သတင်း

စဉ့်ကူးက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

" သူတို့က စကစတွေနဲ့ပေါင်းနေတာ ကြာပြီဗျ။ အုပ်ကြီးအိမ်ကို မောင်စိုးကအလည်ရောက်နေတာလို့သိရတယ်။ သူတို့ကို စကစတွေကပဲ ရာထူးတွေအပ်ထားတာ။ လာပစ်တာက PDF တွေလို့တော့ ပြောကြတယ်။ ပြီးတော့ စကစတွေကို လိုက်ပို့နေတဲ့ အုပ်ကြီးရဲ့စပီးဘုတ်တစီးကို ဖောက်ခွဲခဲ့သေးတယ်"

ဗန်းမောက်မှာ SNA တပ်သားအလောင်း ၆ လောင်းတွေ့၊ PDF တွေက သင်္ဂြိုဟ်ပေးခဲ့ရ

"ဧပြီလက ဆိတ်စခူမှော်နားမှာ တိုက်ပွဲပြင်းထန် ဖြစ်ခဲ့တယ်။ အဲ့ဒါကို ကျနော်တို့က နယ်မြေရှင်းလင်းရေးဝင်လုပ်တာ။ အဲဒီမှာ ရေကန်ထဲနဲ့ ခြုံတောတွေထဲမှာ မျောနေတဲ့အလောင်းတွေကို တွေ့ရတာ။ SNA တွေလည်းပါတယ်။ ကျနော်တို့ဖက်မှာက SNA တွေလည်းလှုပ်ရှားတယ်။ အလောင်းတွေကတော့ တော်တော်လည်းကို ပုပ်နံ့တွေထွက်နေတာ။ တချို့ဆိုရင် အရိုးစုတွေပဲ ကျန်တော့တယ်"

ပုလဲ၊ ကန်ဒေါင့်နယ်မြေရဲစခန်းတိုက်ခိုက်ခံရလို့ စစ်အုပ်စုဘက်က ၁၀ ဦးထက်မနည်း ထိခိုက်၊သေဆုံးနိုင်ဟုဆို

"ရဲစခန်းက သုံးဆင့်ဘန်ကာကို လက်နက်ကြီးနဲ့ပစ်လိုက်တာ ထိထိမိမိကျသွားတယ်။ အဲ့မှာဘဲ သေဆုံး၊ ဒဏ်ရာရသူတွေများနိုင်တယ်။ ပြီးတော့ အပြန်အလှန်ပစ်ခတ်တာတွေမှာလည်း သေဆုံး၊ဒဏ်ရာရတာတွေရှိနိုင်တယ်။ ထိခိုက်သေဆုံး ၁၀ ဦးကျော်ရှိမယ်”

မုံရွာ - အမြင့်လမ်းသပိတ်ကော်မတီက ဦးဆောင်တဲ့ လူထုဟောပြောပွဲ

"လူဦးရေကတော့ ကျေးရွာတရွာတည်းဆိုတော့ နည်းတာပေါ့။ အခုလို လိုက်ဟောပြောတာက ၆ ရွာ မြောက်ဖြစ်ပါတယ်။ ကျနော်တို့က တရွာချင်းလိုက်ပြီး လူထုဟောပြောပွဲလုပ်တာက အခုရာသီဥတုနဲ့ဆိုတော့ ကျနော်တို့သပိတ်ထွက်ဖို့ အခက်အခဲရှိနေတာကြောင့် ကျေးရွာတရွာချင်းလိုက်ပြီး လူထုကို နိုင်ငံရေးအသိ၊ နိုင်ငံရေးအတွေးအခေါ်တွေ သိရှိနားလည်စေချင်တာရယ် တော်လှန်ရေးမှာ သွေးမအေးဘဲ ဆက်လက်တော်လှန်စေချင်တဲ့ရည်ရွယ်ချက်နဲ့ အခုလိုဟောပြောတာပါ"

ရှေ့တန်းလိုက်ပို့တဲ့ PDF ရဲဘော် ၁ ဦး မြွေပွေးကိုက်ခံရပြီး ဖြေဆေးအများအပြားသုံး ကုသနေရ

"ဆိုင်ကယ်နဲ့ မြွေကိုဖြတ်နင်းမိလိုက်တော့ အကိုက်ခံရတာပါ။ ရဲဘော်တွေတခါမှ မဖြစ်ဖူးပါဘူး။ ရွာသားတွေဖြစ်လေ့ရှိတော့ ရွာမှာဆောင်ထားတဲ့ဆေးကိုယူပြီး ကုနေရတာပေါ့။ ဆေးတွေကစျေးကြီးသလို ဝယ်လို့မလွယ်ဘူး"

တနှစ်ကျော်ကြာ စစ်မီးသင့်အိမ်ထောင်စု ၁၀၀ ကျော်အတွက် S & C က စားသောက်ကုန်တွေလှူဒါန်း

“အခုက မီးဘေးသင့်ပြည်သူတွေက နေထိုင်စားသောက်မှုအဆင်မပြေလို့ ကျနော်တို့က ဆန်၊ ဆီ ၊ ဆားတွေသွားရောက်လှူဒါန်းခဲ့တာပါ။ သယ်ယူပို့ဆောင်ရေးတွေခက်ခဲတဲ့ကြားရအောင်လှူဒါန်းခဲ့တာပါ။ များသောအားဖြင့်ကျေးလက်ဒေသတွေမှာ အခုကအခက်အခဲဖြစ်နေကြတယ်။ စားဖို့တောင်အနိုင်နိုင်ရုန်းကန်နေရတဲ့ အဆင့်ပေါ့နော် တချို့လည်းဆန်စပါးမီးလောင်သွားတာဖြစ်တဲ့အတွက် ဘယ်လိုမှပြန်ပြီးရပ်တည်လို့မလွယ်ဘူးပေါ့ အဲ့လိုအနေအထားမျိုးတွေကြောင့် ကျနော်တို့အခုလိုကူညီဖြစ်တာပါ။”

ဆက်ကြေးကောက်တဲ့စစ်ကောင်စီအဖွဲ့ ကို ဒရုန်းနဲ့တိုက်ခိုက် ၂ ဦးသေဆုံးဟုဆို

"သူတို့က စစ်ဆေးရေးလုပ်ပြီးတော့ သောက်စားပြီး နားနေတဲ့အချိန်မှာ ဗုံးချခဲ့တာ။ ထိခိုက်သေဆုံးကိုတော့ မြေပြင်သတင်းယူနေတဲ့သူတွေဆီက သိရတာဖြစ်တယ်။ အမြဲတမ်းတပ်စွဲစစ်ဆေးနေတဲ့ နေရာတော့ မဟုတ်ဘူး။ တခါတလေမှလာပြီး စစ်ဆေးရေးလုပ်တဲ့နေရာပါ "

PDF ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် ဗိုလ်နဂါးနှင့် အင်တာဗျူး

"ပုလဲမြို့ပေါ်မှာ ထွေအုပ်ရုံးတောင် ရုံးလုပ်ငန်း ဘာမှ မလုပ်နိုင်တော့ဘူး။ အဲဒါဆို မှန်းကြည့်ပေါ့ဗျာ၊ သူတို့အုပ်ချုပ်ရေးယန္တရား ဘယ်လောက်စုတ်ပြတ်သွားပြီဆိုတာ"

PDF က လက်ဦးမှုယူ ပစ်ခတ်နိုင်လို့ ကင်းပုန်းလာဝပ်တဲ့ စစ်သား ၂ ဦးသေဆုံး၊ သေနတ် ၂ လက်ရ

“ကျနော်တို့ကလည်း ကင်းဝပ် သူတို့ကလည်း ကင်းဝပ်၊ သူတို့ဦးရင် သူတို့ဆော်မှာဆိုတော့ ခုက ကျနော်တို့ဦးတော့ သူတို့ခံလိုက်ရတာပေါ့။ အလောင်းကတော့ ခုထိလာမကောက်သေးဘူး”

စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးခဲ့တဲ့ ဇီးဖြူကုန်းရွာတိုက်ပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မေလ ၉ ရက်မနက် ၄ နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂၀ ကျော် သေဆုံးခဲ့တယ်

မီးရှို့ခံရတဲ့ကျေးရွာက ဘိုးဘွားတွေအတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပုဆိုးနဲ့ထမီ လှူဒါန်း

မီးရှို့ခံခဲ့ရတဲ့ ကျေးရွာက အဘိုး၊ အဘွား ၁၁၇ ဦးကို လုံချည် တယောက်တထည် ဂါရဝပြုလှူဒါန်းခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ မဖူးပွင့်ဝေက ဆိုပါတယ်

ခိုင်ကမ်းမြို့ ရဲစခန်းနဲ့ တမိုင်ပတ်လည်က ပြည်သူတွေကို နေရာပြောင်းရွှေ့ခိုင်း

စစ်**တွေဘက်က ရှောင်တဲ့အိမ်၊ ထွက်ပြေးတဲ့အိမ်တွေကို မီးရှို့မယ်လို့ ပြန်ခြိမ်းခြောက်တယ်၊ အများစုကတော့ ရှောင်နေကြပြီ

စခန်းမှာရှိတဲ့ PDFတွေ အားလပ်ချိန်ဗဟုသုတတွေရှာဖွေနိုင်ဖို့ စာကြည့်တိုက်ဖွင့်လှစ်

“အဓိက က တော့ ကျနော်တို့မှာအတတ်ပညာအသိပညာရှာဖွေဖို့ရာလုံလောက်တဲ့ အနေအထားတခုမရှိဘူး။ မခံချင်စိတ်နဲ့ဝင်လာကြတာ ဆိုတော့ လုံလောက်တဲ့ပညာအရည်အချင်းမရှိကြဘူး။ စာကြည့် တိုက်ဖွင့်ဖို့စီစဉ်ထားတာတော့ကြာပြီဗျ ။ ကြားထဲမှာ စစ်ရေးအနေအထားရော ၊ စာအုပ်စုစည်းရာမှာ အခက်အခဲရှိတာကြောင့်မလုပ်ဖြစ်တာပေါ့ ”

ရေဦးမှာ စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲ၊ ဒေသခံ ၅၀၀၀ ကျော် တိမ်းရှောင်နေရ

"လေယာဉ်နဲ့တကြိမ်ဗုံးကြဲခံထားရတော့ ဒီနေ့လည်း ဗုံးလာကြဲမှာကိုကြောက်လို့ ရွာကို တယောက်မှမသွားရဲကြတာပါ။ ကျမသားလေးက အဲ့ကျောင်းမှာ စာသင်နေတာ။ CDM ကျောင်းဖြစ်လို့ ဗုံလာကြဲတာလို့ ထင်ပါတယ်။ ကျမသားအပါအဝင် ကလေးတွေကတော့ ကံကောင်းလို့ မထိခိုက်ခဲ့ဘူး။ ကျမတို့ကတော့ ရွာကို ဘယ်နေ့ပြန်ဝင်ကြရမလဲဆိုတာကို မသိရသေးဘူး။ အခုက တခြားရွာတွေမှာရှောင်နေရတော့ အခက်အခဲအများကြီး ရှိကြတာပေါ့နော်"

ဆောနယ်မှာ လေပြင်းတိုက်လို့ ဘုန်ကြီးကျောင်း၊စာသင်ကျောင်းနဲ့ နေအိမ် ၁၂ လုံး ပျက်စီး

"နေ့ခင်း ၃ နာရီလောက်ကနေ ညနေ ၅ နာရီခွဲလောက်ထိ လေရောမိုးရောချတာ။ အိမ် ၁၀ လုံးကျော် ပျက်စီးတယ်။ ဘုန်းကြီးကျောင်းအဆောင်သစ်နဲ့ အိမ်သာလည်းပျက်စီးတယ်။ တချို့အိမ်ဆို အိမ်ခေါင်မိုး လိုက်ပြုတ်ထွက်သွားတာ။ သစ်ပင်တွေလည်းကျိုးတယ်" လို့ ကျေးရွာသားတဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10