ပဲခူးရိုးပေါ်ရှိ မြို့ချောင်း-စိန်ကန့်လန့် လမ်းပိုင်းမှာ PDF တပ်ဖွဲ့ဝင်တွေနယ်မြေရှင်းလင်းရေးပြုလုပ်
"ကျနော်တို့ PDF တွေနယ်မြေစိုးမိုးထားတဲ့နေရာမှာ စစ်တပ်ဘက်ကသစ်ခိုးထုတ်နေတာသိလို့ လုံခြုံရေးအရ စစ်ဆေးနေတာပါ။ ပြည်သူတွေပူပေါင်းပါဝင်တဲ့အနေနဲ့ စစ်တပ်နဲ့ဝေးဝေးနေကြပါ။ အတတ်နိုင်ဆုံး ဒီလမ်းကိုမလာကြဖို့ ပြောချင်ပါတယ်" လို့ သာယာဝတီခရိုင် PDF တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။