သတင်း

သတင်းပေါက်ကြားလို့ စခန်းမသိမ်းနိုင်ပေမယ့် စစ်ကောင်စီတပ်သား ၄၅ ဦး သေဆုံးခဲ့ဟုဆို

"ကျနော်တို့ပြန်ဆုတ်လာတဲ့အချိန်မှာ ရဲစခန်းရဲ့ ၇၅ ရာခိုင်နှုန်းအထိ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်။ သေဆုံးနေတဲ့ စကစအလောင်း ၄၅ လောင်းကို တွေ့ခဲ့ရတယ်။ ၁၀ ကောင်လောက်ဒဏ်ရာရသွားတယ်။ လက်နက်တွေပါ ရရှိခဲ့တယ်။ ဒီတိုက်ပွဲမှာ လေယာဥ်နဲ့ပစ်ခတ်တာ၊ စစ်ကူချပေးတာတွေကြောင့် ပြန်ဆုတ်ခဲ့ရတယ်။ စခန်းတခုလုံးကိုတော့ မသိမ်းနိုင်ခဲ့ဘူး"

သေနတ် ၇ လက်ယူပြီး အလင်းဝင်လာတဲ့ စစ်သား ၃ ဦးနဲ့ ရဲ ၄ ဦးကို ငွေ ၇၄၂ သိန်းချီးမြှင့်

"အလင်းဝင် CDM လာလုပ်သူတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြောလို့ မရသေးဘူးဗျ။ လုံခြုံရေးအရပေါ့။ ၇ ယောက်မှာ တယောက် ၁၀၆ သိန်းဆိုတော့ ငွေ ၇၄၂ သိန်း ချိီးမြှင့်ပေးခဲ့တယ်"

ခမရ ၅၆၃ က စစ်သားတဦး စစ်ကိုင်းမှာအလင်းဝင်

"ကျနော် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ အလင်းဝင်တယ်။ ခု လွတ်မြောက်ရေးနယ်မြေကို ရောက်နေပါပြီ။ ကျနော့်ခံယူချက်က စစ်တပ်အောက်မှာ တာဝန်မထမ်းဆောင်ချင်လို့ လမ်းမှားမှန်းသိသိကြီးနဲ့ ဆက်မလျှောက်ချင်တော့လို့ပါ”

အင်းတော်မှာ လေမုန်တိုင်းတိုက်လို့ နေအိမ်တွေနဲ့ ဓာတ်မီးတိုင်တွေ ပျက်စီး

“ပျက်စီးသွားတဲ့ ခန့်မှန်းခြေကတော့ တော်တော်များမယ်။ မော်လူးနယ်မှာ ဖြစ်သွားတာဆိုတော့ ပျက်စီးသွားတဲ့ နေအိမ်ပမာဏ ပြောပြလို့မတတ်ဘူး။ မော်လူးနယ်က ရွာတွေအများကြီး။ မော်လူးက ရပ်ကွက်တခုတင်ကို နေအိမ် ၁၀ လုံးကျော်လောက် ပျက်စီးသွားသလိုတခြားရပ်ကွက်တွေရော ရွာတွေက အိမ်တွေရော အများကြီးပျက်စီးသွာတာ”

KLG တပ်မဟာ တည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားနဲ့ ကျဆုံးရဲဘော်မိသားစုတွေကို ငွေကြေးထောက်ပံ့

"ရဲဘော်အင်အား ၁၀၀ ကျော် ပြည်သူအင်အား ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားမှာတော့ ကျနော်တို့ရဲ့ ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့ရဲ့ဆရာတော်လည်းဖြစ်တဲ့အပြင် ကနီမြို့နယ်ရဲ့ နယက ပအဖ ဆရာတော်က အဖွင့်အမှာစကားပြောပြီး ပြည်သူတွေကို တော်လှန်ရေးနဲ့ပတ်သက်တဲ့ အကြောင်းပြောပါတယ်"

ဆိုင်ကယ်နဲ့နောက်ကလိုက်ပစ်တဲ့ ခမရ ၇၀၄ က ဗိုလ်ကြီးနဲ့တပ်သား ပြန်အပစ်ခံရလို့ သေဆုံးပြီး သေနတ် ၂ လက်ရရှိ

“ဒီကောင် ၂ ကောင်က ကျနော်တို့ရဲဘော်တွေ ကင်းပုန်းဝပ်နေတဲ့နေရာကို လာပစ်တာ။ ကျနော်တို့က နောက်ကိုဆုတ်ပေးတာကို နောက်ကလိုက်ပစ်တယ်။ ဆုတ်ပေးရင်းကနေ ကာလို့ကောင်းတဲ့နေရာရောက်တော့ ကျနော်တို့က ပြန်ပြီးနှစ်ဖက်ဝိုင်းပစ်တာ ၂ ကောင်လုံး သေတယ်။ ၁ ကောင်က ၃ ပွင့် ဗိုလ်လို့ သိရတယ်”

ပဲခူးဗဟိုမဏ္ဏပ်ကို ဆောက်နေကျနေရာကနေ လူစည်ရာနေရာကို ပြောင်းရွေ့ဆောက်လုပ်

“ဒီနှစ်ဆောက်တဲ့ ဗဟိုမဏ္ဏပ်က ကြီးလည်းကြီးတယ်။ တော်တော်လည်း ရှည်တယ်။ လမ်းစုံဖြစ်တဲ့နေရာလည်း ဖြစ်တယ်။ အရင်နေရာမှာ မလုပ်တော့တာက သူတို့ (စစ်ကောင်စီ)အဲဒီလမ်းတဝက်ကို တားဆီးတွေချထားတာ။ သံဆူးကြိုးတွေနဲ့လည်း ကာထားထယ်။ ဖြူ ၊ နီ အတုံးတွေနဲ့လည်း လမ်းတွေကာထားတော့ လမ်းက ကျဉ်းကျဉ်းလေးဖြစ်သွားလို့ မလုပ်တော့တာ”

လင်မယားစကားများပြီး လူကို ဓာတ်ဆီလောင်းမီးရှို့ရာက နေအိမ် ၃၀ ကျော်မီးလောင်

"လင်မယားက သူတို့အိမ်တွင်းရေးကိစ္စ စကားများကြရာကနေ အမျိုးသားက သူ့ကိုယ့်သူဓာတ်ဆီလောင်းမီးရှို့တာ။ အဲဒါကနေ သူအိမ်လည်းမီးလောင် အခြားအိမ်တွေလည်း မီးကူးကုန်တာ။ တော်တော်လေး မီးငြိမ်းလိုက်ကြရတယ်။ အိမ်တွေကော နွားတင်းကုပ်တွေကော တော်တော်များများပဲ"

ပြည်မှာ သမီးရည်းစားချင်း စကားများရာမှ ဓားထိုးမှုဖြစ်လို့ ၂ ဦးစလုံး ဒဏ်ရာရ

"သူတို့က တနေရာရာမှာကတည်းက စကားများလာကြတာ နေမယ်။ ဖြစ်တဲ့နေရာကလည်း လူသွားလူလာရှိတဲ့ လမ်းပေါ်မှာပဲ။ ကောင်မလေးကို ကောင်လေးက သူ့မှာပါလာတဲ့ ဓားမြှောင်နဲ့ ထိုးတာ။ ဓားကို အပြန်အလှန်လုကြရင်းနဲ့ နှစ်ယောက်စလုံး ထိတာလို့တော့ သိရတယ်"

ဘုရားထီးတင်ပွဲက ပြန်လာတဲ့ရဲတွေ မိုင်းဆွဲခံရ

“ဘုရားပွဲမှာက လောင်းကစားဝိုင်းရှိတယ်။ ဘုရားပွဲကနေ တောင်ပို့လှရွာက သူတို့အသိအိမ်မှာ ဘီယာသောက်ပြီးအပြန် လမ်းမှာ မိုင်းဆွဲခံရတာ။ ရဲ ၁ ဦး ထိခိုက်ဒဏ်ရာရသွားပြီး ဒဏ်ရာရသူကို ကားနဲ့လာသယ်သွားတယ်”

ဟုမ္မလင်းက နောင်ပိုအောင်ရဲစခန်း တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးဟုဆို

“တိုက်ပွဲချိန်က ၁၅ မိနစ်လောက်ပဲ ကြာတယ်။ အဲဒီစခန်းမှာ သေဆုံးတာက ၃ ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူတွေ များတယ်”

အဝေးတနေရာက ချစ်သူကောင်မလေးလုပ်ပေးတဲ့ တောတွင်းတနေရာက မွေးနေ့ပွဲ

“သူ့ကောင်မလေးက အဝေးကနေ ချိတ်ဆက်ပြီး ကျနော်တို့ကို suprise လုပ်ပေးဖို့ တောင်းဆိုခဲ့တာ။ သူ့ကောင်မလေးပို့ပေးလိုက်တဲ့ suprise box နဲ့ မွေးနေ့ကိတ်ကို ရဲဘော်လေးတွေက သွားယူပေးထားပြီး suprise လုပ်ခဲ့ကြတာ။ အဝေးကဆိုတော့ ရောက်လာလိမ့်မယ် ထင်မထားဘူးလေ။ အံ့သြသွားပြီး မျက်ရည်တွေ ဝဲလာတော့တာပဲ”

မကွေးကောင်းမွန်စင်တာအနီးမှာ မွေးကင်းစကလေးငယ် စွန့်ပစ်ခံရ

"ကလေးက ချက်ကြိုးတောင် မပြုတ်သေးဘူးဆိုတော့ မွေးထားတာမကြာလောက်သေးဘူး။ ကလေးအခြေအနေကို ကြည့်ရသလောက်က ဆေးရုံမှာမွေးပြီး၊ မိဘတွေက ဆေးရုံကနေ ခိုးဆင်းပြီး လာပစ်သွားတာ ဖြစ်နိုင်တယ်။ ကလေးက အသည်းရောင်အသားဝါလည်း ဖြစ်နေလို့ ဓာတ်ကင်ထားရတဲ့ ပုံစံမျိုးလည်း တွေ့ရတယ်"

နတ္တလင်းမြို့နယ်ထဲက စစ်ကောင်စီစခန်း ဝင်ရှင်းချိန် နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိ

"အင်အားတော့များတယ်။ သူတို့တပ်စွဲထားတာက ပဲခူးရိုးမကို ဖြတ်လေးဖြတ်လုပ်ချင်လို့ တပ်စွဲနေထိုင်နေတာဖြစ်တယ်။ တိုက်ပွဲဲဖြစ်တော့ သူတို့ စခန်းကုန်းကို ကျနော်တို့ဘက်က သိမ်းနိုင်ခဲ့တယ်။ ကျနော်တို့ဘက်ကလည်း ကျဆုံးတာရှိတယ်။ သူတို့က ပြည်သူ့နေအိမ်တွေမှာ တပ်စွဲထားတာဆိုတော့ သူတို့နေရာကို မီးရှို့တာတော့ မလုပ်ခဲ့ဘူး။ အဲလိုလုပ်ခဲ့ရင် အခြားပြည်သူနေအိမ်တွေလည်း မီးကူးသွားတာတွေဖြစ်မှာစိုးရတယ်"

မြဝတီဘဏ်နဲ့ စီးပွားရေးဘဏ်စောင့်တဲ့ စစ်သားတွေပစ်ခတ်ခံရပြီး ၄ ဦး သေဆုံး( ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စစ်ကောင်စီတပ်စွဲထားတဲ့ မြဝတီဘဏ်နဲ့ စီးပွားရေးဘဏ်ဘန်ကာအထဲက စစ်သား‌တွေကို ဧပြီလ ၂ ရက် ဒီနေ့ မနက်ပိုင်းမှာ ကားနဲ့အနီးကပ်သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ၄ဦး သေဆုံးတယ်လို့ မုံရွာခရိုင်တပ်ရင်း(၂၂) တပ်ရင်းမှုး ဗိုလ်နတ်ဆိုးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10