သာစည်ရွာမှာ စစ်ကောင်စီကတပ်စွဲပြီး ၆ ရက်ဆက်တိုက်မီးရှို့ ပြည်သူ ၁ ဦးလည်း အသတ်ခံရ
“၆ရက်မြောက် မီးရှို့ခံနေရတယ်၊ ရွာထဲမှာ စစ်**တွေ အများကြီး နေရာယူထားကြပြီးပြီ၊ မနေ့က အသတ်ခံရတဲ့ ပြည်သူတယောက်တွေ့တာ၊ မီးလောင်အိမ်မှာပဲ သင်္ဂြိုဟ်ပေးလိုက်ကြတယ်၊ ဘယ်သူဆိုတာ မသိရသေးဘူး၊ ခုရွာကို ကပ်လို့မရတော့ဘူး။"