ဘုတလင်မှာ တိုက်ပွဲဖြစ်ပြီး PDF တပ်စိတ်မှူး ၁ ဦးသေဆုံး
သေဆုံးသူမှာ မုံရွာခရိုင်အမှတ် ၁၃ တပ်ရင်းမှ အသက် ၂၀ အရွယ် တပ်စိတ်မှူး စည်ကြီး ဖြစ်ပြီး တိုက်ပွဲအတွင်း ကျည်ထိမှန်ခဲ့တာလို့ ဆိုပါတယ်။ "စစ်ကြောင်းရှိတာကြောင့် ရဲဘော်ကို မနေ့ကပဲ ချက်ချင်းသင်္ဂြိုလ်လိုက်ရပါတယ်" လို့ မုံရွာခရိုင်အမှတ် ၁၃ တပ်ရင်းမှ ရဲဘော်တဦးက ပြောပါတယ်။