သတင်း

ခင်ဦးနယ်မှာ စစ်ဘေးရှောင် ၁၀၀ ခန့် နေစရာမရှိလို့ မိုးရေထဲ ညလုံးပေါက် နေခဲ့ရ

"မိုးရွာတာက မနေ့က ညတညလုံး မိုးရွာတယ်။ အိမ်ထောင်စု ၂၀ လောက်က လှည်းတွေ သရက်ပင်တွေအောက်မှာ မိုးကာတွေ ခင်းပြီး၊ ကာပြီး အိပ်ရတယ်။ စာသင်ကျောင်းမှာက နေနေရတဲ့ ပြည်သူတွေကလည်း မိုးလုံပေမဲ့ ကျပ်သိပ်ပြီး နေနေရတယ်။"

ဝေါမြို့၊ ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရလို့ ရဲ ၁ ဦးသေဆုံး

"ညက သူတို့တန်းစီးနေချိန် စခန်းအဝင်အဝနားထိ သွားပြီး အလစ်အငိုက်ဖမ်းပစ်ခတ်ခဲ့တာ။ ကျနော်တို့ဘက်က ပစ်ချိန် စခန်းရဲ့အခြားနေရာမှာ ရှိနေတဲ့ ဘန်ကာနဲ့ကတုတ်ကျင်းတွေထဲမှာ ရှိနေတဲ့ ရဲတွေကလည်း ပြန်ပစ်တာ။ စခန်းအနေထားက ပတ်ဝန်းကျင်မှာ အိမ်တွေရှိနေတော့ ပြည်သူတွေ ထိခိုက်မှာစိုးပြီး ပြန်ဆုတ်လာရတယ်။ စခန်းအထဲထိ ဝင်ပစ်ဖို့အစီစဥ်ကတော့ အထမမြောက်ခဲ့ဘူး"

တပူပေါ် တပူဆင့်တဲ့ စစ်ကိုင်းမြို့က ရေဒုက္ခ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ တနေ့ကို မီး ၁ နာရီလောက်သာ လာတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေ ရေအခက်ခဲ ကြုံနေရပြီး သောက်သုံးရေကအစ ရှားပါးနေတယ်

ဆားလင်းကြီးမှာ မိုင်းမတော်တဆမှုကြောင့် PDF ရဲဘော်တဦး ဒဏ်ရာရ

“ရဲဘော်ကိုထက်ရဲ့ မျက်လုံး ၁ ဖက်ထိခိုက်၊ လက်သန်းဘေးက ၂ ချောင်းကျိုးသွားပြီး ခန္ဓာကိုယ်မှာ ဒဏ်ရာရတယ်”

ဝက်လက်မှာ လေကြောင်းက တိုက်ခိုက်လို့ ရှောင်ပြေးတဲ့ အဘိုးအိုတဦး အမောဖောက် သေဆုံး

"အဘိုးက ပြေးရင်းလွှားရင်း အမောဖောက်ပြီး သေသွားတာ။ မြေပြင်စစ်ကြောင်းတခုကလည်း ရွာအနီးနားကို ရောက်နေတော့ အဘိုးကို ချက်ချင်းမီးသင်္ဂြိုလ်လိုက်ရတယ်။ စကစက လေယာဥ်နဲ့ အဲရွာအနီးတဝိုက်ကို 81ရော့ကဒ်ဗုံးသီးတွေပဲ ပစ်တာ။ စက်လက်က သိပ်မပစ်ဘူး"

မုံရွာ စီးပွားရေးဘဏ်နားက ကင်းပုန်း စစ်သား၃ဦး ဗုံးခွဲတိုက်ခိုက်ခံရ( ရုပ်/သံ)

"တိုက်ခိုက်ဖို့အတွက် ရဲဘော်တွေ အရင်ထွက်ခွာတယ်၊ မုံရွာမြို့ စီးပွားရေးဘဏ် မျက်စောင်းထိုးမှာ ကင်းပုန်းဝတ်နေတတ်တဲ့နေရာကို ပါဆယ်ဗုံးချခဲ့တယ်၊ ညနေ ၅ ဝန်းကျင်မှာ စကစ ခွေးတပ်သား ၃ ဦး ကင်းပုန်းလာဝတ်တဲ့အချိန် ကျနော်တို့တိုက်ခိုက်ခဲ့တာ"

နယ်ကျော်လာတဲ့ စစ်ကောင်စီတပ်နဲ့ PDF တို့ တိုက်ပွဲဖြစ်လို့ စစ်သား ၁ ဦး ဒဏ်ရာရ( ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့က PDF ထိန်းချုပ်မြို့ပေါ် ရပ်ကွက်အတွင်း နယ်ကျော်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့

သံတောင်မှာ စစ်တပ် တပ်စွဲထားတဲ့နေရာနဲ့ကင်းပုန်းနေရာ တိုက်ခိုက်ခံရလို့ အရာရှိတဦးအပါ ၃ ဦးသေဆုံးဟုဆို

"သူတို့စခန်းက ကျောက်တိုင်လမ်းခွဲမှာထားထားတာ လမ်းသွားလမ်းလာစစ်ဆေးဖို့။ သူတို့ကင်းပုန်းကလည်း စခန်းနဲ့ သိပ်မဝေးဘူးချထားတာ။ ကျနော်တို့ဘက်က စခန်းထဲကို ၂ လုံး၊ ကင်းပုန်းဘက်ကို ၁ လုံးပစ်ခဲ့တယ်"

စိုက်ပျိုးစရိတ်ကြီးမြင့်မှုနဲ့ စစ်ဘေးကြောင့် ယင်းမာပင် ကြက်သွန်တောင်သူများ အရှုံးပေါ်

“မီးရှို့ခံရတာတွေ ကြောက်ကြတော့ ဈေးမမျှော်တော့ဘဲ အရင်းလေးရရင်ဆိုပြီး ရောင်းပစ်ရတာ၊ လုံးလုံးဆုံးရှုံး မှာထက်စာရင် ရသလောက်လေးဆိုပြီး လက်လွှတ်လိုက်ရတာပေါ့။ မနှစ်က‌ဆို ကြက်သွန်တွေ စင်လိုက်ထားကြ တယ်။ မီးထဲပါသွားတယ်။ တလုံးမှ ရောင်းမစားလိုက်ရတဲ့အဖြစ်မျိုးထိရှိတယ်။ အဲ့လိုအတွေ့ကြုံတွေရှိခဲ့တော့ ကြာကြာမထားရဲဘူး”

သောက်သုံးရေရဖို့ ၄ မိုင်ကျော် သွားလာပြီး ရေခပ်နေရ

"မိုးနဲ့ဆောင်းကတော့ ရေကန်တွေက ရေနဲ့သုံးကြတယ်။ ခုကျတော့ ရေခမ်းလာပြီ။ ရွာမှာရှိတဲ့ စက်ရေတွင်းတလုံးကရေတင်ဖို့ ဒီဇယ်သုံးရတယ်။ ရေရှည်ကျတော့ ကုန်ကျစရိတ်နဲ့ ရေပြန်ရတာက မကာမိတော့ အဆင်မပြေတော့ဘူး။ အဲတော့ လူပဲ အပင်ပန်းခံပြီး ရေခပ်ရတော့တယ်"

ခင်ဦးနယ် မြို့သစ်ရွာကို စစ်တပ်က ၂ ရက်ဆက်မီးရှို့လို့ အိမ် ၁၀၀ နီးပါးပျက်စီး

“အိမ်ခြေက ၉၀ ကျော် ၁၀၀ နီးပါးလောက် မီးရှို့ခံလိုက်ရတယ်။ ၂ ရက်ဆိုတော့လေ။ နောက်ပြီး သူတို့ရွာထဲကနေ ပြန်ထွက်ချိန် ကျနော်တို့ ဒရုန်းနဲ့ကြည့်တဲ့အထဲမှာ ပြည်သူလို့ထင်ရတဲ့ အရပ်သား ပြည်သူ ၁ ယောက် ၂ ယောက် ဖမ်းဆီးခံသွားရတယ်လို့လည်း သိရတယ်။ သူတို့စစ်ကြောင်းထိုးလာတဲ့အချိန် မရှောင်လိုက်နိုင်လို့ အဖမ်းခံရတယ် ထင်တယ်”

ကားပေါ်တင်လာတဲ့ စက္ကူတွေ မီးလောင်လို့ ကားပေါ်က ခုန်ချတဲ့အမျိုးသမီး သေဆုံး

"ယာဥ်ပေါ်မှာ ယာဥ်မောင်းရယ် အမျိုးသမီး ၂ ဦးရယ် ပါတယ်။ ယာဥ်မောင်းက ဆေးလိပ်သောက်လို့ မီးပွားက စက္ကူတွေပေါ် ကျသွားရာကနေ မီးလောင်တာ။ စက္ကူမီးလောင်တာကို လန့်ပြီး ကားမောင်းနေတဲ့အချိန်မှာပဲ ကောင်မလေးက ကားပေါ်ကနေ ခုန်ချလိုက်တာ။ စက္ကူတွေ မီးလောင်တာကိုတော့ လမ်းသွားလမ်းလာတွေက ကားပေါ်ကနေ ဆွဲချပြီး ငြိမ်းသတ်ပေးလိုက်လို့ ငြိမ်းသွားတယ်။ ကားမီးလောင်တာ မဟုတ်ပါဘူး"

ပြည်မှာ ဧရာဝတီမြစ်အတွင်း ရေချိုးဆင်းတဲ့ အမျိုးသားလူငယ် ၃ ဦး ရေနစ်သေဆုံး

"ကလေးတွေ ရေနစ်တာကို ကယ်ဆယ်ရင်းနဲ့ ကြီးတဲ့သူတွေပါ ရေနစ်သွားတာပါ။ သေဆုံးသူ ၃ ဦးက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်"

စစ်အုပ်စုပစ်လိုက်တဲ့ လက်နက်ကြီးစ ထိမှန်ပြီး အမျိုးသားတဦး ဒဏ်ရာရ

“ကိုကျောက်လုံးက သူ့အိမ်မှာ ထမင်းစားနေရင်း ထိမှန်တယ်လို့ သိရတယ်။ သူရဲ့နွားတကောင်လည်း လည်ပင်းထိပြီး သေသွားတယ်။ အဲဒီတောင်ပေါ်မှာ သူတို့တွေ တပ်စွဲထားတာ ၂ လကျော်ပြီ။ အဲဒီမှာ လက်နက်ကြီးတွေ တပ်ဆင်ထားပြီးတော့ နေတိုင်းလိုလို ရွာတွေဘက်ကို ပစ်ထုတ်နေတာ”

သမချေးငွေ ပြန်မဆပ်လို့ဆိုကာ ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံရ

"သူတို့လာတဲ့အချိန် အလုပ်တွေ သွားနေကြလို့ မရှိကြတာ များတယ်။ ၁၀ ယောက်လောက်ပဲ သွားတာ။ အဲဒါကို ရောက်တာနဲ့ ချက်ချင်း ချေးငွေဆပ်။ မဆပ်နိုင်တဲ့သူတွေကို ထော်လာဂျီပေါ်တင်ပြီး ဖမ်းသွားတာ။ ငွေချက်ချင်း မပေးနိုင်တဲ့သူ ၇ ယောက် ပါသွားတယ်။ အခြားရွာကသူတွေကိုလည်း ရှေ့ရက်တွေမှာ အဲလိုပဲလုပ်ပြီး ဖမ်းဆီးထားတာမျိုးလည်း ရှိတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10