ဝက်လက်မှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ၄ ဦးသေဆုံးဟုဆို
"မိုင်း ၃ လုံးဆွဲတာမှာ ပထမ ၁ လုံးဆွဲလိုက်ချိန်မှာ ၄ ကောင်လွင့်စင်ပြီးတော့ လဲကျသေသွားတာကို မြင်လိုက်ရတယ်ဗျ။ မိုင်းက ပေ ၁၀၀ ပတ်လည်သေနိုင်တယ်။ ဒဏ်ရာရတဲ့ကောင်တွေလည်းများနိုင်တယ်"
"မိုင်း ၃ လုံးဆွဲတာမှာ ပထမ ၁ လုံးဆွဲလိုက်ချိန်မှာ ၄ ကောင်လွင့်စင်ပြီးတော့ လဲကျသေသွားတာကို မြင်လိုက်ရတယ်ဗျ။ မိုင်းက ပေ ၁၀၀ ပတ်လည်သေနိုင်တယ်။ ဒဏ်ရာရတဲ့ကောင်တွေလည်းများနိုင်တယ်"
“ထိခိုက်သေဆုံးမှုကို နယ်မြေခံပြောပြချက်အရသိရတယ်။ သူတို့အစည်းအဝေးလုပ်နေတဲ့ သတင်းကိုလည်း ဖရဲသီး (အတွင်းသတင်းပေး)တွေဆီကနေ တဆင့်ကြားရတယ်။ ကျနော်တို့ သူတို့ကို ပစ်ခတ်ပြီတော့ သူတို့ဘက်ကလည်း ကျနော်တို့ကို ၆၀ မမ လက်နက်ကြီးတွေ လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တယ်”
“စစ်ကြောင်းအခြေနေကြောင့် လုပ်ဖို့စီစဥ်နေတာတော့ တော်တော်ကြာပြီ။ အဓိက ကတော့ အညာကပြည်သူတွေ အညာသားတွေက ဘယ်တော့မှ နောက်ဆုတ်အရှုံးမပေးဘူးဆိုတာပါပဲ။"
"သူက သတင်းဌာန နာမည်ရော၊ စကစ နာမည်ပါသုံးပြီး လောင်းကစားဝိုင်းတွေ၊ ရေနံမြေတွေမှာပါ ခြိမ်းခြောက်ငွေတောင်းတာတွေရှိတယ်။ ငွေတောင်းကြမ်းတာကတော့ နာမည်ဆိုးထွက်နေသူပါ"
"ရွာနှစ်ရွာကြားက ကားလမ်းမဘေးမှာ ပျူ ၄ ကောင်က ကင်းဝပ်နေကြတာပေါ့။ အဲဒီအချိန်မှာ ကျနော်တို့အဖွဲ့တွေက ခြုံခိုတိုက်ခိုက်လိုက်တာ။ နေရာမှာတင် ၄ ကောင်စလုံးသေသွားတယ်။ ကျန်တဲ့အသေးစိတ်တွေကိုတော့ စစ်သတင်း လုံခြုံရေးအရ ပြောလို့မရဘူး။ MOD ထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ"
"ခဏလိုက်ခဲ့ဦးဆိုပြီး ခေါ်သွားတယ်လို့ သိရတယ်။ ပို့စ်တင်တဲ့ ကိစ္စတွေပဲဖြစ်မယ်။ သူ့ကိုဖမ်းတာက နှစ်ခါရှိပြီ။ ပထမတခါဖမ်းတာလည်း ပို့စ်တင်တဲ့ကိစ္စပဲ။ သူကကာတွန်းဆရာဆိုတော့ ကာတွန်းဆွဲတာတွေမှာလည်း သဘောမတွေ့တာတွေ ပါတယ်။"
"အမိန့်ချတာဟုတ်ပါတယ်။ ဒါပေမယ့်သူ့ကို အခြားနွေဦးတော်လှန်ရေးကြောင့် ထောင်ချခံရတဲ့သူတွေနဲ့ရောမထားဘူး။ တိုက်ပိတ်တဲ့အခန်းမှာ သီးသန့်ထားတာ။ တိုက်ပိတ်တာတော့မဟုတ်ဘူး သီးသန့်ခွဲထားတဲ့သဘော။"
"ကျနော်တို့တပ်ရင်းမှာက တိုင်းရင်းသားတွေပါ အတူစုဖွဲ့ထားကြောင်း ပြသတာပါ။အခု MOD ကထုတ်ပြန်ကြေညာထားတာကတော့ ကျနော်တို့ မကွေးခရိုင်၊ အမှတ် ၂ တပ်ရင်းအနေနဲ့ အပတ်စဥ်သင်တန်းဖြစ်ပါတယ်။ အခုမကြာမီ အချိန်အတွင်းမှာ အပတ်စဥ် ၂ သင်တန်းပေးဖို့လည်း လုပ်ဆောင်သွားဖို့ရှိပါတယ်ဗျ"
"စကစဘက်က သင်္ချိုင်းကုန်းနားက လယ်ကသင်းကုန်းကို အကာအကွယ်ယူပြီး စောင့်နေတာ။ သတင်းပေါက်သွားတာဖြစ်နိုင်တယ်။ ကျနော်တို့ဘက်က ရဲဘော်တွေက ၁၀ ဦး ဆိုင်ကယ်နဲ့လာတာ။ မြင်လဲ မြင်ရော စကစ ဘက်က အော်တိုတွေနဲ့ပဲ အသားကုန်ပစ်ကြတာ။ ရှေ့ကသွားတဲ့ ဆိုင်ကယ် ၂ စီး ရဲဘော် ၄ ဦးက လွတ်သွားတယ်"
"သူ့ကိုဒကစ ကိုခေါ်သွားပြီး စစ်ဆေးတယ်။ နောက်တော့ အမှတ် ၁ ရဲစခန်းကို ပို့တယ်။ အဲ့ကနေ အကျဉ်းထောင်ကို ပို့တယ်။ တကယ်က သူ့ကို မြန်မာနိုင်ငံအကျဉ်းထောင်အက်ဥပဒေနဲ့ စွဲတာရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ခြောက်လ ပြစ်ဒဏ်ချမှတ်ခံရပြီးလို့ ရက်ပြည့်သွားတာကို အခုလို ၅၀(ည)နဲ့ ထပ်စွဲပြီး ထောင်ထဲမှာပဲ အချုပ်သားအနေနဲ့ဆက်နေရတယ်။ အခုတော့ ထောင်ဒဏ် ၁၀ နှစ်ချလိုက်တယ်ပေါ့။"
“ပထမတခေါက်မှာ ၈ လုံးကြဲတာမှာ ၁၅ ကောင်သေတယ်၊ အဆောက်အဦလည်း လုံးဝ ပျက်စီးသွားတယ်၊ အဲ့ဒီနေရာကနေ ကတုတ်ကျင်းထဲ ဝင်ပြေးတယ်၊ ဒုတိယတခေါက်မှာ ၆ လုံးကြဲတာမှာ ကတုတ်ကျင်းထဲကို တည့်တည့်ထပ်ချတယ်၊ ကတုတ်ကျင်းရှေ့မှာရှိတဲ့ ၂ ကောင်သေတယ်၊ စုစုပေါင်း ၁၇ ကောင်သေတယ်”
“PDFတွေက မနက်ခင်းကင်းလှည့်တာ၊ စစ်**တွေကလည်း အရပ်ဝတ်နဲ့ ကင်းလှည့်တာမှာ တိုးတာပေါ့။ ကိုယ့်လူတွေက ရွာသားလို့ပဲထင်ပြီး အမှတ်တမဲ့သွားတဲ့ချိန် သူတို့ဘက်က လှမ်းပစ်တာ။ အဲ့ချိန်မှာ ဒီဘက်ကလည်း ပြန်ပစ်တာပေါ့”
အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်တဲ့အခါ မီးရှို့တာတွေအပြင် မြင်မြင်သမျှ လူကြီးလူငယ်မရွေး ပစ်ခတ်တာတွေကြောင့်လည်း အညာဒေသက လူတွေရဲ့အသက်ဟာ နေ့မြင်ညပျောက် ဖြစ်နေကြပါတယ်
"ဒီညီအစ်မတွေရဲ့မောင်ဖြစ်သူက ကျွန်းပြင်မှာ အသတ်ခံရလို့ဆိုပြီး EPC ထဲ အထိုင်ချထားတဲ့ တပ်နဲ့ပူးပေါင်းပြီး မြို့စိုးရွာထဲက PDFခေါင်းဆောင်အိမ် အပါအဝင် အဖွဲ့ဝင်အိမ် ၁၅ လုံးကို သူတို့ကိုယ်တိုင် လိုက်ပြပေးတာလို့ မျက်မြင်တဦးကပြောထားတယ်"
"မြွေကိုက်ခံရမှုမြင့်တက်လာတာက အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲလို့ ပြောရမယ်။ အရင်ကရွာတွေမှာပဲ လူတွေက နေကြတာ။ ခုတော့တွေတောင်တွေထဲမှာ လူတွေက အကုန်ရောက်နေတာ။ လူတွေကနေစရာကျဥ်းသွားပြီး မြွေရှိတဲ့နေရာကို ရောက်နေတာ။ ဒါကြောင့်မြွေကိုက်ခံရတဲ့ ဦးရေတိုးလာတာ"