သတင်း

သာစည်မြို့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စစ်မှုထမ်းဟောင်း ရှင်းလင်းခံရ

"ကျန်တဲ့ နှစ်ယောက်တော့ ဘာမှမလုပ်ပါဘူး။ ဇော်ဝင်းကိုပဲ ငါးချက်ပစ်ခတ်ခဲ့တာ။ နေရာမှာတင် ပွဲချင်းပြီးတယ်။ သူက စကစတပ်သားဟောင်းတယောက်ပါ" လို့ သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံနဂါးလေးက ပြောပါတယ်။

ဟိုက်ဂျက်ကားတစီး ချောက်ထဲကျလို့ အရပ်သား ၆ ဦးဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရ

“သူတို့က ချောက်ထဲကျနေတာ၊ ခေါင်းထိထားတဲ့ ၂ ယောက်ကတော့ အပြင်ပိုင်းက ဆုံးဖြတ်ပေးလို့ မရဘူး၊ ဓာတ်မှန်ရိုက်ပြီးမှ ဘာထိသွားလဲ သိမှာဗျ၊ လောလောဆယ်တော့ အပြင်ပုံသဏ္ဍာန်အရ သတိလစ်တယ်။ သွေးထွက်များတဲ့အတွက် စိုးရိမ်ရတဲ့အဆင့်ထဲ သတ်မှတ်လိုက်တာ"လို့ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း တာဝန်ခံတဦးက ပြောပါတယ်။

မြန်မာပြည်အထက်ပိုင်းကိုပို့မယ့် လက်နက်ခဲယမ်းတွေနဲ့ ရဲဘော်တဦး ဇီးရိုးမိုင်မှာ အဖမ်းခံရ

“လက်နက်အလက် ၂၀ နဲ့အတူ ရဲဘော်တဦးပါ အဖမ်းခံလိုက်ရပါတယ်၊ Taxi ကားထဲကထုတ်တာမှာ မိသွားတာ။ ကျနော်တို့ ပစ္စည်းအသယ်ပြုလုပ်တဲ့အခါ ဘယ်နေရာကိုအတိအကျလာဖို့ ချိန်းထားပြီးသားပါ၊ အဲဒီအချိန်မှာ သူတခုခုဖြစ်သွားပြီဆိုတာ ကျနော်တို့ကသိသွားတာကြောင့် ပြန်မယ့်လမ်းကြောင်းကို ပြန်ခဲ့တာ” လို့ Borderless Freedom Federal Column မှ ဗိုလ်ကြာစိက ပြောပါတယ်။

ကမ္မမှာ စစ်တပ်နဲ့ရဲအလင်းဝင်ဖို့သတိပေးတဲ့ ဗီနိုင်းကပ်ခံရပြီးနောက် မြို့ပေါ်ဗီနိုင်းဆိုင်က အမျိုးသမီး ၂ ဦးဖမ်းခံရ

"သူတို့က အဲ့ဒီဆိုင်ကို ဦးတည်ထားပြီး ဝင်ဖမ်းသွားတာလို့ သိရတယ်။ အဓိက က ကမ္မမြို့မှာ စကစတပ်သားတွေနဲ့ ဝန်ထမ်းတွေ ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ဆိုင်းဘုတ်ဗီနိုင်းကို သူတို့လုပ်ပေးတယ်ဆိုပြီး ဖမ်းသွားတာ။ အမှန်တကယ်က သူတို့က ကျနော်တို့နဲ့ ပတ်သက်တာမရှိဘူး"

ပေါက်မြို့အဝင်စစ်တပ်ဂိတ်ကို တိုက်ခိုက်၊ စစ်သားတွေနေတဲ့ ယာယီတဲတွေကိုမီးရှို့နိုင်ခဲ့ပြီး ၄ ဦးသေဆုံးဟုဆို

" တိုက်ခိုက်နေချိန်မှာ ကျနော်တို့ နောက်ဘက်မှာရှိတဲ့ စကစစခန်းတွေကလည်း လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတာ။ ကျနော်တို့က ကြားထဲရောက်နေတဲ့အချိန် ကျည်လည်းမလုံမလောက်ဖြစ်တော့ ဂိတ်ကိုမသိမ်းနိုင်ခဲ့ဘဲ စကစအိမ်တွေကို မီးရှို့ပြီးဆုတ်လာခဲ့ရတာ။ တဲ ၄ လုံးလောက် မီးလောင်သွားတယ်"

ပေါင်းတည်မှာ လူငယ်အမျိုးသားတဦး ကြိုးဆွဲချသေဆုံး

“ဘယ်လိုဖြစ် သေတယ်လို့တော့ မသိရဘူး။ သူကတော့ အေးအေးဆေးဆေးနေတတ်တာ။ ကြားရတာတော့ လင်မယားချင်း စကားများတာလို့တော့ သိရတယ်"

စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ ထွက်ပြေးရာက အမျိုးသမီးတဦး အမောဖောက်သေဆုံး

"သေတဲ့အမျိုးသမီးက ပြေးရင်းလွှားရင်း အမောဖောက်ပြီးသေတာ။ ဒဏ်ရာရတဲ့ကလေးကတော့ ဒူးခေါင်းမှာရသွားတာ။ ထွက်ပြေးတဲ့နွားလှည်းက နွားတကောင်က ခြေထောက်တဖက်ပိုင်းပြီးသေတာ။ လှည်းပေါ်ကလူတွေတော့ ဘာမှမဖြစ်ခဲ့ဘူး"

ပဲခူးမှာ ရေထဲပြုတ်ကျပြီး အမျိုးသား ၁ ဦး ရေနစ်သေဆုံး

"သူက အရက်မူးနေတယ်လို့ ပြောတယ်။ လူတယောက် ရေထဲပြုတ်ကျသွားတာကို လယ်ကွင်းထဲက သူတွေက လှမ်းမြင်လိုက်ပေမယ့် ပြန်တက်လာမယ်ထင်ကြတာ။ နည်းနည်းကြာတော့ ပြန်တက်လာတာမတွေ့မှ အကူအညီလှမ်းတောင်း၊ သွားဆယ်ကြရတာ"

မကွေးလေတပ် ရှော့တိုက်ဒုံး ၅ လုံးနဲ့ပစ်ခတ်ခံရ၊ ဆီဂိုထောင်ထိမှန်ပြီး တပ်သားတချို့ထိခိုက်သေဆုံးဟုဆို

“ ၅ လုံးပစ်တာမှာ ၄ လုံး လေတပ်ထဲမှာကွဲတယ်လို့ သိရတယ်။ ၁ လုံး error တက်တယ်။ အဓိကပစ်တာက ပြေးလမ်းပစ်တယ်၊ ဆီဂိုထောင်ပစ်တယ်၊ ကင်းတဲဘက်ကိုပစ်တယ်”

မြင်းမူနယ်၊ မဲနောရွာက အိမ်ခြေ ၁၀၀ နီးပါးကို စစ်တပ်ကမီးရှို့

“အခုလာတဲ့စစ်ကြောင်းထဲမှာ ပျူတွေများတယ်။ ပျူမိန်းမတွေလည်း ပါတယ်။ သူတို့ (စစ်ကောင်စီ)တွေက ထိတွေ့ပစ်ခတ်မှုမရှိဘဲ ဗြုန်းစားကြီးဝင်ရောက်လာတော့ ပြည်သူတွေက ဘာမှယူချိန်မရလိုက်ဘူး။ အဝတ်တထည်ကိုယ်တခုနဲ့ပဲ ထွက်ပြေးရတယ်”

စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃ ခုက ရွာတွေကို စစ်တပ်က ဆက်တိုက် မီးရှို့၊ ဒေသခံတချို့ကိုပါ ဖမ်းဆီးသတ်ဖြတ်

"ညောင်ပင်ရွာက စိတ်မနှံ့တဲ့အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက် အသတ်ခံထားရတယ်။ အဲ့ဒီရွာမှာ လေးယောက်အသတ်ခံရတယ်လို့ ကြားတယ်။ ဘေးရွာတွေရောဆို အသတ်ခံရတဲ့သူတွေတော်တော်များတယ်။ အတိအကျမသိရဘူး။ အသတ်ခံရတဲ့သူအများစုက စိတ်မနှံ့တဲ့သူတွေ"

ကျောက်ကြီး-နတ်သံကွင်းလမ်းပေါ်မှာ ပစ်ခတ်ခံရလို့ ပြည်သူ ၂ ဦးသေ ၂ ဦးဒဏ်ရာရ

"တံတားပျက်နေတော့ ဆိုင်ကယ်လေးတွေ သွားလာလို့ရအောင် ပျဥ်ပြားတံတားလေး လုပ်ထားကြတာ။ သံတွေဘာတွေတောင်မရိုက်ထားဘဲ ဆိုင်ကယ်တစီးလောက်သွားလို့ရအောင် ဒေသခံတွေက လုပ်ထားကြတာ။ မနေ့က အဲ့နားမှာ ဆိုင်ကယ်ကယ်ရီသမားတွေကော ဒေသခံတွေကော တံတားကူးနေချိန် ပစ်ခံရတာ"

ပခုက္ကူနယ်တွင် စစ်ရှောင်နဲ့ဒေသခံတွေ ဖျားနာရောဂါအဖြစ်များပြီး ဆေးဝါးအကူအညီလိုအပ်နေ

"ရာသီပေါ်ဖျားနာတာတွေနဲ့ သွေးလွန်တုပ်ကွေးတွေ အဖြစ်များနေကြတယ်။ တပ်ရင်းမှာရှိတဲ့ ဆေးဝါးနဲ့တော့ အဆင်ပြေအောင်ကုပေးနေပါတယ်။ ယားနာတွေပေါက်တာနဲ့ ကိုယ်ဆောင်မိခင်တွေလည်း ရှိတယ်။ ဆေးဝါးပစ္စည်းတွေက လုံလောက်တာမျိုး မရှိသေးပါဘူး"

ခင်ဦးနယ်မှာ ၁ ရက်တည်း ရွာ ၂ ရွာကို စစ်ကောင်စီက တိုက်ခိုက်လို့ လူနဲ့တိရစ္ဆာန်တွေသေဆုံးဒဏ်ရာရ

"ရွာမဝင်ခင် ဘေးကင်းအောင်လို့ လက်နက်ကြီးနဲ့ အရင်ပစ်တယ်။ ရဲနဲ့ပျူတွေ ရွာထဲဝင်လာတယ်။ စာသင်ကျောင်းမှာနေတဲ့ စစ်ရှောင်တွေရဲ့ အိမ်တွေက ဆန်၊ အဝတ်အထည်၊ တခြားစားစရာတွေခိုးသွားကြတယ် "

ရဲ ၁ ဦးကိုရှင်းလင်းပြီးနောက် စစ်တပ်နဲ့ရဲ ပြည်သူနဲ့ပူးပေါင်းဖို့ ကမ္မမြို့မှာ PDF က ဗီနိုင်းစိုက်ထူသတိပေး

" သူတို့ (စစ်အုပ်စု)က PDFတွေနဲ့ PDFပတ်သက်မှုရှိတဲ့ လူ့အဖွဲ့အစည်းတွေကို သူတို့ဆီခိုလှုံဖို့ သိမ်းသွင်းတဲ့ သဘာဝမကျတဲ့စာကို လုံးဝဆန့်ကျင်ပြီး သူတို့စကစကို ကျနော်တို့ PDF တွေဆီ ပြန်လည်ခိုလှုံရန် သတိပေး၊ အသိပေးခဲ့တဲ့ ရည်ရွယ်ချက်နဲ့သူတို့ဆိုင်းဘုတ်ကိုဖြုတ်ချပြီး ကျနော်တို့သတိပေးစာကို ပြန်ကပ်ခဲ့တာပါဗျ "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10