ထိတွေမှုဖြစ်ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ ရင်းကဲကျေးရွာကနေအိမ်တွေ မီးလောင်
“သူတို့ကို တိုက်ခိုက်တဲ့အရှိန် ရပ်တန့်သွားအောင်၊ နှေးသွားအောင် ကျေးရွာကို သတ်သတ်မီး ရှို့တဲ့သဘောပါ။ အခု လက်ရှိအချိန်ထိ မီးလောင်နေတုန်းလို့ သိရတယ်၊ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ဝိုင်းဝန်းငြိမ်းသတ်နေဆဲမို့ လက်ရှိချိန်ထိတော့ သတင်းအတိကျရဖို့ စုံစမ်းနေတုန်းပါ” လို့ ယော အလင်းတန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။