သတင်း

မော်လိုက်မှာ ကျေးရွာ ၁၆ ရွာခန့် ရေကြီးနေပြီး ၃ ရွာက အရေးပေါ် အကူညီလိုအပ်နေ

“မြစ်ကမ်းနားက ရွာတွေကတော့ ရေမြုပ်ကုန်ပြီ။ မြို့လယ်ကောင်ထဲလည်း ဝင်နေပြီ။ တပ်ကုန်း၊ ရေခါတွန်နဲ့ ဝဲကသာ အဆိုးဝါးဆုံးပေါ့။ (စစ်ဘေးကြောင့်)အိမ်ကလည်းမရှိတော့ တဲလေးတွေ ထိုးနေတာကလည်း ရေမြုပ်ဆိုတော့ အဲ့ရွာတွေကတော့ တော်တော်ခံစားရတယ်။”

ကန့်ဘလူနယ်က လမ်းပိုင်း ၃ ခုမှာ ကုန်ကားနဲ့ခရီးသည်တင်ကားတွေကို စစ်တပ်ကဖြတ်သန်းခွင့်ပိတ်ထားလို့ ဒေသခံတွေအခက်ကြုံ

"ဘာကြောင့်ပိတ်တယ်ဆိုတာတော့ မသိရဘူး။ ဆိုင်ကယ်တွေလောက်ပဲ သွားလာခွင့်ပေးတယ်။ အစစ်ဆေးများတယ်။ ကားတွေဆို ပေးမဖြတ်ဘူး။ လက်ရှိလည်း ကန့်ဘလူမြို့ပေါ်မှာ ဦးဝါသဝရဲ့ ပျူစောထီးအဖွဲ့တွေကလည်း အင်အားပြတာတွေရှိနေတော့ စစ်ရေးအခြေနေကြောင့်လို့ပဲထင်တယ်"

မြောင်နယ်မှာ မြစ်ရေတက်လို့ ရွှေ့ပြောင်းနေရတဲ့ စစ်ရှောင်တွေကို ကူညီထောက်ပံ့နေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းမှာ စစ်ရှောင်နေရတဲ့ ပြည်သူတွေကို ဇူလိုင် ၄ ရက်က အာဟာရဒါန ထမင်းဟင်းကျွေးမွေးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ CDSOM တပ်ဖွဲ့ဆီက သိရပါတယ်။

ရေဦးမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အမျိုးသမီးတဦးသေဆုံး

"ခန္ဓာတကိုယ်လုံး ဒဏ်ရာတွေနဲ့ သွေးထွက်လွန်ပြီးဆုံးသွားတာ။ သူနဲ့အတူ ကျွဲတကောင်လည်း သေသွားတယ်"

ရေနံ့သာရဲကင်းကျပြီးနောက် စစ်တပ်က မတ္တရာမြို့ကို ခံစစ်ပြင်

မန္တလေးတိုင်း၊ မတ္တရာမြို့ရဲ့မြောက်ဘက်အဝင်မှာရှိတဲ့ ရေနံ့သာရဲစခန်းကျပြီးနောက် စစ်ကောင်စီတပ်က မတ္တရာမြို့ကို ခံစစ်ပြင်ထားတာကြောင့် ဒေသခံတချို့ ဘေးလွတ်ရာသို့စတင်ရှောင်တိမ်းနေကြပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

PDA က ကျဆုံးရဲဘော် ၁ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)၊ အမှတ် ၄ စစ်ဒေသမှူး၊ ရဲဘော် VJ ကျဆုံးခြင်း အထိမ်းမှတ်ပွဲကို PDO/PDA စစ်ဒေသတိုင်းတခုဖြစ်တဲ့ ပခုက္ကူခရိုင်ထဲက တနေရာမှာ ဇူလိုင် ၃ ရက်က ကျင်းပခဲ့တာလို့ ဆိုပါတယ်။

စစ်ဆေးခံနေရတဲ့ ဗိုလ်ချုပ် ကြည်ခိုင် အရံအင်အားရောက်၊ တိုင်းမှူးနေရာတချို့ ထပ်မံလူစားလဲ (ရုပ်/သံ)

စစ်ကောင်စီက စစ်ဆေးမှုတွေလုပ်ဆောင်နေတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင် အရံအင်အားကို အပို့ခံလိုက်ရပြီး ၎င်းရဲ့ တိုင်းမှူးနေရာအပါအဝင် အပြောင်းအရွှေ့တချို့ ထပ်မံလုပ်ဆောင်တယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

လားရှိုးဗျူဟာကုန်းတိုက်ပွဲမှာ ကနီနယ်က PDF ရဲဘော်တဦးကျဆုံး

"သူက PLA ကပါ။ သူ့အတွက် ရွာကတော့ မနက်ဖြန်ဆွမ်းသွပ်မှာ။ မနေ့က သူတယောက်တည်းကျတာ"

စစ်တပ်ကို လက်နက်နဲ့ရိက္ခာပို့လေ့ရှိတဲ့ ပေါင်းတည်ကအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

“အုပ်ကြီးက အပ်ပုန်း(တရားမဝင်ဆေးကုသခြင်း)လည်း ဆေးကုတယ်။ အိမ်ကနေဆိုင်ကယ်နဲ့ဆေးကုသွားတုန်း လမ်းကနေ စောင့်ပြီးရှင်းခဲ့တာ။ ပွဲချင်းပြီးသေတယ် “

ပဲခူးမြို့ရှောင်လမ်းမှာ ကုန်တင်ကားနဲ့ စက်ရုံဖယ်ရီကားတိုက်မိပြီး ဝန်ထမ်း ၇ ဦးဒဏ်ရာရ

"မန္တလာမင်း(ကုန်တင်)ကားက မောင်းနေရင်းကနေ ရုတ်တရက်ရပ်ချလိုက်တော့ သူ့နောက်ကနေလိုက်မောင်းလာတဲ့ ဖယ်ရီကားက နောက်ကိုဝင်ဆောင့်မိတာ"

စစ်ကောင်စီအတွက် တပ်သားသစ် ၅၀ ရှာပေးမယ်ပြောတဲ့ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

“စစ်တပ်က သူ့ဆီကို စစ်သင်တန်းပေးဖို့ ၂ ယောက်နှုန်းတောင်းတာ။ သူကနေ အာမခံပြီး အယောက် ၅၀ ရှာပေးမယ်ပြောတာ။ ရန်သူ့ဘက်က လက်မဦးခင် ကျနော်တို့ဘက်က လက်ဦးမှုယူလိုက်တာပါ။ သူရဲ့နေအိမ်မှာပဲ ‌ရှင်းလင်းခဲ့တာ။”

တပ်ဖွဲ့ရိက္ခာနဲ့ ဒေသခံတွေစားဖို့ သီးနှံတွေကိုယ်တိုင်စိုက်ပျိုးနေတဲ့ PLA (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အခြေစိုက်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA (အနောက်မြောက်စစ်ဒေသ) တပ်ဖွဲ့ဟာ တပ်ဖွဲ့ရိက္ခာနဲ့ ဒေသခံတွေစားသုံးဖို့ သီးနှံတွေကို စိုက်ပျိုးထားတယ်လို့ တပ်ဖွဲ့ဝင်ရဲဘော်လင်းပွင့် က ပြောပါတယ်။

မကွေးထောင်အာဏာပိုင်တွေက နိုင်/ကျဥ်းတွေကို ရိုက်နှက်၊ တိုက်ပိတ်တာတွေလုပ်နေ

"အကျဥ်းသားတွေကို အဆောင်တွေထဲကနေ Main Jail ကိုခေါ်ထုတ်တယ်။ မေးမြန်းတာတွေလုပ်တယ်။ သူတို့(ထောင်အာဏာပိုင်တွေ)နဲ့ တွေ့တဲ့အခါမှာ ခေါင်းငုံ့ခိုင်းထားတာ။ အဲ့ဒီအချိန်မှာ မော့ကြည့်လိုက်တာမျိုးတွေဆို သူတို့ကဘာမှအကြောင်းပြချက်မပေးဘဲ နံပါတ်တုတ်၊ ရော်ဘာတုတ်တွေနဲ့ရိုက်တာတွေကို ကျနော်တို့တွေ့ရပါတယ်"

တိုက်ပွဲမရှိတဲ့ စဉ့်ကူးနယ်၊ လက်ပန်လှရွာကို စစ်တပ်ကလေယာဥ်နဲ့ဗုံးကြဲလို့ အမျိုးသမီး ၃ ဦးသေ

မနေ့က ကနဦးတွေ့ရှိချက်အရ အမျိုးသမီးတဦးသာသေဆုံးတယ်လို့ သိထားခဲ့ပေမယ့် လေကြောင်းတိုက်ခိုက်မှု ခဏငြိမ်သွားချိန်မှာ ကူညီရေးအဖွဲ့တွေကနောက်ထပ် သေဆုံးသူအမျိုးသမီး ၂ ဦးထပ်မံတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ပြည်ခရိုင်မှာ စစ်မှုထမ်းငှားဖို့ဆိုပြီး အုပ်ချုပ်ရေးမှူးတွေက ဒေသခံတွေကို ခြိမ်းခြောက်ငွေတောင်းနေ

“တအုပ်စုကို သိန်း ၃၀ တောင်းတာက သုံးလအတွက် အိမ်ထောင်တစုကို ၁၈၀၀၀ ကျလို့ အခုလ(ဇူလိုင်) ၂ ရက်က ပေးရတာ။ ဒီသုံးလပြီးရင် နောက်တခါထပ်စုမယ်ပြောတယ်။ မပေးနိုင်တဲ့အိမ်က စစ်မှုထမ်းရမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးကပြောလို့ ပေးကြရတာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10