Nan Khan

မြင်းခြံမှာ နေအိမ် ၁၀၀ ကို စစ်တပ်ကမီးရှို့၊ အဖွားတဦးလည်း မီးလောင်သေဆုံး

"လက်နက်တွေလည်း ပစ်ဖောက်ရော ရွာသားတွေ ကြောက်လန့်ပြီထွက်ပြေးကုန်တာ တချို့ဆို အဝတ်တထည်ကိုယ်တခုနဲ့ပဲထွက်ပြေးကြတာ။ မီးထဲမှာ တယောက်ကဆုံးသွားတယ်။ ကျန်တယောက်က မသန်စွမ်းဖြစ်နေတဲ့ အသက် ၃၅ နှစ်အရွယ် ကိုခင်မောင်ဌေး ကိုတော့ မီးထဲကကယ်ထုတ်နိုင်ခဲ့ပေမဲ့ အခုချိန်ထိစကားမပြောနိုင်တော့သလို အသက်ရှူတာတွေလည်းမောနေတယ်”

စစ်အုပ်စုက အမျိုးသား ၂ ဦးကိုဖမ်းဆီးသတ်ခဲ့ပြီး ဒေသခံ ၁၅ ဦးကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီး

“ဆုံးသွားတဲ့အမျိုးသား ၂ ဦးက ရွှေဘိုကနေ ပြန်လာပုံပေါက်တယ်။ သူတို့ပြန်လာတဲ့အချိန် စစ်ကြောင်းနဲ့တိုးတယ်။ အဲ့ဒီကနေစစ်တော့ ဆိုင်ကယ်ဘောက်ထဲက မိုင်းကိုတွေ့သွားတော့ ခွေးတွေကိုချည်တဲ့ သံကြိုးတွေနဲ့ လည်ပင်းနဲ့ လက်တွေကိုချည်သွားတယ်။ တောထဲရောက်တော့ တယောက်ကိုတော့ နဖူးနဲ့ရင်ဘတ်ကို ပစ်သတ်သွားတယ်။ ကျန်တယောက်ကိုတော့ မျက်လုံးနဲ့ ခေါင်းကို ပစ်သတ်သွားတယ်”

စစ်ကောင်စီတပ်တွေက ယနေ့နံနက်အစောပိုင်းမှာ အရာတော်နယ်က ကျေးရွာတရွာကို မီးတင်ရှို့သွား

“မနေ့ကဖမ်းသွားတဲ့ရွာသားတွေကို သူတို့ကပြောတယ် ငါတို့က အထက်အမိန့်အရ နယ်လှည့်တာ ငါတို့ကိုတော်လှန်ရင်တရွာလုံးကို မီးတင်ပစ်မှာဆိုပြီး ပြောတယ်။ မနေ့ကပစ်ခတ်မှုကလည်း လက်နက်အင်အားမမျှလို့ ကာကွယ်ရေးအဖွဲ့တွေ ပြန်ဆုတ်လိုက်ရတယ်။ သူတို့ကရွာတောင်ပိုင်းဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ ဘုန်းကြီးတွေရဲ့ဖုန်းတွေကိုလည်သိမ်းထားတယ်။ မနေ့က သူတို့လက်နက်ကြီးတွေနဲ့ပစ်လို့ ရွာထဲက အမျိုးသားနှစ်ဦး လန့်ပြီးဆုံးသွားတယ်။ အသက်ကြီအဖွားတဦးလည်းရွာထဲမှာကျန်နေခဲ့တယ်”

မြို့ပြ UG တွေရဲ့ တည်နေရာကို သတင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ (ရုပ်/သံ)

"ဘိုမြင့်နဲ့ သူ့မိန်းမ အပြင်သွားဖို့ ပြင်နေချိန်မှာဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ ဘိုမြင့်ရဲ့ခေါင်းကို သေနတ်နဲ့ပစ်ခဲ့ပါတယ်။ ဘိုမြင့်က သူ့ရပ်ကွက်ကသူတွေကို ဆဲဆိုတာတွေလုပ်တယ်။ ဧည့်စာရင်းတွေလာတင်ရင်လည်း ငွေကြေးတွေ အဆမတန်ကောက်တယ်။ သူ့ကြောင့်ဖမ်းခံရတဲ့ UG တွေလည်းရှိတယ်”

အရပ်ဝတ်နဲ့ကွမ်းယာလာဝယ်တဲ့ ရဲတပ်သား ၂ ဦး ပစ်ခတ်ခံရလို့ တဦးသေဆုံး

“အဲဒီစခန်းထဲကရဲတွေက နေ့တိုင်းဆိုသလိုရွာထဲကိုလာပြီးအရက်၊ ကွမ်းယာတွေ လာဝယ်တာမျိုးတွေ လုပ်တယ်။အဲဒီနေ့ကလည်း သူတို့ကွမ်းလာဝယ်တုန်း အလစ်အငိုက် ပစ်ခတ်ခဲ့တာပါ။ ထိသွားတဲ့တ ယောက်က ရင်ဘတ်ကိုထိသွားတာ ကျန်တဲ့တယောက်ကတော့ လွတ်သွားတယ်”

မုန်တိုင်းအလွန် ပျက်စီးသွားတဲ့လမ်းတွေကို တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေ ကိုယ်ထူကိုယ်ထ ပြုပြင်

“ယင်းမာပင်နယ်ထဲမှာပဲ မိုခါကြောင့်ပျက်စီးသွားတဲ့ တံတားတွေ၊ လမ်းတွေကို ပြင်ပေးဖြစ်တာပါ။ တံတားကိုလည်း မေ ၁၉ ရက်နေ့မှာ ပြင်လိုက်တယ်။ တော်လှန်ရေးကာလဖြစ်တော့ တံတားကို အပြီးစီးပြီးသွားတာမျိုးတော့မဟုတ်ပေမဲ့ ကြားထဲမှာ သွားလာဖို့အဆင်ပြေအောင် ကျနော်တို့နဲ့ဒေသခံတွေရဲ့ မတည်ငွေနဲ့ ပြန်လည်ပြုပြင်ခဲ့ကြတာပါ။ ဘယ်ပရဟိတအဖွဲ့တွေမှ လာရောက်ကူညီပေးတာမျိုးတော့မရှိပါဘူး ”

မီးရှို့ခံရတဲ့ အညာဒေသက ပြည်သူတွေ မှတ်ပုံတင်မရှိလို့ ဖုန်းဆင်းကဒ်မှတ်ပုံတင်ရန် အခက်ဖြစ်နေ

"တချို့ပြည်သူတွေဆိုရင် စစ်ကြောင်းလာရင် ထွက်ပြေးကြရတယ်။ ပြေးရင်း စကစတွေနဲ့တွေ့လို့ သူတို့ရဲ့ အထုပ်လေးတွေကို လုယူသွားတဲ့အခါ မှတ်ပုံတင်တွေပါ ပါသွားကြတာ။ နောက်ပြီး မီးရှို့လို့ နေအိမ်တွေ မီးလောင်တဲ့အထဲမှာ မှတ်ပုံတင်တွေ၊ အိမ်ထောင်စုစာရင်းတွေနဲ့ အခြားအရေးကြီး စာရွက်စာတမ်းတွေပါ ပါကုန်တယ်။ ဘယ်လိုဆက်လုပ်ရမလဲဆိုတာတော့မသိတော့ပါဘူး"

ထိတွေ့ပစ်ခတ်မှုမရှိဘဲ ပေါက်က နေအိမ်တွေကို စစ်တပ်ကမီးရှို့ဖျက်ဆီး

“မီးထဲပါသွားတဲ့အိမ်ခြေကတော့ အတိအကျမသိရသေးဘူး။ ရွာသူရွာသားတွေကတော့ အဆင်ပြေလောက်တဲ့ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်။ အခုအချိန်ထိလည်း ရွာထဲကို မဝင်ရဲသေးဘူး၊ ဘာလို့လဲဆိုတော့ ရွာနဲ့ ပျူစောထီးရွာက ချောင်းတချောင်းပဲခြားတာ”

PDFနဲ့ ပစ်ခတ်မှုဖြစ်ပြီးနောက် ပဒူကျေးရွာကို စစ်တပ်က လေကြောင်းနဲ့တိုက်ခိုက်

"ရွာထဲကို လေယာဉ်နဲ့လာကြဲသွားတာ။ ထိခိုက်ပျက်ဆီးမှုတွေတော့ ရှိလိမ့်မယ်။ ဘယ်လောက်ထိ ဘာတွေပျက်ဆီးသွားလဲ ဆိုတာတော့ အတိအကျမသိနိုင်သေးဘူး။ ရွာထဲလည်း ဘယ်သူမှ ဝင်လို့မရသေးဘူး။ ထိတွေ့ပစ်ခတ်မှုတွေကလည်း မငြိမ်သေးတော့လေ"

ခင်ဦးနယ်၊ ကံသစ်ရွာက နေအိမ် ၁၇၀ ကျော်ကို စစ်တပ်ကမီးရှို့

“မနေ့က ညနေပိုင်း ကံသစ်ကို မီးရှို့နေတဲ့အချိန် ခင်ဦးဒေသခံရဲဘော်တွေက ၂ ဆင့်ကွဲလက်နက်ကြီးတွေနဲ့ အဝေးကနေ လှမ်းထုခဲ့ကြတယ်။ စခ အသေအပျောက်ရှိတယ်။ ဒဏ်ရာရတဲ့ သူတွေလည်းရှိတယ်”

ကန့်ဘလူနယ်က ဆူးတပ်ရွာကို စစ်တပ်က ဒုတိယအကြိမ်မီးထပ်ရှို့

“နေအိမ်က ၁၅ လုံးလောက် မီးလောင်သွားတယ်လို့ကြားတယ်။ အခုချိန်ထိ ရွာထဲကို ပြန်မဝင်ရသေးဘူး၊ ဖမ်းဆီးခံရတဲ့ပြည်သူတွေ ရှိလား၊မရှိလားဆိုတာတော့ မကြားသေးဘူး၊ မနေ့ကဆူးတပ်ရွာကို မီးရှို့ပြီးပြန်ထွက်ချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှုတွေဖြစ်သေးတယ်။ ထိခိုက်ကျဆုံးမှုတွေတော့ မသိရဘူး”

တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်လို့ စေတီနဲ့ဘုန်းကြီးကျောင်းဆောင်တချို့ ပျက်စီး

“သူတို့(စကစ)နေရာနဲ့ မုံရွာတောင်နယ်ရွာက ၁ မိုင်ကျော်လောက်ပဲရှိတယ်။ အရင်ကလည်း အခုလို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်တယ် ထိခိုက်တာတွေတော့မရှိခဲ့ဘူး။ ဒီတခါမှ ၂ လုံးပစ်တာ ဘုန်းကြီး ကျောင်းကိုထိသွားတယ်။ လူတော့မထိဘူး။ သူတို့က စိတ်မကြည်ရင်မကြည်သလိုပစ်တာ”

ရွှေဘိုမှာ စစ်တပ်က ရွာကိုမီးရှို့ပြီး ရွာသား ၅၀ ကိုလည်း လူသားဒိုင်းအဖြစ်ဖမ်းဆီး

“အဲဒီစကစတွေက ညောင်ပင်သာရွာမှာ အထိုင်ချထားတာ ၉ ရက်လောက်ရှိပြီ။ တပ်စွဲထားတဲ့ ကြားထဲမှာ ရွှေဘိုကနေကားနဲ့လာပြီး တပ်ဖြည့်ထားတာတွေလည်းရှိတယ်။ နေ့ခင်းပိုင်းတနေကုန် လှုပ်ရှားမှုမရှိဘူး၊ သူတို့ကလှုပ်ရှားရင် ညဉ့်နက်ပိုင်းအချိန်တို့ မနက်စောစောပိုင်းတို့ တိတ်တဆိတ် လှုပ်ရှားတယ်။ ဒီမနက်လည်း ရွာထဲကိုတိတ်တဆိတ်ဝင်လာတော့ ရွာသားတွေ ပြေးချိန်မရလိုက်ဘဲ ဖမ်းဆီးခံလိုက်ရတာ”

မြောက်ယမားချောင်းဒေသမှာ မုန်တိုင်းဒဏ်သင့်သူချင်းချင်း ဝေမျှစားနေရပြီး အကူညီလိုအပ်

“အစားအသောက်ကတော့ လောလောဆယ် အနီးနားရွာကဒေသခံတွေ ထမင်းထုပ်တွေ လာဝေကြတာရှိတယ်။ သပိတ်အဖွဲ့တချို့ကလည်း ဆန်၊ ဆီ၊ ဆားတွေ လာလှူပေးတာတွေရှိတယ်။ လောလောဆယ်ရွာထဲမှာတော့ ရေမရှိတော့ဘူး ရေကကျသွားပြီ။ တချို့ရွာတွေက ရေတင်နေသေးတာမျိုးရှိတယ်။ တချို့အိမ်တွေက ရေကျသွားတော့ ရွာသားတွေက သူတို့အိမ်သူတို့ ပြန်နေကြတာတွေရှိတယ်”

ကနီနယ်က ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်တွေကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲ

"မနေ့က ကြားရသလောက်က ချောင်းမရွာနဲ့ ၅မိုင်အကွာလောက်မှာထိတွေ့ပစ်ခတ်မှုဖြစ်တယ်။ အဲ့ဒါကို လေယာဉ် ၂ စီးနဲ့ ရှေ့ဆင့်နောက်ဆင့် ရွာထဲကို ဗုံးလာကြဲသွားတာ။ ၇ နှစ်ကလေးငယ်တဦး ဒဏ်ရာရသွားတယ်။ အိမ်ခြေတွေ ဘယ်လောက်ပျက်စီးသွားလဲ ဆိုတာတော့မသိရသေးဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10