စစ်အုပ်ချုပ်ရေးဒေသ အုတ်ဖိုမှာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး သေနတ်နဲ့ ပစ်ခတ်ခံရ
ဗိုလ်ကြီးတင်မျိုးအောင်ကို အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်မှာ ဒီမနက် ၁၀ နာရီခွဲလောက်က အရပ်ဝတ်နဲ့ ဆိုင်ကယ်မောင်းပြန်လာချိန် သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဗိုလ်ကြီးတင်မျိုးအောင်ကို အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်မှာ ဒီမနက် ၁၀ နာရီခွဲလောက်က အရပ်ဝတ်နဲ့ ဆိုင်ကယ်မောင်းပြန်လာချိန် သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
"မနက်က အဲ့ဘက် (မြို့ဆိုးကျေးရွာအနီး) တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ လက်နက်ကြီးထိလို့ လင်မယား ၂ ယောက် သေတယ်ဆိုတာလည်း ဟုတ်တယ်။ ဒါပေမယ့် ဘယ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးမှန်လို့ သေဆုံးတယ်ဆိုတာတော့ မသိရသေးဘူး။"လို့ ဒေသခံတဦးက ပြောပါတယ်။
"ဥုးသုနန္ဒစီးလာတဲ့ ကားထဲမှာ မြို့ထဲကနေ လမ်းကြုံလိုက်ပါလာတဲ့ ဘုန်းကြီး ၃ ပါးနဲ့ အမျိုးသမီး ၁ ယောက်ပါတယ်။ သူတို့ကိုတော့ ဘာမှမလုပ်ဘဲ ချက်ချင်းပြန်လွတ်ပေးတယ်။ ဥုးသုနန္ဒကိုတော့ စစ်ဆေးမေးမြန်းဖို့အတွက် ခေတ္တခေါ်ယူခဲ့တယ်" လို့ ကလေးမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင် ရဲမှူးအောင်ကြီး က ပြောပါတယ်။
“အထူးတိုက်ခိုက်ရေး သင်တန်းဆင်းပွဲက ပထမဆုံးအကြိမ်ပါဗျ။ သင်တန်းလေ့ကျင့်ရေး ကြမ်းတမ်းမှုကြောင့် ရဲဘော် ၂ ဦး ဆေးနားသွားရတယ်။ ကျနော်တို့လှုပ်ရှားတဲ့ စစ်ဒေသတွေမှာ မဟာဗျူဟာမြောက်တိုက်ပွဲတွေ ဖော်ဆောင်ဖို့ကို အဓိကထားလုပ်ဆောင်သွားမှာပါ " လို့ ကျောင်းသားလက်ရုံးတပ်တော် တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
"အဲဒီဘက်က ရွာတွေက ပျူစောထီးတပ်ဖွဲ့ဝင်တွေ အများဆုံးနေတာ။ လမ်းတွေဆိုလည်း ပျူတွေက စစ်ဆေး ငွေတောင်းပြီး မထင်သလို ဒေသခံတွေကိုရိုက်နှက်နေတာ။ အဲ့ဒီကြားထဲကနေ ပျူ ၂ ယောက် အသတ်ခံရတာ။" လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
“ရောဂါကတော့ အစုံပဲဗျာ၊ ပြေးလွှားနေကြတော့ ငွေကမရှိ ဆေးကစျေးကြီး၊ ကုသပေးသူမရှိလို့ လိုအပ်ချက်အရ အခမဲ့ ကုသပေးတာပါ။ ယင်းမာပင်နယ်ကနေ လချီပြေးနေတဲ့ စစ်ဘေးရှောင်တွေဆီကို သွားရောက်ကုသပေးတာပါ”လို့ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု အဖွဲ့ဝင်တဦးက ပြောပါတယ်။
“သေဒဏ်ကျထားတဲ့ ၄ ယောက်မှာ အမျိုးသမီးကတော့ ကျန်ထားခဲ့တယ်။ ကျန်တဲ့ ၃ ယောက်ကတော့ စစ်ကြောင်းထဲ ပါသွားတယ်။ အဖမ်းခံရပြီး စစ်ကြောင်းထဲ ထည့်ပေးလိုက်တာတော့ရှိတယ်၊ ပြစ်ဒဏ်ကျပြီးမှ စစ်ကြောင်းထဲထည့်တာတော့ ဒါပထမဆုံးပဲ။ ဖမ်းခံရတာက အများကြီး၊ ထောင်ထဲရောက်တာက နည်းနည်းလေးရယ်” လို့ အင်းတော်ဒေသခံတဦး က ပြောပါတယ်။
"အဲဒီစစ်ကြောင်းက ရွာကို၀င်ပြီး တပ်စွဲတယ်။ ပြီးတော့ ရွာက အမျိုးသား ၃ ဦးကိုဖမ်းဆီးပြီး သတ်ထားခဲ့တာကို တွေ့ရတယ်" လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့၀င်တဦးက မြေလတ်အသံကို ပြောပါတယ်။
စစ်ကြောင်းဟာ ချင်မြစ်ကျင်းရွာမှာ ညအိပ်ပြီး မနေ့မနက်အစောပိုင်းမှာ သရက်ခေါင်းရွာကို ထွက်လာလို့ ဒေသခံတွေတိမ်းရှောင်ခဲ့ရသလို ညနေပိုင်းမှာတော့ အဲဒီရွာကနေ ဘုတ်ကုန်းကျေးရွာဘက်ကို ဦးတည်စစ်ကြောင်းထိုးလာတဲ့အတွက် ထပ်မံတိမ်းရှောင်ရတာလို့ သိရပါတယ်။
ဘဏ္ဍာရေးနဲ့ စီးပွားရေးတိုက်ပွဲအဖြစ် ဩဂုတ်လကနေ စပြီး ၂ လအတွင်း စစ်တပ်ပိုင် ဘီယာ ၆ မျိုးနဲ့ ဆေးလိပ် ၂ မျိုးရဲ့ ဝင်ငွေ ၇၀ ရာခိုင်နှုန်းကို ပိတ်ဆို့ဖို့လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း ပါဝင်ပေးကြဖို့ သပိတ်အင်အားစုတွေက တောင်းဆိုထားပါတယ်။
အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်သားတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရွာသာယာ၊ အင်းဒရန့်၊ ဘွန့်ပွေးကုန်း၊ ကျောက်ထုံးကြီး စတဲ့ကျေးရွာတွေကို ရွာထဲညအိပ်ပြီး တနေကုန် မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ် ပျက်စီးလုနီးပါး ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြစ်သာမြစ်ရဲ့ အနောက်ဘက်နဲ့အရှေ့ဘက်ကမ်းက ကျေးရွာပေါင်း ၂၅ ရွာဝန်းကျင်မှာ သြဂုတ်လလယ်ပိုင်းကစလို့ နှမ်းရိတ်သိမ်းနေကြတာဖြစ်သလို လုပ်သားရှားပါးနေတာကြောင့် ယခင်နှစ်တွေထက် လုပ်အားခတွေ ပိုပေးပြီး ခေါ်ယူနေရတယ်လို့ ဆိုပါတယ်။
"ပထမက အဝေးကနေဘဲ ပစ်ဖို့သွားကြရာကနေ အခြေအနေပေးလို့ ဂိတ်ပေါက်ဝထိ သွားပစ်ခဲ့ကြတယ်။ ရွှေကျင်ဘက်ကနေ စကစ စစ်ကူလာတယ်လို့ သတင်းရတဲ့အတွက် ပြန်ဆုတ်လာကြရတယ်" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦး က ပြောပါတယ်။
"ရွာထိပ်မှာ တကြိမ်၊ ဆေးခန်းထဲဝင်ချိန်မှာ ၁ ကြိမ်၊ ၂ ကြိမ်ဆွဲနိုင်ခဲ့တယ်။ သူတို့နဲ့တော့ ပစ်ခတ်တာ မရှိဘူး။ မိုင်းဆွဲပြီး ဆုတ်ခွာခဲ့ကြတော့ စခန်းထဲက ပစ္စည်းတွေ သူတို့သိမ်းသွားတယ်" လို့ တောကျီးကန်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
"ထုတ်လုပ်တာက ၃ ယောက်။ မိန်းမ၂ ယောက်နဲ့ ယောက်ျား ၁ ယောက်။ စကစနဲ့ ရဲတွေ လာဖမ်းချိန်မှာ ယောကျ်ားက နေအိမ်မှာရှိမနေလို့ အဖမ်းမခံလိုက်ရဘူး။"