ပုလဲက ထွက်လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၂ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ (ရုပ်/သံ)
"ကျနော်တို့စစ်ကြောင်းက ပထမဦးဆုံး ၆၀ မမ ၃ လုံး၊ ၄၀ မမ ၁ လုံးနဲ့ စပြီးပစ်ခတ်တိုက်ခိုက်ခဲ့တာ။ အပြန်အလှန်ပစ်ခတ်တာ နာရီဝက်လောက်ကြာသွားတယ်။ ကျနော်ပစ်လိုက်တာတော့ ၂ ယောက်တော့ လဲသွားတယ်လို့ ရဲဘော်တွေက မြင်လိုက်ရတာ။ ဒဏ်ရာအပြင်အထန်ရပြီး လှော်ကားရွာထဲအရောက်မှာ ဆေးကုသမှုလုပ်ကြတယ်။ အင်မထီးပျူရွာအရောက် သေပြီးတော့ တဲတလုံးပေါ်တင်ပြီး မီးရှို့နေတာတွေ့လို့ ဒေသခံပြည်သူတွေက ဖုန်းဆက်ပြောလို့သိရတာ"