သတင်း

ဝက်လက်က NUG အသိအမှတ်ပြုစာသင်ကျောင်းကို စာရေးကိရိယာလှူဒါန်း

"အလှူရှင်တွေ ယုံကြည်လို့အပ်နှံထားတဲ့ စာရေးကိရိယာတွေကို အလှူရှင် ပြည်သူ့ချစ်သမီးတွေ ကိုယ်စား ကျနော်တို့တပ်ဖွဲ့က သွားရောက်လှူဒါန်းခဲ့တာပါ။ ကျောင်းမှာကလိုအပ်ချက်တွေ အများကြီးရှိနေပါသေးတယ်၊ လှူဒါန်းသူတွေကိုလည်း ကျေးဇူးတင်ပါတယ်"လို့ Eagle Guerrilla Force ရဲ့ တပ်ရင်းမှူးဗိုလ်ကောက်ရိုးက ပြောပါတယ်။

ပုလဲ-မင်းတိုင်ပင်နယ်မှာ စစ်ကောင်စီတပ် ၂ ကြိမ် တိုက်ခိုက်ခံရပြီး သေဆုံးမှုများနိုင်

“ငှက်ပျောတောရွာကနေ ပစ္စည်းတွေလုယူလာပြီး မင်းတိုင်ပင်ကိုဝင်တဲ့အချိန် မင်းတိုင်ပင်နားမှာ အသင့်ထောင်ထားတဲ့ ရှေ့ ထွက်မိုင်း ၈ လုံး နဲ့ ၂ ပွိုင့်ဆွဲတိုက်ခိုက်ခဲ့တာပါ။ ၅ ယောက်သေပြီး ဒဏ်ရာရတဲ့သူတွေ များတယ်” လို့ ပြောပါတယ်။

ရေလည်ကျွန်းဒေသတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ရဲဘော်ရဲ့ ဈာပနကျင်းပ

“သူက သထုံဘက်က တိုင်းရင်းသားဗျ၊ အရင်က လက်ဝှေ့ဝါသနာပါလို့ ကြိုးဝိုင်းလေးတွေထဲမှာ ထိုးတယ်၊ အာဏာသိမ်းတော့ သူနိုင်တာကူလုပ်ပေးမယ်ဆိုပြီး ဒီဘက်ထဲရောက်လာတာ၊ သူ့ဝါသနာကိုအမှီပြုပြီး ကျနော်တို့ကတော့ ချစ်စနိုးနဲ့ လက်ဝှေ့လို့ အများစုကခေါ်ကြတယ်၊ ကြယ်လေးလို့လည်းခေါ်တယ်"လို့ မဟာမိတ်အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပဲခူးရိုးပေါ်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကာင်စီတပ်သား ၁ ဦးသေဆုံး

"စခန်းစီးဖို့ ခြေလျင်တက်လာတာဗျ၊ ကျနော်တို့ဘက်က အသင့်ထောင်ထားတဲ့မိုင်းနဲ့ ခါချဥ်တောင်အနီးမှာဆွဲတာ။ စစ်သား ၁ ယောက်သေတယ်။ ဒဏ်ရာရသူလည်းရှိတယ်၊ အရေအတွက်တော့မသိဘူး"လို့ သာယာဝတီခရိုင် ၃၈၀၂၊ တပ်ခွဲ ၃ တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ပေါက်ကစစ်ရှောင်တွေကို အဟာရဒါနကျွေးမွေး

"အဲဒီရွာကို ပြီးခဲ့တဲ့နှစ်ကတည်းက စစ်တပ်ကတပ်စွဲပြီး သတင်းအမှောင်ချထားတော့ ဘာမှမသိရပဲဖြစ်နေချိန်မှာ ကျနော်တို့ကဝင်တိုက်လိုက်လို့ သူတို့ထွက်ပေါက်ရပြီး တဖြည်းဖြည်းနဲ့ ရွာကိုစွန့်ခွာပြီး စစ်ရှောင်လာတာပါ" လို့ Oke Awe UG(salay)ရဲ့ တပ်ဖွဲ့ခေါင်းဆောင် ကိုဥသြကပြောပါတယ်။

တိုက်ပွဲပြန်ဖြစ်နေတဲ့ ကလေးနယ်မှာ ဒေသခံသောင်းကျော်ထွက်ပြေးနေရပြီး သေဆုံးသူတွေလည်းရှိနေ

“လေကြောင်းက မနက်အစောကလာပြီး ကျည်ကုန်အောင်ပစ်ခဲ့တာပဲ၊ လေကြောင်းပစ်တာနဲ့ မြို့ထဲကနေ လက်နက်ကြီးအမြဲထု ကူတယ်လေ၊ လက်နက်ကြီးရယ်၊ ပုဇင်း (စစ်ရဟက်ယာဥ်)ရယ်ကြောက်ရလို့ ရွာအနားတဝိုက်တွေ ကပ်လာပြီဆိုတာနဲ့ ရှောင်ရတာ၊ လေကြောင်းက ၃၁ ရက်နေ့က တခါ၊ ဒီနေ့ ၁ ခါလာပစ်တယ်"လို့ ကလေးမြို့ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ကနီက တူမီးတော်လှန်ရေး ၂ နှစ်ပြည့်သပိတ်

"တူမီးနဲ့ စခဲ့တဲ့ ကနီနယ်ရဲ့ လက်နက်ကိုင်တော်လှန်ရေး ၂ နှစ်ပြည့်ခဲ့ပါပြီ။ အဲဒီအရာတွေကို မမေ့သင့်ကြောင်းနဲ့ အဆုံးတိုင် စစ်အာဏာရှင်ကို တွန်းလှန်သွားမယ်" လို့ ဆိုပါတယ်။

“အစွန်းရောက်တို့ သွားရာလမ်း" စာပါလည်ဆွဲနဲ့ အသတ်ခံထားရတဲ့ အမျိုးသားအလောင်းတွေ့ရှိ

"ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ သဘောရှိတယ်။ ပြီးတော့ အလောင်းပေါ်မှာ လည်ဆွဲတခုဆွဲထားပေးတာ တွေ့ရတယ်။ လူသတ်ပြီး လည်ဆွဲ ဆွဲပေးတတ်တာက ပျူတွေနဲ့ သွေးသောက်အဖွဲ့တွေရဲ့ လုပ်ရပ်ပဲ။ အလောင်းတွေ့တယ်ဆိုပြီး စကစ ဘက်က အလောင်းလာကောက်သွားကြတာတော့ သိရတယ်"လို့ ပြောပါတယ်။

အချုပ်သားနဲ့ကင်းသမားထွက်‌ပြေးမှုမှာ တာဝန်ကျကင်းတွဲစစ်သား ၂ ဦးနဲ့ အရာရှိ ၁ ဦး ဖမ်းဆီးခြိမ်းခြောက်ခံထားရ

“ဖြစ်တာကသူတို့ ကင်းချိန်မှာဖြစ်တာတော့မဟုတ်ဘူး။ ကင်းမှူးနဲ့ဒုကင်းမှူးက ညဦးပိုင်းစောင့်ရတာ။ ထွက်ပြေးတာက အချုပ်သားနဲ့သူတို့အောက်က ကင်းကျတဲ့သူတွေထွက်ပြေးတာဆိုတော့ တာဝန်ပေါ့လျော့တယ်ဆိုပြီး သူတို့ကိုဖမ်းထားတာ” လို့ ပြောပါတယ်။

ဘုန်းကြီးကျောင်းထဲ တပ်စွဲထားတဲ့ စစ်အုပ်စု မိုင်းခွဲခံရပြီး ၂ ဦး သေဆုံးဟုဆို

“ရေစကြိုမြို့ပေါ်က စစ်တပ် ၃ တပ်က အင်အားဖြန့်ထားတာ၊ မိုင်း ၆ လုံးနဲ့ ဆွဲလိုက်တာ၊ ၂ ယောက်က တော့စုပ်ပြတ်သပ်ပြီး သေတယ်၊၊ ၃ ယောက်ဒဏ်ရာရတယ်၊ အဲ့ဒီထဲက ၁ ယောက်ကတော့ ဒဏ်ရာပြင်းတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီက သင်္ကြန်အတွက် လောင်းကစားသမားတွေကို မဲရောင်းပြီးရံပုံငွေရှာ

"မဲလက်မှတ်တစောင်ကို ငါးထောင်နဲ့ရောင်းတယ်၊ အဓိကက ၂ လုံး၊ ၃ လုံး၊ ဘောလုံးဒိုင်၊ နယ်လှည့်လောင်း ကစားဝိုင်းဒိုင်တွေနဲ့ ဌာနဆိုင်ရာတွေကိုရောင်းတယ်၊ မဝယ်ချင်လည်းဝယ်ရတယ်၊ အဓမ္မရောင်းနေကြတာ"လို့ မြို့ခံတဦးက ပြောပါတယ်။

သာစည်အကျဉ်းထောင်အနီးကင်းသမားတွေ အနီးကပ်ပစ်ခံရလို့  ရဲ၂ဦး သေဆုံး

အဲ့ဒီကင်းစခန်း ဘန်ကာထဲမှာ ကင်းသမား ၅ဦးရှိပြီး အပြင်ထွက်လာချိန်ကို စောင့်ပြီး ပစ်ခတ်ခဲ့တာဖြစ်လို့ ၂ဦး သေဆုံးခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း အမှတ် (၂၇) Black Dragon Force ယာယီတပ်ရင်းမှူး ဗိုလ်စိုးကြီးက ပြောပါတယ်။

ကင်းလှည့်နေတဲ့ စစ်သားတွေ မိုင်းဆွဲခံရလို့ ၃ဦးသေဆုံးဟုဆို

" ရှေ့ထွက်မိုင်း ၄လုံးဆွဲလိုက်တဲ့အခါမှာ ၃ယောက် ကားခနဲ ကျသွားတယ်လို့ မြင်လိုက်ရပြီး ကျနော်တို့ ရဲဘော်တွေက ထွက်ပြေးလာခဲ့တယ်။ နောက်ဆုံး ပုလဲမြို့ထဲက သတင်းပေးချက်အရ ၃ယောက် သေတယ်။ ၂ယောက် ဒဏ်ရာရတယ်လို့ ကျနော်တို့ဆီ သတင်းရောက်လာပါတယ်"

ကျောက်တံခါးမြို့နယ် စစ်ကောင်စီထွေအုပ်ရုံးနဲ့ ရဲစခန်း ဒရုန်းဗုံးချတိုက်ခိုက်ခံရလို့ ရုံးအဆောက်အဦးတွေ ပျက်စီး

"သိရသလောက်က ဒရုန်းဗုံးလာချသွားတာလို့ သိရတယ်။ ရဲစခန်း ၂ လုံးနဲ့ ထွေအုပ်ရုံး ၄ လုံး ချတာ။ ထွေအုပ်ရုံးကွဲတာမှာ ရုံးအမိုးပေါ်မှာကျပြီး အမိုးတွေ ပွင့်ထွက်ကုန်တယ်။ ရဲစခန်းမှာလည်း အမိုးပေါ်ကျတယ်လို့ သိရတယ်။ လူထိခိုက်တာတော့ မကြားရဘူး"

“အညာလည်းကူ၊ လက်ဆောင်ယူ” မဲရောင်းရငွေနဲ့ မီးဘေးသင့်ပြည်သူ၊ ပညာရေး၊ကျန်းမာရေးကဏ္ဍတွေကို လှူဒါန်း

“Myingyan GZ groupက အညာလဲကူ၊ လက်ဆောင်ယူ မဲရောင်းရငွေနဲ့ လှူဒါန်းတာဖြစ်ပါတယ်။ မီးဘေးသင့်အိမ်တွေအတွက် တအိမ် ၅ သောင်းကျပ်နှုန်း လှူနိုင်ခဲ့ပါတယ်။ မူလတန်း၊ အလယ်တန်း ၊ အထက်တန်းအထိ သင်နေတဲ့ကျောင်းတွေကိုလည်း လှူနိုင်ခဲ့တယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10