သတင်း

အရာတော်၊ ဆင်တလည်ရွာကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်၊ ပြည်သူ ၄ ဦးဒဏ်ရာရ

"လောလောဆယ် အသက် ၈၀ ကျော်အဖွားရယ်၊ ယောကျာ်းလေး ကလေးငယ် ၁ ဦး ရယ်ကို ကျနော်တို့ ဆေးကုပေးနေတယ်။ ကျန်တဲ့ ၂ ဦးကတော့ မသိရသေးဘူး" လို့ စစ်ရှောင်ကူညီနေသူတဦးက ပြောပါတယ်။

ဖမ်းဆီးထောင်ချခံထားရတဲ့ ဝေါမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် သေဆုံး

"သူကို စကစက ထောင်ချထားပြီးတော့ ရောဂါဖြစ်လို့ ဆေးရုံတက်ကုသနေရာကနေ ညက ဆုံးသွားတယ်။ သူဆေးရုံတက်နေရချိန် သူမိသားစုက သွားတွေ့ခွင့်ရတယ်လို့တော့ သိရတယ်။"လို့ ဦးမောင်ဒီ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

တကန်သာရွာ လေကြောင်းတိုက်ခိုက်မှု ၁ ဦးဒဏ်ရာရပြီး အိမ် ၉ လုံးမီးလောင်၊ လေယာဉ်ထပ်ဝဲလို့  ရွာထဲမဝင်ရဲသေး

“နေမကောင်းလို့မပြေးလွှားနိုင်တဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦး ဦးခေါင်းထိမှန်ဒဏ်ရာရတယ်။ နေအိမ်တွေလည်း ထိမှန်ပေါက်ကွဲပြီး မီးလောင်တာ” လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ချောင်းဦးမြို့ပေါ်လမ်းမမှာ ပိုက်ဆံတောင်းရမ်းနေတဲ့စစ်တပ် တိုက်ခိုက်ခံရလို့  ၅ ဦးသေ

"ကျနော်တို့ ပွိုင့်ထဲဝင်တာနဲ့ကို ဆွဲလိုက်တာဖြစ်လို့ ၅ ကောင်က နေရာမှာတင်လဲကျသေသွားတယ်။ ကျန် ၅ ကောင်က ဒဏ်ရာအနည်းငယ်ရပြီးတော့ သေတဲ့ကောင်တွေကို ဆွဲယူပြီးစခန်း ထဲဝင်သွားကြတယ်"လို့ Farmers Revolution Force (FRF) မုံရွာခရိုင် တပ်ရင်း(၈)မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

လမ်းဘေးရေမြောင်းထဲ ရေဆင်းကူးတဲ့ကျောင်းသား ၂ ဦး ရေနစ်သေဆုံး

"ကလေးတွေက ကျောင်းပြေးပြီး ရေဆင်းကူးတာနေမယ်။ ရေနစ်နေတာကို လမ်းသွားလမ်းလာတွေက တွေ့ရာကနေ ဝိုင်းဆယ်ကြတာ။ သူတို့ရေနစ်တဲ့နေရာ ဆည်မြောင်းဘေးမှာ ဘတ်ဟိုးတွေနဲ့ မြေတူးထားတဲ့ မြောင်းလိုဖြစ်နေတဲ့နေရာမှာ ဖြစ်တာ" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ရေလယ်ကျွန်းမှာ မြစ်ရေကြီးလာလို့ စစ်ရှောင်တွေပြောင်းရွေ့နေကြရပြီး ဝါးနဲ့မိုးကာ အကူအညီ လိုအပ်နေ

"မြေနိမ့်ပိုင်းက ရေဝင်လာတဲ့ တဲတွေအရင်ရွေ့နေရတယ်။ လှေပေါ် ပစ္စည်းတွေတင်ပြီး တဘက်ကမ်းကိုပြန်ရွေ့ရတာပါ။ လှေမရှိတဲ့သူတွေက ပိုခက်ခဲကြတယ်။ ကျွန်းပေါ်မှာ ခုံမြင့်တဲ့နေရာကသိပ်မရှိတော့ဘူး။ တဲပြန်ထိုးဖို့ဝါးနဲ့မိုးကာ မရှိလို့ အခက်အခဲတွေ့ နေရတယ်" လို့ စစ်ရှောင်ရွာသားတဦးက ပြောပါတယ်။

မကွေးစစ်ဆေးရုံကို ရဟတ်ယာဉ်နဲ့လာပို့တဲ့ ဒဏ်ရာရစစ်သားတွေ များပြားနေပြီး သေဆုံးသူတွေလည်းရှိ

“ဒီ ယောနယ်နဲ့ ပခုက္ကူ၊ပေါက်ဘက်က ဒဏ်ရာပြင်းထန်စစ်သားတွေလို့ သိရတယ်။ ဘယ်တိုက်ပွဲတွေလည်းတော့ မသိဘူး။ ရဟတ်ယာဉ်နဲ့ လေတပ်မှလာချတယ်။ လေတပ်ထဲကို Ambulance ၃၊ ၄ စီးခေါ်တယ်။ ပြီးရင် ၁၆၊ ၁၀၀ (စစ်ဆေးရုံ)ထဲ ပို့တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာဘဲ ၃၊ ၄ ရက်ဆက်တိုက်ရှိနေပြီ” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ မကွေးတပ်သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

နတ်မောက်က စစ်ကောင်စီသတင်းပေးဆိုသူ ဖမ်းဆီးရှင်းလင်းခံရ

"ကျနော်တို့က သူ့ကို ရှာနေတာတော့ ကြာပြီ။ မတွေ့ဘူး။ ခုကလည်း ကျနော်တို့အလုပ်ကိစ္စတခုနဲ့သွားနေချိန် သူကလည်း သူအဖော်တွေနဲ့လာချိန် လမ်းမှာဆုံလို့ ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းပြီး ရှင်းပစ်လိုက်တာဖြစ်တယ်"လို့ နတ်မောက် ဂဠုန် PDF တာဝန်ခံ ဗိုလ်အောင်ဒင်က ပြောပါတယ်။

ရွှေဘိုက တကန်သာရွာကို စစ်တပ်က လေကြောင်းက တိုက်ခိုက်လို့ လူနေအိမ်တွေ မီးလောင်

"တိုက်ပွဲမှာ စစ်တပ်က အထိနာလို့ထင်တယ်။ ညနေဘက်မှာ အနားကရွာကို လေယာဥ်နဲ့လာပစ်တာပဲ။တရွာလုံးတော့ မီးတွေလောင်နေတယ်"

မြင်းမူမြို့ မူးမန္တလေးရွာကို စစ်တပ်ကထပ်မံမီးရှို့

"မနေ့ညနေက မီးလောင်နေတာကို ကြည့်ရတာတော့ တရွာလုံးပါနိုင်တယ်။ စစ်တပ်ကရွာဘေးမှာပဲ ရှိနေသေးတာမို့ ရွာအနားကို ဘယ်သူမှပြန်ကပ်လို့မရသေးဘူး"

မုံရွာမှာ စစ်ကောင်စီတပ်သားတွေ ၆၀ မမနဲ့ ပစ်ခံရလို့ ၂ ဦးသေ ၃ ဦးဒဏ်ရာရဟုဆို

"ကျနော်တို့ ည ၆ နာရီကျော်လောက်မှာ ချဉ်းကပ်တာ၊ ကျနော်တို့ ည ၇ နာရီကျော်လောက်မှ ပစ်ရတယ်၊ အဲ့ဒီ‌စခန်းမှာက နမခ စစ်သားနဲ့ တောပုရွာ ပျူစောထီး တပ်စွဲနေတာ၊ နမခဘက်က ဘက်ဖိုးနဲ့ဘန်ကာ အခိုင်အမာတည်ဆောက်ဖို့ လာတယ်ဆိုလို့ ကျနော်တို့လျှပ်တပြတ် ဝင်ရောက်တိုက်ခိုက်တာ"

တပ်မ ၇၇ စစ်ကြောင်း လက်နက်ကြီးနဲ့ ပစ်ခံရလို့ ၃ ဦးသေဆုံး

"သူတို့တထောက်နားနေတဲ့အချိန် ကျနော်တို့ YRA ကနေပြီးတော့ လက်နက်ကြီးနဲ့ တရစပ်ပစ်ခတ်ခဲ့တာ။ ကျနော်တို့ဘက်က အန္တရာယ်ကင်းကင်းနဲ့ ဆုတ်ခွာလာနိုင်ခဲ့တယ်။ စစ်ကောင်စီဘက်ကတော့ ၃ ဦးသေပြီး ဒဏ်ရာရတာလည်း ၄ ဦးလောက်ရရှိခဲ့တယ်"

ပြည်မြို့ဝန်းကျင်ရှိ CDM များကို ဖမ်းဆီးမယ်လို့ သတင်းများထွက်ပေါ်ပြီး အိမ်တွေကို လိုက်လံစစ်ဆေးနေ

"ကြိုရှောင်ထားတာတော့ ကောင်းပါတယ်။ သူတို့ က မထင်ရင်မထင်သလို ဧည့်စာရင်းစစ်တာမျိုးတွေလည်း လုပ်တော့ ကိုယ့်လူတွေကို ထိမသွားစေချင်ဘူး။ တချို့ကလည်း အေးသွားပြီအထင်နဲ့ ခဏပြန်လာတတ်တာမျိုးရှိတယ်။ ရပ်ကွက်တွေထဲမှာကလည်း ဒလန်သတင်းပေးတွေက စောင့်ကြည့်နေကြတယ်။" လို့ မြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးကပြောပါတယ်။

စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတဦး မိုင်းထိလို့ ခြေတဖက်ဖြတ်လိုက်ရ

“မိုင်းထောင်ထားတာကလည်း စကစ ကပဲထောင်ထားတာလေ၊ သူတို့မိုင်းကွဲတော့လည်းပြည်သူတွေက လာကြည့်ရဲမှာမဟုတ်ဘူး။ သူတို့စကစအတိုင်းအဝိုင်းကပဲလာကြည့်ပြီး ဆေးရုံကိုခေါ်သွားတယ်။ ခြေထောက်တဖက်တော့ ဖြတ်လိုက်ရတယ်လို့ ကြားတယ်” လို့ အမည်မဖော်လိုတဲ့ ထီးလင်းမြိုခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကိုင်းမှာ ဒဏ်ရာရစစ်သားတွေကိုတင်လာတဲ့ စစ်ကောင်စီကား မိုင်းဆွဲခံရလို့ ၁ ဦး သေဆုံးဟုဆို

"လူနာတင်ကားက မာလဲတောကကား။ ကားကတော့ ပျက်စီးသွားပြီးတော့ မောင်းလို့မရဖြစ်သွားတယ်။ ၁ ယောက်ကပွဲချင်းပြီးသေတယ်။ ၄ ယောက်က ဒဏ်ရာပြင်းတယ်လို့ ဖရဲသီးပြောလို့ အတည်ပြုနိုင်ခဲ့တယ်။ အဲကောင်တွေကို နောက်ကားတစီးနဲ့ ယူလာခဲ့ကြတယ်" လို့ Fight For Federal မှ တာဝန်ရှိသူတဦး က ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10