ဒိုက်ဦးမြို့နယ် အမြန်လမ်းပေါ်မှာ ခရီးသည်တင်ယာဥ် တိမ်းမှောက်လို့ ၁ ဦးသေ၊ ၁၅ ဦးဒဏ်ရာရ
"ဖြစ်တဲ့အချိန်မှာ မိုးကလည်း ရွာနေ အရှိန်ကလည်းများဆိုတော့ စလစ်ဖြစ်ပြီး မှောက်သွားတာ။ ကားပေါ်မှာက ယာဥ်မောင်းအပါအဝင် ၁၆ ဦးပါတယ်။ သေဆုံးသူကော ဒဏ်ရာရသူတွေကောရှိတယ်"
"ဖြစ်တဲ့အချိန်မှာ မိုးကလည်း ရွာနေ အရှိန်ကလည်းများဆိုတော့ စလစ်ဖြစ်ပြီး မှောက်သွားတာ။ ကားပေါ်မှာက ယာဥ်မောင်းအပါအဝင် ၁၆ ဦးပါတယ်။ သေဆုံးသူကော ဒဏ်ရာရသူတွေကောရှိတယ်"
“မြို့ပေါ်ရဲစခန်းရှေ့မှာ စစ်တာဆေးတာတွေရှိတော့ သူကကြောက်နေတာ။ အဲ့ဒီရှေ့ကို ဆက်မသွား တော့ဘဲနဲ့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာ။ အဲ့ဒါနဲ့ ဟိုကလည်း ရပ်လို့ပြောတာကို မကြားဘဲ ဆိုင်ကယ်ကို ဆက်မောင်းသွားတာ၊ ဟိုဘက်ကပစ်တော့ ဆိုင်ကယ်ရော လူရောလဲသွားတယ်”
“သူတို့(စစ်ကောင်စီ)က မုံရွာ-အရာတော် လမ်းပိုင်းတလျှောက်လုံးကို ကင်းပုန်းချထားတာ။ အဲ့ဒါကို ကျနော်တို့ကရအောင် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ သူတို့ဘက်က လက်နက်ငယ်တွေနဲ့ ပြန်ပစ်တော့ ကျနော်တို့ ဘက်ကလည်း သူတို့နဲ့ ကိုက် ၅၀ အကွာအဝေးကနေ ပြန်ပစ်ခဲ့ပါတယ်”
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ် တနေရာမှာ ဩဂုတ် ၂၀ ရက် မနေ့နေ့လယ်က "တပ်ပေါင်းစုနဲ့အတူချီတက် စစ်သုံးစစ်ကို အမြစ်ဖြတ်” စာတန်းပါဘန်နာကိုချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
"အဖမ်းခံထားရတဲ့သူတွေနဲ့ ဒဏ်ရာရ ၂၀ ကျော်လောက်ကို သင်္ဘောပေါ်တင်လာပြီး အခု ညနေ ၄ နာရီကျော်လောက်မှာ ထီးချိုင့်ဆိပ်ကမ်းကို ကပ်ထားတယ်။ ခါတိုင်းကတော့ တကောင်းမြို့နယ်ထဲက ကြာညှပ်ဘက်က ဆေးရုံကို သယ်တာများတယ်။ အခုတော့ အောက်ဆက် မစုန်သေးဘူး"
"စစ်တပ်က PDF တွေရဲ့ အ၀တ်တွေ၀တ်ပြီး ရွာထဲ၀င်တာ။ ပြီးရင် ဆက်ကြေးကောက်တယ်။ ဖမ်းတယ်။ ပြီးရင် PDF တွေလုပ်ပါတယ်ဆိုပြီး အယောင်ဆောင်ပြီး စစ်ကြောင်းထိုးတာတွေ လုပ်တယ်။ PDF တပ်ဖွဲ့တွေရဲ့ စခန်းကိုစီးပြီဆိုရင် ယူနီဖောင်းတွေအရင်ယူတာ။ အဲဒီကနေရကြတယ် ထင်တယ်။ သူတို့ထဲမှာ မိန်းမတွေလည်းပါတယ်" လို့ အရာတော်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
“စခန်းဝန်းထဲက အိပ်ဆောင်ထဲထိ ဝင်နိုင်ပြီးတော့ သူ့ကို(အရာခံဗိုလ်) အိပ်ဆောင်ထဲတင် ပစ်လိုက် တာ။ ပစ်တဲ့ချိန်မှာ သူကကုတင်ပေါ်မှာ အိပ်နေတာ။ အိပ်နေတုန်းပစ်ရတာဆိုတော့ ပြန်ထမလာတော့ ဘဲ သေတာကိုအတည်ပြုနိုင်တယ်။ ပစ်တုန်းကတော့ အရာခံဗိုလ်မှန်းမသိသေးဘူး၊ နောက်မှ စစ်သား တွေကပဲ ထုတ်ပြောနေလို့ တဆင့်တဆင့်နဲ့ သတင်းပြန်သိရတာ”လို့ CDF - Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက မြေလတ်အသံကို ပြောပါတယ်။
"သွားတာက တင်မောင်နိုင်ကို ဖမ်းဖို့သွားတာ။ သူကထွက်ပြေးချိန်မှာ သူယောက္ခထီးက ဓားထဆွဲတော့ ပစ်ခတ်ခဲ့တယ်။ နောက်မှာ ဒလန်စာရင်းပြန်ကြည့်တော့ သူတို့လည်းပါတယ်။ အုပ်ကြီးကော သူမိန်းမကော သူယောက္ခထီးကော ဒလန်တွေပါ။ ကျန်တဲ့သူကိုတော့ ဘာမှ မလုပ်ခဲ့ဘူး"လို့ ရေတာရှည် ပကဖ တာဝန်ရှိသူ က ပြောပါတယ်။
"လာပစ်တာက စကစ အဖွဲ့က ၃ ဦးလောက်ဘဲ လက်နက်ကြီးထမ်းလာပြီး ဒိုးတန်းဘက်ကို ပစ်ခဲ့တာ။ စစ်တောင်းမြစ် ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်းကို လှမ်းပစ်တာ။ တပ်ထောက်ခံသူ ကြံ့ဖွတ်အိမ်ထိတော့ ဆဲတာ မိုးမွှန်နေတာဘဲလို့ ပြန်သိရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။
“ပထမ ကန့်ဘလူက ထွက်လာတာက အင်အား ၁၀၀ ကျော်ကိုတော့ ကြားကနေ လက်နက်ငယ်နဲ့ ဖြတ်တိုက်မလို့စီစဥ်တာ၊ မဒေါင်းလှပျူနဲ့ပေါင်းလာတော့ အင်အား ၂၀၀ ကျော်ဆိုတော့ အင်အားချင်းမမျှလို့ တဖက်ပွင့် ၂ လုံးနဲ့ ဆွဲခဲ့တာ။ ဒရုန်းကင်မရာမှာ ၁ ဦးလဲကျနေပြီး ၂ ဦးက ထိခိုက်သွားတယ်"
"ဒေသခံတွေဆီကနေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန်မှာ တိုက်ခိုက်ခဲ့တာပါ။ ဒီကောင်တွေ ဆိုင်ကယ်တွေထားခဲ့ပြီး ကာပစ် ပစ်ပြီး ထွက်ပြေးသွားတယ်။ ထိတွေ့မှုဖြစ်တဲ့နေရာကို နယ်မြေရှင်းလင်းရေး လုပ်ပြီးမှ ပြန်တာပါ"
"မနေ့က ဖမ်းမိတဲ့အဝတ်တွေဝတ်ပြီး ရွှေဘိုအထွက်ကတံတားမှာ ဒေသခံတွေကို စစ်ဆေးနေတာလို့ သိရတယ်။ ရွာထဲက ဒေသခံတွေလည်း ထွက်ပြေးရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်ထားလို့ ဒေသခံတွေရွာထဲမှာ ရှိနေတယ်"
"ကျနော်တို့ မပစ်ခင် မနက်စောစောက စခန်းထဲက ၁၇ ယောက်လောက်ထွက်ပြီး လက်နက်ကြီးနဲ့ ရွာသားတွေဘက်ကို ပစ်တာ။ မိန်းမသားတဦး လက်နက်ကြီးကျည်ကျပြီး ထိခိုက်ဒဏ်ရာရတယ်။ အဲ့ဒါနဲ့ ကျနော်တို့လည်း အဖွဲ့ ၆ ဖွဲ့ ဖွဲ့ပြီးတော့ လက်နက်ကြီးနဲ့ပစ်တယ်၊ ဒရုန်းနဲ့ ဗုံးကြဲချတယ်။"
"ခုလမ်းက အရင် အင်္ဂလိပ်ခေတ်ကတည်းက လမ်းတွေ။ ခုက သူတို့ဂိတ်တွေကို ဝင်တိုက်ခံရမှာစိုးလို့ ဖျက်လိုက်တာနဲ့ တူတယ်။ ခုလောလောဆယ်တော့ ပြည်သူတွေဒုက္ခရောက်ရတာပေါ့။ သွားလာရ အဆင်မပြေတော့ဘူး။ သူတို့ဖျက်ထားတာဆိုတော့ ဘယ်သူမှလည်း မပြင်ရဲဘူး"
“ရရှိလာတဲ့ဆီကို တပ်တွင်းစားသုံးဆီအတွက် အဓိကအသုံးပြုသွားမှာပါ ။ တပ်ဖွဲ့ဝင်ထဲက မိသားစု ဝင်တွေစိုက်ပျိုးထားတဲ့ နှမ်းခင်းတွေကိုလည်း ကျနော်တို့ရဲဘော်တွေက ကူညီရိတ်သိမ်းပေးတာတွေလည်း လုပ်ခဲ့ပါတယ် "