ဂန့်ဂေါမှာ ဓါးစားခံ ရွာသား ၄ ဦးကို သတ်သွားသလို နေအိမ် ၁ လုံးလည်း မီးရှို့ဖျက်ဆီးခံရ
“ သူတို့တွေဘယ်လိုအဖမ်းခံလိုက်ရပြီး သတ်ဖြတ်ခံလိုက်ရလဲဆိုတာတော့ ကျနော်တို့လည်း တိတိကျကျမသိရသေးဘူး။ ဒီနေ့လည်း မီးရှို့ခံရတဲ့ အိမ်က ဘယ်သူ့အိမ်လဲဆိုတာတော့ မသိရှိရသေးပါဘူး။ စစ်ကောင်စီတပ်ဖွဲ့တွေကလည်း ရှုံးရှီးရွာမှာ တညအိပ်စခန်းချမဲ့ပုံပေါ်တယ်။ အခုချိန်ထိရွာထဲကနေ မထွက်ရသေးဘူး ”