုကျင့်မှု ၃ ကြိမ်ကျူးလွန်းခဲ့ တယ်လို့ ဒေါ်သိန်းမြရဲ့ တူဖြစ်သူက တိုင်ကြားတဲ့အတွက် တရွာတည်းနေ အသက် ၄၀ အရွယ် ဦးဝင်းရွှေကို အောက်တိုဘာ ၁၃ ရက် ည ၁၁ နာရီအချိန်မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မင်းကင်း PDF တပ်ရင်း ၃ မှ တပ်ရင်းမှူးဗိုလ်နောင်ရိုးက ပြောပါတယ်။
အောက်တိုဘာ ၂၅ ရက် မနေ့က မန္တလေးမြို့ဘက်ကနေဆန်တက်လာတဲ့ စစ်ကောင်စီသံခွန်သင်္ဘောဟာ မတ္တရာမြို့နယ်က ငယ်တိုးကျေးရွာနဲ့ သဖန်းထောင့်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ညနေပိုင်းမှာ စဥ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာ၊ ဟင်္သာမကျေးရွာနဲ့ သဲအင်းကျေးရွာတို့ကို ဝင်ရောက်မီးရှို့ခဲ့တာလို့သိရပါတယ်။
"ဖမ်းခေါ်ခံရတဲ့ ရွာသားတွေက ဘယ်ရွာတွေကဆိုတာ မသိရသေးဘူး။ သတ်ထားခဲ့တဲ့ ၂ ယောက်ကတော့ သိရပြီ။ သတ်ခံရတဲ့ ၂ ယောက်က သက်ကြီး ပိုင်းတွေ" လို့ ပေါက်ဒေသခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။
အောက်တိုဘာ ၂၆ ရက် ဒီနေ့ မနက် ၆ နာရီ ၄၅ မိနစ်လောက်မှာ ညောင်ပင်ကြီးရဲစခန်းကနေ အင်အား ၇ ယောက်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားဟာ ညောင်ပင်ကြီး ဇတ်ဆိပ်အရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ တွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးသွားသလို G3 ၁ လက် ကျည်ဘောက် ၁ ခု၊ ၇.၆၂ ကျည်ထောင့် ၇ တောင့်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
"မိုးရွာတာ ၅ ရက်ရှိပြီ။ တောတန်းတွေထဲမှာ နေကြတာများတယ်။ အလုပ်လုပ်နေရင်းနဲ့ ထွက်ပြေးလာတော့ ဘာမှကိုမသယ်နိုင်ခဲ့ဘူး။ အမိုးအကာနဲ့ စားဖို့ လိုအပ်နေပါတယ်" လို့ ရေခါးရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။
“သတင်းပေးပို့ချက်ရလို့ ဝင်ရောက်စီးနင်းတာ၊ သူ(ဘန်ဘန်)အပါ ၂ ယောက်ပဲရှိတာ။ ဒီကောင်တွေရှိ မှန်းသိလို့ စစ်ရင်း၊ပစ်ရင်းနဲ့ဝင်တာ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။
"သင်္ဘောလာပြီဆိုကတည်းက ဒေသခံတွေကတော့ ပြေးကြတာ။ ရွာထဲအခြေအနေကို အသေးစိတ် မသိရသေးဘူး။ အခုမီးရှို့နေပြီ"
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းမှာ အောက်တိုဘာ ၁၉ ရက်ကနေ ၂၄ ရက်အထိ ဖြစ်ခဲ့တဲ့ ၆ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင်မြို့နယ်ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။
"လမ်းမှာကာကွယ်ရေးအဖွဲ့တွေက ကားကိုစစ်ဆေးဖို့တားတဲ့အချိန်မှာ မရပ်ဘဲ မောင်းပြေးတယ်လို့ သိရတယ်။ အဲ့ဒီအချိန်မှာ ပစ်ခံရတာတဲ့။ ဘယ်အဖွဲ့ကလုပ်တာလည်းတော့ မသိရပါ"
"ဖျားနေသူ အရေအတွက်ကို မသိရသေးဘူး။ ဖျားနေသူတွေက ရွာကနေပါလာတဲ့ ဆေးတွေ သောက်နေရတယ်။ စခန်းမှာက ဆေးမရှိသေးဘူး။ မိုးကလည်း မစဲသေးဘူး"
ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ကံတင်ဘီးလင်းဆည်အတွင်း နေထိုင်တဲ့ ပြည်သူတွေကို စစ်ကောင်စီက နှင်ထုတ်ပြီး ပြည်သူပိုင် စက်လှေအချို့ကို သိမ်းယူနေလို့ ပြောင်းရွှေ့နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။