သတင်း

စစ်ရှောင်တွေအတွက် ရိက္ခာထောက်ပံ့နိုင်ဖို့ ကိုယ်တိုင်စိုက်ပျိုးနေတဲ့ ထောက်ပို့အဖွဲ့

"ကုန်စိမ်းသီးနှံ ကန်ဇွန်း၊ ချဥ်ပေါင်၊ ခရမ်းသီး၊ ဘူးသီး၊ ကြက်သွန်နီ ကိုစိုက်ခင်းမှာ အဖွဲ့သားတွေ စိုက်ပျိုးနေကြပါတယ်။ ရေရှည်ရပ်တည်ထောက်ပံ့နိုင်ဖို့ ပြည်သူတွေက လှူဒါန်းပေးဖို့ ပြောလိုပါတယ်"

စစ်တပ်တပ်စွဲထားတဲ့နေရာ လက်နက်ကြီးနဲ့ပစ်ခံရလို့ ၃ ဦးသေဆုံး ၃ ဦးဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ဘုန်းကံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို မတ်လ ၉ ရက် ညနေပိုင်း ၅ နာရီမှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက် ၃ ဦး သေဆုံးသွားတယ်လို့ Southern YSO PDF ခေါင်းဆောင် ဗိုလ်အောင်မောင်းက ပြောပါတယ်။

လူဦးရေ ၃၀၀ နီးပါးရှိတဲ့ စစ်ရှောင်စခန်းကို ကုန်စိမ်းနဲ့မုန့်များ လှူဒါန်း

“ကျနော်တို့ သွားလှူတဲ့ကျောင်းမှာကတော့ လူဦးရေ ၃၀၀ လောက် ရှိမယ်။ တခြားနေရာတွေမှာလည်း စစ်ရှောင်တွေရှိတယ်။ အဲဘက်တွေမှာ လူဦးရေဘယ်လောက်ရှိလဲဆိုတာတော့ အတိအကျမသိရဘူး။ တချို့ရွာသားတွေဆို ပျူရွာနဲ့နီးလို့ ထွက်ပြေးတိမ်းရှောင်နေရတာတော်တော်ကို ကြာနေပြီး တချို့ကတော့ လပိုင်းလောက်ပဲ ရှိသေးတယ်”

ပေါက် PDF စခန်းတခု စီးနင်းမီးရှို့ခံရ၊ အဘွား ၂ ဦး လက်နက်ကြီးထိမှန်သေဆုံးပြီး ၅ ဦးဒဏ်ရာရ

"စစ်ကောင်စီဘက်က သတင်းပေးတဲ့သူနဲ့ ကျနော်တို့ထောင်ထားတဲ့ မိုင်းကွင်းကိုပတ်ပြီး ကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်။ ကျနော်တို့က ရွာတွေဘက် ရှောင်ပြေးကျတော့ ညောင်ဝန်းတောင်စုနဲ့ မြောက်စုရွာ၊ ရွာသာအေး၊ ဝက်မှီးရွာတွေထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ်ကို ပစ်ပြီးဝင်စီးတာ။ ကျနော်တို့ PDF တွေက အထိအခိုက်မရှိပါဘူး။ လက်နက်ပစ္စည်းတွေတော့ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်”

စစ်အုပ်စုကို ဆက်ကြေးကောက်ပေးနေတဲ့ ပျူခေါင်းဆောင်ဆိုသူ ပစ်သတ်ခံရ

"ကျနော်တို့ဘက်က စကစ ဘက်ကလူတွေကို ရှင်းတော့မယ်ဆိုရင် သေချာစိစစ်ပြီးမှ ရှင်းတာဖြစ်တယ်။ နံပါတ်စဥ်ပြီးမှ ဘယ်သူကို အရင်ရှင်းရမလဲဆိုတာ လုပ်ပါတယ်။ ခုက တင်မြင့်က ရှင်းရမယ့် သူတွေထဲက တယောက်ဖြစ်လို့ နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ ရှင်းလင်းလိုက်တာ ဖြစ်ပါတယ်"

ကန့်ဘလူမှာ စစ်ရှောင်အမျိုးသမီး ၁ ဦးမြွေကိုက်ခံရ၊ ၂ လအတွင်း ၃ ဦးမြောက်ဖြစ်လာ

“ညနေပိုင်းမှာ ကျွဲ၊နွားတွေ သွားသိမ်းချိန် ကိုက်ခံလိုက်ရတယ်။ ညာဘက်ခြေကျင်းဝတ်နားမှာ ကိုက်ခံလိုက်ရတာ။ အခုကတော့ ၈၅ ရာခိုင်နှုန်းလောက်က သက်သာလာပြီ။ စကားတွေလည်း နည်း နည်းပါးပါး ပြန်ပြောလာနိုင်ပြီ”

ပေါင်းတည်က စစ်တပ်သတင်းပေး ရှင်းလင်းခံရ

"သူက ရွာကိုဆိုင်ကယ်နဲ့တဦးတည်း ပြန်လာတာကို လက်ပံခုံရွာအနီး မြေနီလမ်းပေါ်မှာ ရှင်းလိုက်တာ၊ ပွဲချင်းပြီး သေတယ်။ နားထင်၊ ရင်ဘတ်နဲ့ နံညွှန့်တွေကို တချက်စီနဲ့ ၃ ချက်ပစ်ခတ်ခဲ့တာဖြစ်တယ်"

CDM ကျောင်းဆရာမအပါအဝင် အမျိုးသမီး ၃ ဦး အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ခံရ

“အဲ့ဒီနေ့က ၂၂ ယောက် အဖမ်းခံရတာ။ အဲ့ထဲကမှ ၅ ယောက်လောက်က လွတ်ခဲ့ပြီ။ ကျန်တာတွေကတော့ လွတ်သံမကြားသေးဘူး။ မနေ့တုန်းက လွတ်သွားတဲ့သူတွေလည်း ရှိတယ်။ ဆရာမတယောက်ဆို မနေ့ကမှ လွတ်တာ။”

မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးမှာ တိုက်ခိုက်ရေးလေယာဥ်ငယ်တွေနဲ့ တိုက်ပွဲဝင်နေပြီ (ရုပ်/သံ)

အညာတခွင်မှာ ဝေဟင်စိုးမိုးမှု လုပ်နိုင်ဖို့နဲ့ စစ်ကောင်စီတပ်တွေကို မြေပြင်ရော၊ ဝေဟင်ကပါ ထိရောက်စွာ တိုက်ခိုက်နိုင်ဖို့ တိုက်ခိုက်ရေးလေယာဥ်ငယ်တွေကို တီထွင်ထုတ်လုပ် တိုက်ပွဲဝင်နေတာ ဖြစ်တယ်

စစ်ကောင်စီက အရပ်သားကား ၃၀ ခန့်နဲ့ ချင်းပြည်နယ်ကို လက်နက်ရိက္ခာပို့နေ

"ကားပေါ်မှာ ရိက္ခာနဲ့ စကစမိသားစုတွေ ပါတယ်။ အရပ်သား ဓါးစာခံ ၃၀ လောက် ပါမယ်။ ချင်းပြည်နယ်က သူတို့တပ်တွေ ရိက္ခာ၊ ခဲယမ်း အားနည်းနေလို့ပို့တာ။ လေယာဥ်တွေနဲ့လည််း မပို့ရဲတော့ အရပ်သားကားနဲ့ ပို့နေတာပါ။ မတ် ၃ ရက်နေ့က mi 17 တစီး အပစ်ခံရလို့ လေကြောင်းမသုံးတော့တာ"

GTC ကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်အုပ်စု လက်နက်ကြီးတွေနဲ့ ပစ်ခံရ (ရုပ်/သံ)

စစ်တပ်က အာဏာသိမ်းစကတည်းက တပ်စွဲထားပြီး လက်ရှိအင်အား ၃၀ ကျော်လောက်ရှိတဲ့ နေရာကို လက်နက်ကြီးတွေနဲ့ အဓိကထားပြီး ဖြစ်ခဲ့တာဖြစ်တယ်

မြောင်နယ်က ကျောင်း ၁၅ ကျောင်းမှာ လေကြောင်းအန္တရာယ်ကာကွယ်ရေး ဟောပြောပွဲပြုလုပ်

“ရည်ရွယ်ချက်ကတော့ ၁၀ နှစ်အောက် ကလေးတွေအတွက် စာအုပ်တွေထုတ်ပြီး၊ လူကြီးတွေကိုတော့ advance level တွေးပြီး လုပ်ဆောင်သွားပါတယ်။ ကလေးတွေကိုယ်တိုင် လေယာဥ်လာရင် ဘယ်လိုလုပ််ဆောင်ကြရမလဲဆိုတာ ပိုပြီးသိလာစေဖို့နဲ့ မိမိတို့ကိုယ်တိုင် ကာကွယ်နိုင်ဖို့၊ အတူတူဖေးမကြဖို့ စည်းကမ်းတကျ ဘယ်လိုတွေ လုပ်ဆောင်ကြမလဲဆိုတာနဲ့ ကျောင်းက မိခင်၊ ဆရာဆရာမတွေကိုယ်တိုင် ဘယ်လိုကာကွယ်ကြမလဲဆိုတာကို သိနိုင်ဖို့ရည်ရွယ်ပါတယ်”

ရေနံမြေစခန်းမှာ တပ်စွဲထားတဲ့စစ်အုပ်စုကို တိုက်ခိုက်ရင်း PDF တဦးကျဆုံး (ရုပ်/သံ)

ကျဆုံးရဲဘော်မှာ Black God ပြောက်ကျားတပ်ဖွဲ့မှ အသက် ၁၉ နှစ်အရွယ် ရဲဘော်ဖြိုးဇာ (ခ) မောင်ဇာနည်အောင်ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်နေချိန်မှာ ကျဆုံးခဲ့တာဖြစ်သလို အခြားပူးပေါင်းအဖွဲ့တွေဘက်မှ တပ်သား ၄ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်

မြိုင်နယ်မှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

"သူတို့က အင်အား ခုနှစ်ဆယ်ကျော်နဲ့ စစ်ကြောင်းထိုးလာကြတာ။ ကွမ်းတောရွာအရောက် လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ဝင်လာချိန် ကျနော်တို့ကလည်း ဆင်ထားတဲ့ မိုင်းတွေကို ဆွဲတယ်။ နောက်လက်နက်ကြီးတွေနဲ့ ပြန်ပစ်ရင်း တိုက်ပွဲဖြစ်ခဲ့ကြတာပါ"

အသားခြောက် ကျပ်ကင်ရာမှ မီးလောင်လို့ နေအိမ် ၉ လုံး ပျက်စီး

"လက်ရှိ မီးစလောင်တဲ့ အိမ်က အိမ်ရှင်တွေမရှိဘူး။ အိမ်ငှားတွေပါ။ သူတို့က အသားခြောက် ကျပ်ကင်တဲ့လုပ်ငန်း လုပ်တယ်။ အမဲသားတို့ ဝက်သားတို့ကို မီးဖိုကြီးထဲမှာ ကင်တာ။ မနက်ဈေးကို ပို့ရမှာမလို့ ၂ နာရီကျော်လောက် ထလုပ်နေကြလို့ သိရတယ်။ အဲ့ကနေ အဆီတွေကျတော့ မီးဟပ်တာ ခေါင်းမိုးမီးကူးပြီး မီးလောင်တာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10