ဝက်လက်နယ်က နေအိမ်၊ ဘုန်းကြီးကျောင်းနဲ့ စစ်ရှောင်တဲတွေကို စစ်အုပ်စုက မီးရှို့
“သူတို့ (စစ်ကောင်စီ) ကနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းကို မီးရှို့နေချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုခဏဖြစ်လိုက်သေးတယ်။ အခုချိန်ထိ စစ်ရှောင်တဲတွေ ဘယ်လောက် မီးထဲပါသွားလဲဆိုတာ မသိရသေးဘူး။ နေအိမ်တွေကတော့ ၄၀၊ ၅၀ နီးပါး မီးထဲပါသွားတယ်လို့ကြားတယ်”