သတင်း

စစ်ကောင်စီအဖွဲ့တွေက CDM ဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးပြီး ငွေတောင်းနေ

“ဖမ်းမိတဲ့သူတွေကို ငွေညှစ်တယ်၊ ကျနော်တို့ကြားတာတော့ ရာဂဏန်းလောက်ထိကြားတယ်၊ အရပ်သားရော သူတို့ဖမ်းမိသမျှလူ အကုန်တောင်းတာ၊ ရှေ့တန်းမသွားချင်လို့ အမှုဆင်တာလို့လည်း ကြားတယ်၊ အုပ်ချုပ်ရေးမှူးကလည်း ဘာမှမသိသလိုနဲ့ အိမ်တွေကို သူကိုယ်တိုင် လက်ညှိုးထိုးပြတာ”

သာယာဝတီမှာ စကားများရန်ဖြစ်ရာက အလယ်တန်းကျောင်းသားတဦး သေဆုံး

သေဆုံးသူမှာ မောင်မင်းပိုင် ၁၄ နှစ်ဖြစ်ပြီး အ.ထ.က(ထန်းပင်ကုန်း) စာသင်ကျောင်းမှ ကျောင်းဆင်းကာ ကျေးရွာကိုပြန်လာချိန် လမ်းခုလတ်တနေရာအရောက်မှာ အရပ်သားတဦးနဲ့ ရန်ဖြစ်ရာက သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ရွှေဘိုမှာ လက်နက်ကြီးနဲ့ မိုင်းထိလို့ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရ

"ဦးတိုးအောင်က လယ်နတ်ပူဇော်မလို့ လုပ်နေတဲ့အချိန်မှာ လက်နက်ကြီးထိတာ။ ဒဏ်ရာတော့ များတယ်။ တည်သီးတောက လင်မယားကျတော့ မိုင်းထိပြီး ဆေးရုံရောက်နေတယ်ဆိုပြီးတော့ တွေ့ရတယ်"

ပေ ၄၀ ခန့်နက်တဲ့ ရေတွင်းထဲပြုတ်ကျလို့ သံဃာတော်တပါး ပျံလွန်တော်မူ

"ကျနော်တို့အဖွဲ့ကို ဘုန်းကြီးတပါးပျောက်နေတယ်၊ ရေတွင်းထဲကိုကျသွားတယ်လို့ သံသယရှိတယ်ပေါ့။ ရှာပေးပါဆိုပြီး ဖုန်းဆက်အကူညီတောင်းလာလို့ ရှာတော့၊ သေနေတာကိုတွေ့တာ။"

စမွန်းရွာ စီးနင်းခံရမှု ဘုန်းကြီးအပါအဝင် PDF တွေနဲ့ ရွာခံ ၁၁ ဦးဖမ်းဆီးခံရပြီး လက်နက်တွေ သိမ်းဆည်းခံရ

"ပစ္စည်းတွေက ဘုန်းကြီးကျောင်းထဲက ကားတွေပေါ်မှာ တင်ထားတာ။ စကစ ဘက်က ရုတ်တရက်ဝင်လာတော့ ဘာမှ ယူချိန်မရဘဲ အဖွဲ့ဝင်တွေလည်း ဆုတ်ခွာ၊ ပြည်သူတွေလည်း ပြေးနေရတော့ စကစ ဘက်က ပစ္စည်းတွေရသွားတာ။ ဘုန်းကြီးကျောင်းထဲ လက်နက်တွေ မိတယ်ဆိုတော့ ဘုန်းကြီးပါ ဖမ်းသွားတယ်။"

ဖောင်းပြင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ကြပ်ကြီးအပါ ၃ ဦးသေဆုံးပြီး လက်နက်အချို့ သိမ်းဆည်းနိုင်ခဲ့

၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခလရ ၂၇၂ က တပ်ခွဲတပ်ကြပ်ကြီးတဦးအပါအဝင် ၃ ဦး သေဆုံးပြီး ၅ ဦး အသက်အန္တရာယ်စိုးရိမ်ရကာ၊ AK 47 တလက်၊ MA 3 ဒင်ခေါက်တလက်၊ 5.56 ကျည် ၂၀၀၊ AK 47 ကျည် ၂၀၀၊ RPG ထိပ်ဖူးတချို့၊ ၃ ရစ်ပါ လက်မောင်းတံဆိပ်တွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မတ္တရာ ငါးလုံးပြွန်ရွာမှာ တပ်စွဲထားတဲ့စစ်တပ် ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရ

“ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်ပြီး ညနေပိုင်းလောက်မှာ ရွာထဲကနေ သူတို့ထွက်သွားတယ်။ ဒါပေမဲ့ ဒီနေ့ (ဇွန် ၂၉) ညနေမှာ အင်အားအများအပြားနဲ့ ပြန်ဝင်လာတယ်လို့ကြားတယ်။ ရွာသားတွေကတော့ သူတို့ရွာထဲမှာ တပ်စွဲကတည်း ရှောင်နေတာ အခုချိန်ထိပဲ”

ရေဦးမြို့နယ်ထဲက စစ်ရှောင်တွေ စားနပ်ရိက္ခာနဲ့ အကူညီတွေလိုအပ်နေ

"ငွေကြေးတတ်နိုင်တဲ့သူက အသားဟင်းဝယ်စားနိုင်ပေမယ့်၊ အများစုကတော့ ချောင်းမြောင်းတွေထဲမှာပဲ၊ သားငါးရှာဖွေစားသောက်ကြသလို လယ်ကန်သင်းတွေမှာ အလေ့ကျပေါက်တဲ့ အသီးအရွက်ခူးကာ ဖြစ်သလိုစားသောက်နေကြတယ်။ အမိုးတွေကလည်းလုံခြုံမှုမရှိဘဲ မိုးရေယိုတာတွေရှိတယ်။"

မြိုင်နဲ့ ပခုက္ကူကြားမှာ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရဟုဆို

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူကြားမှာ စစ်ကောင်စီယာဉ်တန်းနဲ့ ခြေလျင်စစ်ကြောင်းကို ဇွန် ၂၇ နဲ့ ၂၈ တွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ ခဲ့တယ်

ပျူစောထီးအဖွဲ့ထဲမဝင်ဘဲ ရွာကထွက်ပြေးရင် အိမ်နဲ့ လယ်သိမ်းမယ်လို့ ဘုန်းကြီးဝါသဝ ခြိမ်းခြောက်

"ပျူစောထီးသင်တန်း မတက်မနေရတက်ရမယ်၊ ပျူစောထီးထဲ ဝင်ရမယ်၊ မဝင်ချင်လို့ ရွာကနေထွက်ပြေးတဲ့သူရဲ့ နေအိမ်နဲ့လယ်တွေကို သိမ်းမယ်ဆိုပြီး ရွာသားတွေကိုပြောတာ"

ချင်းတွင်းမြစ်ထဲ စစ်ကောင်စီ မော်တော်တွေ တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံးကာ မော်တော် ၁ စီး ရေနစ်မြုပ်ခဲ့ဟုဆို

"၅ ကောင်သေတာကတော့ ကျနော်တို့ဘက်က ပစ်ခတ်ချိန် ပက်လက်လန် လဲကျသွားတာကို ကျနော်တို့ ရဲဘော်တွေကိုယ်တိုင် မြင်တွေ့ရတာပါ"

ကင်းပတ်နေတဲ့ ပျူစောထီးအဖွဲ့ ပစ်ခတ်ခံရလို့ ၃ ဦးသေဆုံး(ရုပ်/သံ)

“အရင်ကတော့ ကျနော်တို့မိုင်းပဲထောင်တာ။ ဒီတခေါက်တော့ ကျနော်တို့သွားပြီး စောင့်ပစ်တာ။ သူတို့ဘက်က ထိခိုက်သေဆုံးတာကို ကျနော်တို့ ကိုယ်တိုင်မြင်ခဲ့တာပါ။ ပစ်ခတ်မှုကြာချိန်ကတော့ နာရီဝက်လောက်ပဲကြာခဲ့ပါတယ်”

တိုက်ပွဲမရှိဘဲ လေယာဉ်နဲ့ပစ်ခတ်ခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ထိမှန်သွား

“လေယာဉ်နဲ့လည်း ဗုံးကြဲတာရှိတယ်။ rocked နဲ့ ပစ်တာလည်းရှိတယ်။ ၁၅ မိနစ်လောက် ပစ်ခတ်သွားတယ်။ သူတို့ပစ်လိုက်လို့ ကင်းပတ်နေတဲ့ ရဲဘော်တယောက် ထိမှန်သွားတယ်လို့ ကြားတယ်။ ဘယ်အဖွဲ့ကလဲဆိုတာတော့ မသိသေးဘူး”

ရွာချင်းဆက်လမ်းတွေ ပျက်စီးမှုများနေလို့ ဒေသခံတွေသွားလာရခက်ခဲနေပြီး ကိုယ်ထူကိုယ်ထပြုပြင်နေရ

"ဆိုင်ကယ်ရော၊ ကားတွေပါ သွားလို့မရတော့တဲ့အထိ ဖြစ်နေတာ။ လမ်းပျက်လို့ ကားတွေလာမရတော့ တောင်သူတွေက လှည်းတွေနဲ့ ကားဝင်နိုင်တဲ့နေရာတွေ အထိသွားပို့ရတော့ အချိန်တွေကုန်၊ လုပ်ငန်း နှောင့်နှေးတာတွေရှိတယ်”

မကွေးမှာ ရေပြိုင်ကူးရာမှ လူငယ် ၁ ဦး ရေနစ်သေဆုံး

“ဖြစ်တဲ့နားက မြစ်ဟိုဘက်ကမ်း ဒီဘက်ကမ်းက သိပ်မဝေးတော့ ရေကူးနေကြရင်းကနေ လူငယ် ၂ ဦးက ရေကူးပြိုင်ကြတာ။ အဲ့မှာ လူငယ်တယောက်က ကူးနေရင်းကနေ ကြွက်တက်ပြီး မြုပ်ကျသွားတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10