သတင်း

ဆလိုင်းတင်မောင်ဦးကွပ်မျက်ခံရခြင်း ၄၇ နှစ်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လက်ကမ်းစာစောင်ဖြန့်ဝေ

"ဒီလှုပ်ရှားမှုကိုလှုပ်ဆောင်ရတာက ဆလိုင်းတင်မောင်ဦးရဲ့စစ်ဖိနပ်အောက်ဒူးမထောက်ခဲ့တဲ့ တော်လှန်ရေးစိတ်ဓာတ်ကို အလေးအမြတ် ဂုဏ်ပြုတာလည်းဖြစ်သလို တော်လှန်ရေးသမားကိုသတ်လိုက်လည်း တော်လှန်ရေးကမသေဘူးဆိုတာ စစ်အာဏာရှင်တွေနဲ့ဖောက်ပြန်ရေးသမားအပေါင်းကို ကြုံးဝါးကြွေးကြော်လိုက်ခြင်းပဲ ဖြစ်ပါတယ်"

ကုန်ကားတွေကို ငွေတောင်းနေတဲ့စစ်အုပ်စု ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

“ကျနော်တို့ပစ်တာက ကျောက်ကာဘက်ထွက်တဲ့ ဇလုပ်ရွာ ဆိုင်ခန်းဘေးမှာနေတဲ့ ၃ ဦးကို ပစ်လိုက်တာ၊ ၃ ဦးလုံးတော့မှန်သွားတယ်၊ ၁ ဦးကတော့ နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်၊ ကျန်တဲ့ကောင်တွေကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ်၊ သေမသေတော့မသိဘူး၊ အဲ့ဒီ ၂ ယောက်ကိုသယ်သွားတယ်”

ဆားတောင်မြို့မရဲစခန်း ၂ ရက်ဆက်တိုက် ဒရုန်းနဲ့ဗုံးကြဲခံရလို့ စခန်းမှူးအပါအဝင် ၄ ဦး‌ သေဆုံးဟုဆို (ရုပ်/သံ)

"၂၅ ရက်မှာ ဗုံးကြဲချခဲ့လို့ စခန်းမှူးအပါအဝင် ၄ ဦးသေဆုံးတယ်လို့ ကျနော်တို့သိရပါတယ်၊၂၆ ရက်မှာတော့ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးပါဘူး၊ ဗုံးကြဲချပြီးနောက်ပိုင်းတော့ စခန်းအတွင်းမှာ အခြေအနေတွေရှုပ်ထွေးသွားပြီး ကျနော်တို့စကောက်ရဲ့ပြောပြချက်အရ နာရီဝက်လောက်အထိ အလောင်းတွေဆွဲထုတ်တာ မပြီးဘူးလို့ ပြောတယ်၊ အော်ဟစ်ပြီး ငိုယိုဆဲဆိုတဲ့ အသံ‌တွေလည်းကြားရတယ်"

ပန်းတောင်းမှာ အမေနဲ့သားကို ပေးစားဆဲဆိုတဲ့ ဖခင်ကို သားကဓားနဲ့ထိုးလို့ သေဆုံး

"သူ့ (ကိုဇော်မြင့်) မိန်းမနဲ့ သားအငယ်က ထိုင်းမှာအလုပ်လုပ်နေတဲ့ သားအကြီးဆီဖုန်းဆက်နေတာကို ကိုဇော်မြင့်က နင့်လင်တွေဆီ ဖုန်းဆက်နေတာလားပြောလို့ သားအငယ်နောင်နောင်က စိတ်ဆိုးပြီး ဖခင်ရဲ့လည်ပင်းကို ဓားနဲ့တချက်ထိုးလိုက်တာမှာ ပွဲချင်းပြီး သေသွားတာ"

ကောလင်းမြို့ဈေးအနီး မိုင်းပေါက်ကွဲလို့ စျေးရောင်းစျေးဝယ် အရပ်သား ၁၅ ဦး ဒဏ်ရာရ

"စက်ဘီးဆိုင်ကယ် အပ်ခံထားတဲ့ နေရာနားလောက်ကနေကွဲတော့ လူတွေလည်း စည်ကားနေချိန်ဆိုတော့ ၁၅ ယောက်လောက်ထိသွားတယ်။ နည်းပါးပွန်းပဲ့သူတွေလည်း ပါတာပေါ့။ ဒဏ်ရာများတဲ့သူတွေလည်းရှိတယ်။ ထိတာကတော့ စျေးရောင်းစျေးဝယ်သူတွေချည်းပဲ"

ထိတွေ့ပစ်ခတ်မှုဖြစ်လို့ စစ်ကောင်စီ ၇ ဦးသေဆုံးပြီး၊ PDF ၁ ဦးလည်း သေဆုံးဟုဆို

“စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးတာတွေကို အတွင်းသတင်းအရသိရတာပါ။ ကျနော်တို့ဘက်ကတော့လက်နက်ကြီးမှန်ပြီး ရဲဘော်တယောက်ကျသွားတယ်။ ၂ ယောက်ကတော့ မစိုးရိမ်ဒဏ်ရာရခဲ့တယ်”

MSPDF ခေါင်းဆောင်တဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး ကယ်ဖို့လိုက်သွားတဲ့ သားဖြစ်သူအပါ ရဲဘော် ၃ ဦးလည်း သေဆုံး

“လိုက်ကယ်ဖို့လုပ်တဲ့ ကိုသက်ခိုင်ရဲ့ သားက လက်နက်ကြီးမှန်ပြီး နေရာမှာ ပွဲချင်းပြီးတယ်၊ ကျန်တဲ့ ၂ယောက်လည်း ကျတယ်၊ သားအကြီးဆုံးကလည်း သူ့အဖေ အဖမ်းခံရတယ်ဆိုတော့ ကယ်နိုင်ရေးအတွက်ကြိုးစားရင်း ဆုံးသွားတာ၊ ရွာထဲကို စစ်ကြောင်း ရောက်နေတာတောင် မသိလိုက်ကြဘူးဆိုတော့ ကင်းတွေရဲ့ပေါ့ဆမှုလို့ ပြောရမှာပေါ့၊ ဖမ်းမိသွားပြီဆိုတဲ့ အချိန်ကျမှ သိကြတာ။”

ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရလို့ ၂ ဦးသေပြီး ၅ ဦးဒဏ်ရာရ

"ကျနော်တို့က စစ်ကြောင်းနောက်ကနေ နောက်ယောင်ခံပြီး လိုက်လာတာမှာ ရုတ်တရက် အလစ်အငိုက်လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ သေဆုံးအလောင်းကိုတော့ တဲအတွင်းမှာပဲ မီးရိူ့သွားတာ"

ကောလင်းမြို့ပေါ်မှာ မိုင်းဆွဲခံရလို့ စစ်သားတဦးသေပြီး၊ ရဲတဦးဒဏ်ရာရ

"သေတာက စစ်သားပါ။ ဒဏ်ရာရတာက ရဲပါဗျ။ သေတဲ့စစ်သားက ခမရ(၃၆၉)ကလို့ သိရပါတယ်"

အညာမြေတော်လှန်ရေးအတွက်ပါ ထောက်ပံ့မယ့် ဒေါနတောင်တန်းပေါ်က တော်လှန်သစ်ပင် နှစ်သောင်းစိုက် ကမ်ပိန်း

“Campaign လေးက ရိုးရှင်းပါတယ် ပြည်တွင်းပြင်ပက အလှူရှင်တွေက တစ်ပင်ကို ၁၀၀၀၀ ကျပ်နှုန်းနဲ့လှူ၊ ကျနော်တို့က ဒေသအကျိုးပြုအတွက် စိုက်ပေါ့နော်၊ ရလာတဲ့ ရန်ပုံငွေကို ကျွန်တော်တို့ ဒေါနစစ်ကြောင်းအတွက်သာ မကပဲ အညာဒေသ၊ မကွေးဒေသအတွက် MOD နဲ့ ချိတ်ဆက်ပြီး 30% ပေးပို့သွားမှာပါ ခင်ဗျ။”

မြင်းမူထွေအုပ်ရုံးနဲ့ ရဲစခန်းကို Federal Wings အဖွဲ့က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ရဲစခန်းကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဖယ်ဒရယ်ဝင်းဒရုန်းအဖွဲ့က ဒီနေ့ ဇွန်လ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်

ဆင်မြီးဆွဲမြို့က ရဲအရာရှိဟောင်းနဲ့ နယ်ထိန်းကို ပေါင်းတည် PDF တိုက်ခိုက်ခဲ့တာဖြစ်

“သူတို့ ၂ ယောက်က ဆိုင်ကယ်နဲ့လာတဲ့အချိန်မှာ ပစ်ခတ်ခဲ့တာပါ။ ဦးကျော်ကျော်ကတော့ ပြည်ဆေးရုံမှာ တင်ထားတယ်လို့ သတင်းရတယ်။ ဦးစိုးသက်အောင်ကတော့ ကျောပေါက်ဒဏ်ရာနဲ့ အဲဒီနေရာမှာ သေသွားတယ်”

စစ်ကောင်စီတပ်စွဲထားတဲ့ မုံရွာ ကညန ရုံးကို ဗုံးကြဲ

"ဗုံးသီး ၃ လုံးက စခန်းကိုကျသွားတယ်။ ဒါပေမဲ့ သေဆုံး၊ဒဏ်ရာရတာတွေ မသိရသေးဘူး။ အဆောင်တွေ ပျက်စီးတာတွေလည်း ရှိခဲ့တယ်"

ကလေးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးထိမှန်လို့ CNDF ရဲဘော် ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

“တိုက်ပွဲကတော့ သာစည်မှာဖြစ်တာ၊ လက်နက်ကြီးကတော့ သူတို့ထင်တဲ့နေရာတွေ ပစ်တာပေါ့။ သာစည်ကိုအများဆုံးပဲ၊ တိုက်ပွဲနေရာတွေပစ်တာ။ မနေ့က ကြမ်းတယ် သူပစ်၊ကိုယ်ပစ်ပဲ”

နေပြည်တော်-ကံပြားလမ်းမှာ ကား ၂ စီး ခေါင်းချင်းဆိုင်တိုက်မိလို့ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

"ဘယ်သူမှားတယ် မှန်တယ်လို့တော့မသိဘူး။ မျက်နှာချင်းဆိုင်ချိတ်ပြီး SURF ကားက ပက်လက်ပါ လန်သွားတယ်။ Hiace ကားကတော့ ခေါင်းပိုင်းကြေသွားတယ်။ Hiace ကားက မော်လမြိုင်ဘက်ကို နာရေးသွားဖို့ ကားစီးလုံးငှားလာတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10