သတင်းတို

အုတ်ဖိုမှာ အုပ်ချုပ်ရေးမှူးတဦး ရှင်းလင်းခံရ

"အလှူကနေ ပြန်လာချိန် ပစ်သတ်ခံရတယ်လို့တော့ သိရတယ်။ သူက စကစခန့်အုပ်ကြီးဆိုတော့ စကစ ခိုင်းတာမှန်သမျှ လုပ်တယ်"

ဘီးလူးစစ်ကြောင်း လက်ကျန်စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေ ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ရွှေလှံရွာအနီးမှာ ဘီးလူးစစ်ကြောင်းက လက်ကျန်စစ်သားတွေကို ကာကွယ်ရေးအဖွဲ့တွေက အောက်တိုဘာ ၂၈ ရက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ Myingyan Black Tiger(MBT) အဖွဲ့ဆီက သိရပါတယ်။

MDF ရဲဘော်တွေရဲ့ တော်လှန်သီတင်းကျွတ်

"ရဲဘော်တွေ ပြန်ချင်ကြတယ်။ ဒေသတွင်းထဲက ရဲဘော်တွေကတော့ ရက်တိုခွင့်နဲ့ပြန်ရလို့ ပျော်ကြတယ်။ တချို့လမ်းကြောင်းတွေနဲ့ နယ်လွန်နေကြတဲ့ရဲဘော်တွေ၊ ရပ်ဝေးက ရဲဘော်တွေကတော့ အိမ်မပြန်ရလို့ ဖုန်းနဲ့ဆက်ကန်တော့တာမျိုး လုပ်ကြရတယ်။ အင်တာနက်မရတော့ Video call လည်း ခေါ်မရတဲ့အခြေအနေပါ"

စစ်ကောင်စီစစ်ကြောင်း ၂ ရက်ဆက် တိုက်ခိုက်ခံရလို့ အရာရှိ ၁ ဦးအပါ ၃၀ ဦးသေဆုံးဟုဆို

“အဲ့ဒီနေ့တိုက်ပွဲမှာ သူတို့ဘက်ကလွှတ်ပေးလိုက်တဲ့ ပြည်သူ ၄ ဦးရှိတယ်။ အသက်အရွယ်အိုမင်းတဲ့ အဖိုးကြီးတွေပြောပြချက်အရ တိုက်ပွဲဖြစ်တဲ့နေရာမှာတင် ပွဲချင်းပြီး ၁၀ ယောက်သေဆုံးတယ်။ ဒဏ်ရာပြင်းထန်သူတွေ ရှိတယ်လို့လည်း သိရတယ်။ တိုက်မိုင်းထိတုန်းက သေဆုံးတာနဲ့ဆိုရင် စုစုပေါင်း ၃၀ ကျော်တယ်လို့ ကျနော်တို့သိရပါတယ်”

ဦးပိန်တံတား ကျိုးကျလို့ လူ ၂၃ ဦးဒဏ်ရာရ

"ဒီနေ့က လပြည့်နေ့ဆိုတော့ လာရောက်လည်ပတ်သူတွေက များတော့ လူဝိတ်ကို မခံနိုင်ဘဲ ကျိုးကျသွားတယ်။ ကျတဲ့ အချိန်က လူ ၅၀ လောက်ရှိမယ်"

မင်းလှက စစ်သားစုဆောင်းရေးတာဝန်ခံဗိုလ်ကြီးကို PDF က ပစ်ခတ်ရှင်းလင်း

" သူ့မယားငယ်အိမ်ကိုသွားတာမှာ စောင့်ပြီးပစ်တာ။ ခေါင်း တချက်၊ ကိုယ်လုံး လေးချက် ပစ်ခဲ့တာပါ။ နေရာမှာပွဲချင်းပြီးပဲ။ အလောင်းကို ဘယ်သူလာသယ်တယ်ဆိုတာတော့ မသိဘူး"

ယင်းမာပင်ခရိုင် အမှတ် ၂၁ တပ်ရင်းက ကျဆုံးရဲဘော်ကို သင်္ဂြိုဟ်ပြီးစီး

“မိုင်းစထိမှန်ကာ လက်နဲ့ခြေတွေမှာ ဒဏ်ရာရပြီးနေရာမှာပဲ ကျဆုံးခဲ့တာပါ။ ခမ်းခမ်းနားနား သင်္ဂြိုဟ်ခဲ့ပါတယ်"

ဟန်ငြိမ်းဦးတယ်လီဂရမ်မှာ ဖော်ပြခံရပြီးနောက် ၀န်ကြီးဟောင်း ဦးရဲထွဋ် ဖမ်းဆီးခံရ

"ဦးရဲထွဋ်ကို အခု အင်းစိန်ထောင်မှာ ဖမ်းထားတယ်။ ပုဒ်မကတော့ ၅၀၅(က)နဲ့ပါ။ ကနဦးတော့ စစ်ဆေးနေတုန်းပဲ"လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက မြေလတ်အသံကို ပြောပါတယ်။

PDF တွေပြုလုပ်တဲ့ စစ်အာဏာသိမ်းမှု ရက် ၁၀၀၀ ပြည့် ဆီမီးသပိတ်

"အွန်လိုင်းပေါ်မှာ ဂယက်မျိုးစုံဖြစ်နေကြတယ်။ ဒါတွေကို စိတ်ဝင်စားပြီး ပြည်သူတွေ သွေးအေးသွားမှာစိုးတယ်။ တော်လှန်ရေးမှာ သွေးအေးမသွားဖို့ ဆီးမီးသပိတ်ပြုလုပ်ခဲ့တာပါ"

PDF ထောက်ခံတယ်ဆိုပြီး စစ်တပ်က ရွာကိုမီးရှို့၊ ကာကွယ်ရေးအဖွဲ့တွေ မီးငြှိမ်းပေးလို့ အိမ်အလုံး ၂၀ ခန့်သာ ပျက်စီး

“ကာကွယ်ရေးဘက်ကို ထောက်ခံလို့ဆိုပြီး ရွာကိုမီးရှို့တာ။ ဆန်တွေကိုလည်း ရွာထဲက လမ်းပေါ်မှာသွန်ချခဲ့တယ်။နေ့လယ်ချိန်လောက်ထိ ရွာထဲမှာတပ်စွဲထာပြီးမှ မီးရှို့သွားတာ”

မပေါက်ကွဲသေးတဲ့ ဗုံးသီးအဟောင်းကို ကိုင်မိရာက ပေါက်ကွဲမှုဖြစ်လို့ ကလေးတဦး ဒဏ်ရာပြင်းထန်

" ညာဘက်လက် ပြတ်သွားတယ်။ မျက်နှာညာဘက်ခြမ်းနဲ့ ခြေထောက်နှစ်ဖက်ပါ ဒဏ်ရာပြင်းထန်ရခဲ့တာ အသက်လုပြီးတော့ ကုသခဲ့ရတယ် "

ပဲခူး၊ ပြည်၊ မကွေးနဲ့ မန္တလေးတို့မှာ ညမထွက်ရအမိန့်တွေကို ပယ်ဖျက် (ရုပ်/သံ)

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ ပြည်မြို့အပြင် မန္တလေး၊ နေပြည်တော်နဲ့ ရန်ကုန်တိုင်းက မြို့နယ်အချို့ကို ညမထွက်ရအမိန့် ပယ်ဖျက်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖြူးမြို့နယ်မှာ အမျိုးသား ၁ ဦးကို PDF ဆိုပြီး စစ်ကောင်စီပစ်သတ်

" သေနတ်လည်းပါတယ်လို့ စကစဘက်က တင်ထားတာဆိုတော့ သေနတ်ပါရိုးမှန်ရင် သေနတ်ပုံအရဆို UG အဖွဲ့ဝင်တဦးဖြစ်နိုင်တယ်။ အဲ့လိုမှ မဟုတ်ရင် ရွာသားကို PDF ဆိုပြီး ပစ်သတ်တာလည်းဖြစ်နိုင်တယ်"

အကျဉ်းသားတိုင်းခံစားခွင့်ရှိတဲ့ ထောင်ဝင်စာတွေ့ခွင့်ကို NLD ထိပ်သီးပိုင်းနဲ့ ပါတီဝင်တွေမရကြ

" NLD ပါတီဝင်တွေ ဝန်ကြီး၊ အမတ်နဲ့ ကျနော်တို့ရဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ အမေဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် နိုင်ငံ့ခေါင်းဆောင် တော်တော်များများကို မိသားစုဝင်တွေနဲ့ ဧည့်တွေ့ခွင့်ပေးတယ်ဆိုတာ ကျနော်တို့အနေနဲ့ မကြားရသေးဘူး။"

အမြန်လမ်းမှာ ကားမောင်းရင်း ဖုန်းလှည့်ယူရာမှ ကားမှောက်လို့ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

" သိရသလောက်က ယာဥ်မောင်းက ကားမောင်းနေရင်းကနေ သူ့ဖုန်းလာလို့ ကားပေါ်ပါတဲ့ သူ့အဖော်က ဖုန်းလှမ်းပေးတာကို လှည့်ယူလိုက်တာမှာ ဘေးအကာကိုတိုက်ပြီး မှောက်သွားတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10