သတင်း

ပေါင်းတည်မှာ စစ်သားနဲ့ ရဲက ဆိုင်ကယ်ဖမ်းပြီး ငွေတောင်း

“အဖမ်းခံရတဲ့သူတွေကို ရဲစခန်း၊ ဒါမှမဟုတ် အုပ်ချူပ်ရေးမှူးအိမ်ကို ခေါ်တယ်။ ပြီးရင် တသိန်းတောင်းတယ်။ အဲဒါ တောင်းတောင်းပန်ပန်နဲ့ ၅၀၀၀၀ ပေးလိုက်ရတယ်။ တကယ်တမ်းက သေနတ်ကိုင်ပြီး ငွေတောင်းနေတာပဲ”

ပခုက္ကူက ကျေးရွာတွေကို စစ်တပ်ကဝင်စီးပြီး တောင်သူတဦးကို ပစ်သတ်ကာ ဆိုင်ကယ်အစီး ၃၀ ကျော် ယူသွား

"စစ်ကြောင်းထိုးလာတဲ့အချိန်မှာ သူကစိုက်ခင်းကိုရေတင်နေတာ။ အဲအချိန်မှာ စကစတွေက စိုက်ခင်းနားကိုရောက်လာတော့ သူကထွက်ပြေးလို့ လိုက်ပစ်လိုက်တာ။ သေနတ်မှန်ပြီးတော့ သွေးထွက်လွန်ပြီး ပွဲချင်းပြီးသေသွားတာ"

စစ်တပ်က တပ်စွဲထားတဲ့ ရွာကို လက်နက်ကြီးအချက် ၁၀၀ ကျော် ပစ်ခံရလို့ ထိခိုက်သေဆုံးမှုရှိနိုင် (ရုပ်/သံ)

"အဲ့လို ပစ်ခတ်တိုက်ခိုက်တာမှာ ထိခိုက်သေဆုံးမှုရှိနိုင်ပါတယ်။ အတိအကျမသိရတာက အရင်တုန်းက ရှိနေတဲ့ ဖရဲသီးတွေ အခုမရှိတော့လို့ပါ။ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်တဲ့အပြင် ကာဘိုင်နဲ့လည်း ပစ်တယ်"

ခင်ဦးမှာ ဒေသခံတွေအပြင် စစ်ရှောင်တွေပါ ရေမလောက်ငှမှုနဲ့ ရင်ဆိုင်နေရ

“နဂိုကဆို ရေအိုင်တွေရှိတယ်။ အဲ့အိုင်တွေကနေ ချိုးရေဆိုလည်းဒါပဲ။ သောက်ရေဆိုလည်း ဒါပဲ။ ဒါပေမယ့် ခုနွေရာသီရောက်တဲ့အခါမှာ အဲ့အိုင်တွေကလည်း ရေတဖြည်းဖြည်းခမ်းလာတယ်။ ရေတော်တော်ကို ရှားပါးပြီး သောက်ရေအတွက် ရေရတဲ့နေရာထိကို လှည်းတွေနဲ့ လာသယ်နေရတယ်။ ညအိပ်လာသယ်ရတာတွေရှိတယ်။ လူတွေသောက်ဖို့တောင် ခက်ခဲနေတော့ နွားတွေကိုလည်း အချိန်မှန်မှန်မတိုက်နိုင်တော့ သေဆုံးတာတွေ ဖြစ်ကုန်တာ။"

စစ်ကိုင်းက ရွာမရွာစီးနင်းခံရပြီး ရပ်/ကျေး ပကဖရဲဘော်တဦး အသတ်ခံရ

"ကျနော့် တပည့်တယောက်ကတော့ အဖမ်းခံရပြီး ရက်ရက်စက်စက် သတ်ဖြတ်သွားတဲ့ ရုပ်အလောင်းကို ရွာသုဿန်မှာ တွေ့ရတယ်။ လက်နက်စတွေ မှန်သွားတဲ့ နောက်ထပ် တပည့် ၂ ယောက်ကိုတော့ ဆေးကုသပေးထားတယ်"

ပြည်ဆေးရုံကြီးမှာ ကိုဗစ်ရောဂါနဲ့ အဘွားအို ၁ ဦးသေဆုံး

"ဆုံးသွားတဲ့သူက ပြည်ကတော့ မဟုတ်ပါဘူး။ ကိုဗစ်ဆိုတာကို ဆေးရုံက ဆရာဝန်တွေက အတည်ပြုပေးထားတာပါ။ သူက ဆေးရုံလာတက်တာ တပတ်လောက်ရှိနေပြီလို့တော့ သိရတယ်။ ဘာရောဂါနဲ့လာတက်တာလဲ ဆိုတာတော့ မသိရဘူး။ ဆေးရုံက စစ်ဆေးချိန်မှာ တွေ့တဲ့ ကိုဗစ်ပိုးက အရင်ကဖြစ်နေတဲ့ ပိုးအမျိုးအစားတွေတော့ မဟုတ်ဘူး။ မျိုးကွဲအသစ်ပုံစံဖြစ်နိုင်တယ်လို့တော့ သုံးသပ်ထားကြတယ်"

စဉ့်ကူးနယ်က ပျူစောထီးခေါင်းဆောင်နေအိမ် မီးရှို့ခံရ

"ငမော်က ဒလန်လုပ်နေတာကြာပြီ။ သူ့ကို ပကဖတွေက ဖမ်းဖို့လိုက်နေလို့ စစ်တပ်ထဲမှာ နေနေတယ်။ သူ့ အိမ်ကို ပကဖဘက်က မီးလာရှို့တာ၊ ဘေးကအိမ် ၂ လုံးပါ လောင်သွားတယ်"

စစ်ရှောင်နဲ့ ရိက္ခာအတွက် သီးနှံတွေကို PDF ရဲမေတွေက တိုက်ပွဲနားချိန်မှာ စိုက်ပျိုးနေ

"ကျနော်တို့ စိုက်ခင်းလုပ်ဖြစ်တာက ၆ လလောက် ရှိပါပြီ။ တပ်ရင်းရဲ့ရိက္ခာအတွက်နဲ့ စစ်ရှောင်ပြည်သူတွေကို ထောက်ပံပေးဖို့ စိုက်တာပါ။ ရှေ့တန်းလည်း ထွက်လိုက်ပါတယ်။နောက်တန်းမှာ ကျန်တဲ့အချိန် စိုက်ခင်းမှာ ရေလောင်းပေါင်းသင်တာ အသီးအနှံတွေ ခူးတာနဲ့တခြားလိုအပ်တာတွေ လုပ်ကြပါတယ်"

ဧရာဝတီမြစ်အတွင်း ဦးခေါင်းပြတ် ပုတ်ပွနေတဲ့ အမျိုးသားအလောင်းတွေ့

"မြစ်ထဲရေနဲ့ မျောလာလို့ သက်ဆိုင်ရာကို အကြောင်းကြားလိုက်ရတာ။ ပြီးတော့ ကမ်းနားထိလှေနဲ့ဆွဲလာပြီး ကြည့်တော့မှ ခေါင်းကမပါဘူး။ အလောင်းအနေအထားကြည့်ရတာ သတ်ဖြတ်ခံရပြီး ရေထဲမျောခံရတာ တပတ်လောက်ရှိနိုင်တယ်"

"အသက်လု ရှင်သန်နေရသော တပိုင်တနိုင်လုပ်ငန်းများ"

ရင်းနှီးမြုပ်နှံမှုများစွာပြုလုပ်နိုင်တဲ့ လုပ်ငန်းရှင်ကြီးတွေက လူနည်းစုဖြစ်ပေမယ့် သူတို့ရဲ့အကျိုးအမြတ်က အလွန်များပြားနေတာတွေ့ရပြီး မြန်မာနိုင်ငံရဲ့ စီးပွါးရေးကဏ္ဍမှာ အလွန်းအရေးပါပြီး အရေအတွက်အလွန်များပြားလှတဲ့ SME နဲ့ MSMEs လို့ခေါ်ကြတဲ့ အရင်းအနှီးအနည်းငယ်မျှနဲ့ တပိုင်တနိုင် ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းလေးတွေကတော့ အသက်လုရှင်သန်နေရတာ တွေ့ရပါတယ်

ရေတာရှည်က စစ်တပ်သတင်းပေးဆိုသူ အမျိုးသားတဦး ရှင်းလင်းခံရ

"စကစတွေ ဝင်လာရင် သူ့ကူးတို့ကနေ ကူးခိုင်းပြီ PDF တွေရှိတဲ့နေရာကို လမ်းပြပေးတာအပြင် ကျေးရွာအတော်များများရဲ့ PDF ထောက်ခံသူတွေကို သတင်းပေးနေသူ ဖြစ်တယ်။ ပြီးတော့ သူက စကစနဲ့ပေါင်းပြီး တနယ်လုံးကို ဒုက္ခပေးနေတဲ့ ဒလန်အကြီးစားဖြစ်လို့ ရှင်းလိုက်တာ"

ပခုက္ကူရှိ ကျေးရွာတွေကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းကပါ စီးနင်းဝင်ရောက်လို့ ဒေသခံ သောင်းချီထွက်ပြေးနေရ

"မနေ့က အိုင်ကြီးရွာက ရွာခံအမျိုးသား ၂ ယောက်ကို စကစ ၁၀ လောက်က ပစ်ခတ်ဖမ်းဆီးတယ်။ မမိခဲ့ဘူး။ အဲ့စကစတွေ ရွာဆိုင်းဘုတ်နားမှာ မိုင်းကွဲလို့ ၂ ကောင် သေတယ်။ အဲ့တာကိုမကျေနပ်လို့ ဒီနေ့မှာ အင်အားအတော်များနဲ့ ရွာကို ဝင်စီးနေကြတာ။ သေနတ်ပစ်ခတ်သံတွေလည်း ကြားရတယ်"

ထုတ်ပြန်ချက်ကိုမလိုက်နာလို့ ထိခိုက်ခဲ့ရင် တာဝန်ယူမှာမဟုတ်ဘူးလို့ Aera 71 အဖွဲ့ ထပ်မံထုတ်ပြန်

" ဒီဘက်မှာ စစ်တပ်က အရပ်ဝတ်တွေအိမ်စီးကားတွေနဲ့ချည်း လှုပ်ရှားနေကြတော့ ကျနော်တို့ စာထုတ်လိုက်တဲ့အချိန် တချို့ပြည်သူတွေက မသိကြတာလား၊ ဘာလားတော့မသိဘူး။ စစ်တပ်ကကားတွေနဲ့ယှဉ်မောင်းလာတော့ ကျနော်တို့မှာ အရမ်းအကျပ်ရိုက်ရပါတယ်။ ပြောချင်တာကတော့ လမ်းပေါ်သွားလာလှုပ်ရှားနေကြတဲ့ ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လေ့လာပြီးမှ အသွားအလာပြုကြစေချင်ပါတယ်"

မုံရွာ ကညနရုံး နဲ့ စိုက်ပျိုးရေးရုံးရှိ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးဟုဆို (ရုပ်/သံ)

"တိုက်ပွဲချိန် ၁၅ မိနစ်ကြာပါတယ်၊ ကညန ရုံးထဲက စစ်ကောင်စီတပ်သားတွေက စပစ်တာ၊ အဖွဲ့တွေခွဲပြီး တပြိုင်ထဲတိုက်ခိုက်ခဲ့တာ၊ ဒီနေ့မနက် ကြားရတာက စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း အသေအပျောက်ရှိပြီး ဒဏ်ရာရတာလည်း များပါတယ်၊ မဟာမိတ်ဘက်က ရဲဘော် ၄ ဦး မစိုးရိမ်ရဒဏ်ရာရတယ်"

အောက်စီဂျင်အိုးဖြည့်နေစဉ် အိုးကွဲပြီး အမျိုးသား ၂ ဦး ဒဏ်ရာရ

"လူနာက အောက်ဆီဂျင်အရေးကြီးနေလို့ ဝင်ဖြည့်တာ စက်ရုံက ၄၀ လီတာထဲကနေ သူတို့ပါလာတဲ့ အိုးထဲကို ၁၀ လီတာ ခွဲထည့်ပေးနေတုန်း သူတို့ (ပြည်မြို့ပရဟိတအသင်း) အိုးခေါင်းကနေဆွေးနေတော့ ထပွင့်ပြီးဝုန်းကနဲဆို အသံမြည်ပြီး ထပေါက်တာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10