မြိုင်မြို့အနီး ထန်းဘုန်းတောရွာက နေအိမ် အလုံး ၃၀ ကျော်ကို စစ်တပ်က မီးရှို့
“ထန်းဘုန်းတောရွာကိုဝင်တဲ့အချိန် ကာကွယ်ရေးအဖွဲ့တွေနဲ့ ပစ်ခတ်ဖြစ်မှုတွေ ဖြစ်သေးတယ်။ သူတို့ဘက်က ထိခိုက်သေဆုံးတာတွေလည်း ရှိတယ်လို့ကြားတယ်။ သူတို့တွေ ထန်းဘုန်းတောရွာ ကိုမီးရှို့ ပြီး ကန်နီထဲကို ပြန်ဝင်တဲ့အချိန် အဲဒီရွာက ရွာသားတွေ သပြေခက်တွေနဲ့ ကြိုဆိုကြတယ်လို့ ကျနော်တို့ သတင်းရတယ်” လို့ မြိုင် - နွေဦးတော်လှန်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။