သတင်း

ဖမ်းဆီးခံ ဆားလင်းကြီး ပအဖ အဖွဲ့ဝင် ဦးဗန့်ဂျီကို သေဆုံးလျှက်ပြန်တွေ့

"ကိုဗန့်ဂျီ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေတော်တော်တွေ့ရတယ်။ ကျောကုန်းတွေ၊ ဦးခေါင်းတွေမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေပါတယ်။ ရင်ဘက်တွေမှာ ဓားထိုးဒဏ်ရာတွေ တွေ့ရတယ်ဗျ။ စကစတွေက မနေ့(ဇွန်၁၀)က သတ်ပြီးတော့ အလောင်းလာပစ်သွားတာလို့ ထင်တယ်" လို့ ဆိုပါတယ်။

စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေး ၂ ဦးသေဆုံး၊ ဘုန်းကြီး ၁ ပါးပျံလွန်ပြီး နေအိမ် ၇ လုံးမီးလောင်

စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ တောကြောင်ပေါက်ကျေးရွာက သက်တော် ၆၀ အရွယ် သံဃာတပါး ပျံလွန်တော်မူခဲ့သလို ဝါးပင်စုရွာက အသက် ၁၀ နှစ်ခန့်နဲ့ ၆ နှစ်ခန့် အရွယ် မိန်းကလေး ၂ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

PDF ရဲဘော် ၃ ဦးသေဆုံးခြင်း ၁ လပြည့် အခမ်းအနားပြုလုပ်

“တလပြည့်မှာ တပ်ရင်းရုံးက အရာရှိတွေအလုပ်နားပြီးတော့ ဂုဏ်ပြုတဲ့အနေနဲ့ လွမ်းသူပန်းခွေ‌တွေ ချခဲ့တယ်၊ ကျနော်တို့မရောက်ခင်မှာပဲ ဒေသခံလူထုကနေ သူတို့ဟာသူတို့အစီအစဉ်နဲ့ လုပ်သွားခဲ့တာလည်း ရှိတယ်၊ ကျနော်တို့က ညနေပိုင်းမှာ လုပ်ဖြစ်ခဲ့တာ” လို့ ပြောပါတယ်။

ကြို့ပင်ကောက်မှာ စစ်ကောင်စီကို ကျောင်းသားလူငယ်တွေ ဆန္ဒပြ (photo news)

"ကျနော်တို့ ပြောချင်တာကတော့ လက်ရှိကာလဟာ ညီညွတ်မှုက သိပ်အရေးကြီးပါတယ်။ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စုစုစည်းစည်းရှိပြီး ဘုံရန်သူကို အင်နဲ့အားနဲ့ ဦးတည်တိုက်ကြရမယ့် ကာလလည်း ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ အားလုံးစုစုစည်းစည်းနဲ့ တိုက်ပွဲဝင်နိုင်တဲ့ တပ်ပေါင်းစုတခုကို တည်ဆောက်ပြီး လူထုလွတ်မြောက်ရေးနဲ့ ပြည်ထောင်စုအစစ်ဆီကို ချီတက်ကြရမှာ ဖြစ်တယ်"

ရဲစခန်း စီးနင်းခံရလို့ စခန်းမှူးအပါ ၉ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရဟုဆို (ရုပ်/သံ)

"ကျနော်တို့ ဆက်သွယ်ရေးရုံးကို အရင်ဆုံးပစ်တယ်။ တိုက်ပွဲကြာချိန်က ၂ နာရီလောက်ကြာခဲ့ပါတယ်။ ၄ နာရီထိုးတော့ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာ ၁ စီး ၄ ကြိမ်ဝဲပြီး ပစ်သွားတယ်။ ဂျက်ဖိုက်တာ ပြန်သွားတော့ ကျနော်တို့ အီနာဂါ ၁ လုံးထပ်ချပြီး တပ်ပြန်ဆုတ်ခွာခဲ့ရတယ်။ စခန်းသိမ်းဖို့ဆိုပြီး သွားတာ။ ဂျက်ဖိုင်တာလာဝဲလိုက်တော့ စခန်းမသိမ်းနိုင်ခဲ့ပေမဲ့ စခန်းဝင်စီးနိုင်တဲ့ အနေအထားတော့ ရှိခဲ့တယ်။"

ခင်ဦးမှာစစ်တပ်က စာသင်ကျောင်းနဲ့ အိမ်တွေမီးရှို့ပြီး သိုးနဲ့နွား ၇၀ ကျော်ကိုမောင်းယူသွား

"မနေ့က စစ်ကြောင်းကနေ့လယ်လောက်မှာ ထွက်ဟန်ပြပြီး ရွာထဲမှာညအိပ်တာ၊ ညရောက်မှ အိမ် ၄ လုံးနဲ့ စာသင်ကျောင်းကိုမီးရှို့တာ။ မနက်အစောပိုင်းရွာထဲကထွက်တော့ သိုးနဲ့နွားတွေကို စစ်ကြောင်းရှေ့ကနေမောင်း သွားတာ။ ပြီးတော့ရွာထဲမှာလည်း သတ်ဖြတ်စားသောက်ထားတာတွေလည်းရှိသေးတယ်"

စဥ့်ကူးက စစ်ရှောင်အိမ်ထောင်စု ၂၀၀ အတွက် လွတ်လပ်သောထောက်ပို့အဖွဲ့က ရိက္ခာထောက်ပံ့

"ရွာတွေမှာ အိမ်မရှိကြတော့ဘူး။ တချိူ့ဆို အဝတ်တထည် ကိုယ်တခုနဲ့နေကြရတယ်။ ဆန် ဆီ ကြက်သွန်လေးလှူတာတောင် ပြုံးပျော်နေကြတယ်။ သူတို့မှာ အိမ်မရှိတော့တာကို မေ့နေသလို တွေ့ရတော့ စိတ်မကောင်းဖြစ်ရတယ်။ စားဖို့နေဖို့ဝတ်ဖို့ ဘာမှကိုမရှိလို့အခက်အခဲ ဖြစ်နေကြတာ"

ထောက်ပို့စစ်ကြောင်း အသွားအပြန် တိုက်ခိုက်ခံရလို့ ဒဏ်ရာရသူများပြီး ၈ဦးသေဆုံးဟုဆို (ရုပ်/သံ)

"ကျနော်တို့က ရွှေဘိုမြို့အခြေထိ လက်လုပ် ၆၀ မမ တာဝေးပစ်နဲ့ လိုက်ထုခဲ့တယ်။ မျက်မြင်တွေ့ရတာက အဲဒီအနားမှာ ၅ ဦးသေပြီး နောက်ထပ်အတွင်းသတင်းပေးအရ ၃ ကောင်ထပ်သေတာ သိရတယ်။ စုစုပေါင်း ၈ ကောင်‌သေတာသိရတယ်။ ဒဏ်ရာရတာကတော့ အများအပြားရှိတယ်။"

ယင်းမာပင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ကထိခိုက်သေဆုံးသူတွေရှိ

"စစ်ကြောင်းရဲ့တပ်အမည်တော့မသိရဘူး။ သူတို့က လည်ငေါက်ရွာမှာညအိပ်ပြီး မနက်စစ်ကြောင်းထွက်မယ်သတင်းရလို့ ကြိုတင်ပြင်ဆင်ပြီး စစ်ကြောင်းထွက်လာချိန်မှာတိုက်ခိုက်ခဲ့တာပါ”

ကန့်ဘလူ စစ်ရှောင်ကလေးငယ် ၁၀၀ ကျော် ပညာသင်ပေးဖို့ ကျောင်းသုံးပစ္စည်းများလိုအပ်နေ

"ကျနော်တို့ဘက်က ကလေးတွေက စာမသင်ရတာဆို ကိုဗစ်အပါအဝင်ဆို ၃ နှစ်လောက်ရှိနေပြီ။ ခု စာသင်ဖို့ ကလေး ၁၀၀ ကျော်ရဖို့တောင် မိဘတွေကို အတော်စည်းရုံးပြီး ပြောထားရတာ။ စာသင်ဆောင်တွေက စစ်ဘေးရှောင်နေရတဲ့နေရာမှာ ဖြစ်သလိုဆောက်ထားရတာဆိုတော့ လိုအပ်ချက်တွေက အများကြီးရှိနေပါတယ်"

ယင်းမာပင်မှာ PDF ရဲဘော်ဆေးမှူးက တကိုယ်တော် ဆေးကုသနေပြီး ဆေးဝါးပစ္စည်းတွေလိုအပ်နေ

"ရဲဘော်တွေလိုအပ်ချက်တွေကို ပြည်သူတွေအဆင်ပြေတုန်းက ကူညီပေးခဲ့တယ်။ အခုပြည်သူတွေ ဒုက္ခအခက်အခဲရောက်နေတော့ ဥပက္ခာမပြုနိုင်ပါဘူး။ ကျနော်တတ်နိုင်တဲ့အပိုင်းက ဆေးကုသစောင့်ရှောက်ပေးသွားမယ်"

အထက်မင်းလှက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၇၀ ကျော်ကို ၁ လအတွင်းနှုတ်ထွက်ဖို့ နောက်ဆုံးအကြိမ်သတိပေး

"အရင်ကလည်း ၂ ကြိမ် ၊ ၃ ကြိမ် ကြေညာချက်ထုတ် သတိပေးခဲ့ဖူးတာမျိုးတွေရှိပါတယ်။ အများစုကမလိုက်နာဘဲ စစ်ကောင်စီလက်အောက်မှာ လုပ်ဆောင်မြဲရှိသေးတဲ့အတွက် နောက်ဆုံးအကြိမ်အဖြစ် အမည်တွေကိုပါတပ်ပြီး ‌ကြေညာလိုက်တာဖြစ်ပါတယ်"

ခြေလျင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်သား ၂ ဦး သေဆုံး (ရုပ်/သံ)

"အင်အားကတော့ ၁၅၀ လောက်ပါတယ်။ RPG၊ စနိုက်ပါ၊ ၄၀ မမ ၃ လုံးနဲ့ တိုက်ခိုက်လိုက်တာ။ ကြားဖြတ်တိုက်ခိုက်တာဆိုတော့ ၁၅ မိနစ်လောက်ပဲကြာတယ်။ သူတို့ဘက်ကလည်း ပြန်ပစ်ပါတယ်။ မျက်မြင်ကတော့ ၂ ကောင်သေပြီး ထိခိုက်ဒဏ်ရာရတာတော့ မသိ‌ရသေးဘူး"

ပဲခင်းတွေကို ဝင်ခိုးခူးတဲ့ ပျူစောထီးအဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၄ ဦးထက်မနည်း ထိခိုက်

"ကြာပိုင်ပြည်သူတွေစိုက်ထားတဲ့ ပဲခင်းမှာဝင်ခိုးနေကြတာ။ အဲ့အချိန်သတင်းရလို့ ဒရုန်းနဲ့ဗုံးချခဲ့တာ။ တောပုက ပျူတွေက သူတို့နဲ့နီးစပ်တဲ့ရွာတွေက ဒေသခံပိုင်ပစ္စည်းတွေကို ခုလိုဘဲ ယူနေကြဖြစ်နေပြီ"

ညောင်ပင်ကြီးတိုက်ပွဲအပြီး စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ မီးရှို့နေလို့ ဒေသခံ ၅၀၀၀ ခန့် ထွက်ပြေးရ

"ဒေသခံတွေက မနေ့က ၅ နာရီကတည်းကနေ ပြေးနေရတာ။ ညမအိပ်ရတော့ဘဲ ပြေးနေရတာ။ အခုချိန်ထိပေါ့။ Mi-35 နဲ့စက်ဝိုင်းပုံစံဝိုင်းပြီးတော့ ၅ ကြိမ်ပစ်တယ်။ ရွာထဲကစကစတွေကတော့ လေကြောင်းပစ်ပြီးတာနဲ့ အိမ်တွေကို မီးစရှို့တာ။ တညလုံးရှို့တယ်။အခုထိမီးက မငြိမ်းသေးဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10