စစ်ကိုင်းမှာ အမျိုးသား ၂ ဦးဆိုင်ကယ်စီးရင် ဆိုင်ကယ်သိမ်းပြီး လူကိုပါ ထောင်ချနေ
"ခုလထဲမှာ တော်တော်လေး အဖမ်းအဆီးများလာတယ်။ တနေရာတည်းမှာ စောင့်ပြီး ဖမ်းတာမျိုး မဟုတ်ဘူး။ သူတို့ဖမ်းချင်တဲ့အချိန် ဖမ်းတာဆိုတော့ ရှောင်ချိန်မရကြဘဲ ဖမ်းခံရတာတွေများတယ်။ အလစ်စောင့်ဖမ်းတာမျိုး။ သူတို့နဲ့ မတွေ့ရင် စီးပြီးသွားနေကြတာပဲ"