သတင်း

စစ်ရေးအန္တရာယ်ကြားမှာ အာဇာနည်တွေကို ဦးညွှတ်ဂုဏ်ပြု

ရွှေဘိုခရိုင်တပ်ရင်း ၁၅ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပြည်သူအနည်းငယ်ဟာ လွတ်လပ်ရေးတိုက်ပွဲဝင်ရင်းကျဆုံးသွားတဲ့ အာဇာနည် ၉ ဦးနဲ့အတူ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားခဲ့သူတွေကို စစ်ရေးအန္တရာယ်ကြားကပဲ ဒီနေ့ အခမ်းအနားလုပ် ဦးညွှတ်ဂုဏ်ပြုခဲ့ကြပါတယ်။

အညာဒေသက PDF တွေရဲ့ တိုက်ပွဲကြားကျင်းပခဲ့ကြတဲ့ ဇူလိုင် ၁၉

မြေလတ်အသံကနေ ရရှိထားတဲ့ ၇၆ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အညာဒေသက PDF အဖွဲ့တွေ ဘယ်လိုကျင်းပခဲ့တယ်ဆိုတာ စုစည်းတင်ပြလိုက်ပါတယ်။

ညောင်ဦးမှာ PDFနဲ့ပြည်သူ ၁၀၀ ကျော် ပူးပေါင်းပြီး အာဇာနည်နေ့ကျင်းပ

အခမ်းအနားမှာ "ပြည်ထောင်စုဖက်ဒရယ် အလံအားအလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ၉ ဦးအား အလေးပြုခြင်း၊ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားသော သူရဲကောင်းများအား အလေးပြုခြင်း၊ CDM ဆရာဆရာမများက ကျောင်သားကျောင်းသူများအား အာဇာနည်နေ့ အကြောင်းရှင်းပြခြင်း" စတာတွေကို ပြုလုပ်ခဲ့ကြတယ်လို့ Bagan Ogre Force ပြန်ကြားရေးတာဝန်ခံ ဇီးကွက်က ပြောပါတယ်။

ပေါက်မြို့နယ်တိုက်ပွဲမှာ PDF ၃ဦးနဲ့ ပျူ ၂ဦးသေပြီး ၂ဖက်ဒဏ်ရာရသူများရှိ

"အဲ့ဒီရွာမှာက ခလရ ၂၅၃ က စစ်သားနဲ့ ရဲတွေပါမျှထားတာ။ ပျူကောဆိုရင် အင်အား ၈၀ နဲ့ ၁၀၀ ဝန်းကျင်ရှိတယ်။ လက်နက်ငယ်တွေနဲ့ ရွာထဲအထိ ဝင်ပစ်နိုင်ခဲ့တာ။ ရဲဘော် ၃ ဦးသေပြီး ၄ ဦးဒဏ်ရာရခဲ့တယ်။ ၁ ဦးကတော့ အလောင်းမကောက်နိုင်ခဲ့ဘူး။"

ပဲခူးတိုင်းအတွင်းက PDFတွေ ကျင်းပခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားများ

ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပြည်ခရိုင် တပ်ရင်း ၃၆၀၂ ဇော်ဂျီစစ်ကြောင်း၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ တပ်ခွဲ (၂၊ ၃၊ ၄)၊ တောင်ငူခရိုင် တပ်ရင်း ၃၅၀၁ တပ်ခွဲ (၃၊ ၄၊ ၆)၊ ရေတာရှည်မြို့နယ် ပကဖ နဲ့ အလယ်ပိုင်းတိုင်း နေပြည်တော်စစ်‌ဒေသခွဲ ရိုးမစစ်ကြောင်း စတဲ့ တပ်ရင်း၊ တပ်ခွဲ အသီးသီးမှာ ကျင်းပခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားတွေကို စုစည်းတင်ဆက်ထားပါတယ်။

လေကြောင်းဝဲနေတဲ့ကြားက အာဇာနည်နေ့အထိမ်းအမှတ် သပိတ်စစ်ကြောင်း ထွက်ခဲ့

"မနက်ခင်း သပိတ်စစ်ကြောင်း မစခင်မှာ ရဟတ်ယာဉ်တွေဝဲနေပေမယ့် ကျေးရွာပြည်သူလူထုက တက်ကြွစွာ ပါဝင်လာတဲ့အတွက် ရဟတ်ယာဉ်တွေဝဲနေတဲ့ကြားကပဲ သပိတ်စစ်ကြောင်းထွက်ခဲ့ပါတယ်”

ပျူတွေ လက်နက်ကြီးပစ်နေတဲ့ကြားက ရဲဘော်တွေ ကင်းပုန်းဝပ်ပြီး အာဇာနည်နေ့ကို ကျင်းပခဲ့

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းမှာ ၇၆ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနား မကျင်းပမီ မုံရွာမြို့နယ်ထဲက ပျူစောထီးရွာတွေကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေလို့ ရဲဘော်တွေ ကင်းပုန်းဝပ် လုံခြုံရေးယူပေးကာ အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ရတယ်လို့ Special Guerilla Force (SGF) မုံရွာအဖွဲ့ဆီက သိရပါတယ်။

ပေါက်မြို့နယ်မှာ NUG ပြည်သူ့အခြေပြုပညာရေးကျောင်းဖွင့်ပွဲနဲ့ အာဇာနည်နေ့အခမ်းအနားပြုလုပ်

"ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ၉ ဦးသာမကဘဲ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့သူတွေကလည်း ကိုယ်ကျိုးမကြည့်ဘဲ အများအကျိုးဆောင်ရွက်သူတွေဖြစ်လို့ အာဇာနည်သူရဲကောင်းအားလုံးကို အလေးပြုချင်တဲ့အတွက် ပြုလုပ်ခဲ့တာပါ"

အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် မြောင်၊ ကျောက်ရစ်ရဲစခန်းကို ရှော့တိုက်ဒုံး ၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်

" ၂လုံးမှာ တလုံးက စခန်းထဲကွက်တိကျသွားပြီးတော့ နောက်တလုံးက စခန်းဘေးကျသွားတယ်။ သေဆုံး၊ ဒဏ်ရာရစာရင်းကို မသိရသေးဘူး ။ ကျနော်တို့က မီတာ ၂၀၀အကွာကနေ ပစ်ခတ်ခဲ့တာ"

မကွေးခရိုင်အမှတ် ၂ PDF တပ်ရင်းမှာ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနား

မကွေးတိုင်း၊ မကွေးမြို့နယ်တနေရာမှာ ရဲဘော်အင်အား ၆၀ ဝန်းကျင်နဲ့ ၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်ခဲ့ပြီး စစ်ကြောင်းနဲ့ လေကြောင်းရန်တွေရှိတဲ့အတွက် အကျဉ်းချုံး ကျင်းပခဲ့တယ်လို့ မကွေးခရိုင် တပ်ရင်း ၂ တာဝန်ခံ ကိုခန့်ဆီကတဆင့် သိရပါတယ်။

စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ ၅ နှစ်အရွယ် ကလေး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

“နေအိမ်တအိမ်တည်း ၃ ယောက်ထိတယ်။ ဆေးကုသွားရင်း ကလေး ၁ ဦးကလမ်းမှာ ဆုံးသွားတယ်။ လူကြီး ၂ ဦးကတော့ ဆေးကုသမှုခံယူနေတယ်”

ကျောင်းသားပြည်သူ ၅၀၀ ကျော်က ခေတ်အဆက်ဆက်အာဇာနည်များကို ဂုဏ်ပြု

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ကျေးရွာတရွာမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ ကျောင်းသားပြည်သူ ၅၀၀ ကျော်ပူးပေါင်းကာ လွတ်လပ်ရေးတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြတဲ့ အာဇာနည်တွေအပါအဝင် နွေဦးတော်လှန်ရေးကာလ ကျဆုံးခဲ့တဲ့ အာဇာနည်တွေကို ၇၆ ကြိမ်မြောက် အာဇာနည်နေ့မှာ ဂုဏ်ပြုခဲ့ကြပါတယ်။

စစ်ကိုင်းမှာ အာဇာနည်ခေါင်းဆောင်တွေအပါ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးရဲဘော်တွေကို ဂုဏ်ပြု

"ဒေသခံတွေက ပြုလုပ်တာပါ။ ဒေသခံကာကွယ်ရေးရဲဘော်တွေက လုံခြုံရေးပေးထားပါတယ်"

ကလေးခရိုင်အမှတ် (၁၁) တပ်ရင်း (မင်းကင်း)က အာဇာနည်နေ့အခမ်းအနား ကျင်းပ

"ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲရသော အာဇာနည်သူရဲကောင်းများအား အလေးပြုခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာဓိဌာန်အားရွတ်ဆိုကြခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများအား အောက်မေ့သတိရသောအားဖြင့် တမိနစ်ငြိမ်သက်ကာ ဆုတောင်းမေတ္တာပို့သခြင်း" တို့ကိုပြုလုပ်ခဲ့ကြတယ်

စစ်တပ်ထောက်ပို့လမ်းကြောင်းကို မိုင်းထောင်ချိန် ပစ်ခတ်မှုဖြစ်ပြီး ရဲတွေဘက်က ၂ဦးသေ ၁ဦးဒဏ်ရာရ

"အဓိက ရန်ကုန်-နေပြည်တော် စကစ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ဖို့ မစ်ရှင်လုပ်နေချိန် လှည့်ကင်းနဲ့ဆုံပြီး ပစ်ခတ်မှုဖြစ်တယ်။ ဖြစ်နေတဲ့အချိန်မှာပဲ တံတားနဲ့ ရထားလမ်းကို ဖောက်ခွဲနိုင်ခဲ့တယ်။ ကြေညာချက်ထုတ်ပြန်ထားတဲ့အတိုင်းပဲ နယ်မြေစိုးမိုးရေးလုပ်ငန်းစဥ်တွေထဲက ခုမစ်ရှင်က တခုပါ။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10