မြင်းမူတိုက်ခိုက်မှုအတွင်း ပျက်စီးသွားတဲ့စစ်ကောင်စီကားတစီးကို PDF သိမ်းဆည်းခဲ့
“သွားသိမ်းတာ ပစ်ခတ်မှုဖြစ်တဲ့နေရာနဲ့ သိပ်မဝေးဘူး။ ပစ်ခတ်တဲ့နေရာမှာပဲ ကားကိုထိုးထားခဲ့တာမလို့ အဲ့ဒါကို ကျနော်တို့သွားသိမ်းတာ။”
“သွားသိမ်းတာ ပစ်ခတ်မှုဖြစ်တဲ့နေရာနဲ့ သိပ်မဝေးဘူး။ ပစ်ခတ်တဲ့နေရာမှာပဲ ကားကိုထိုးထားခဲ့တာမလို့ အဲ့ဒါကို ကျနော်တို့သွားသိမ်းတာ။”
မကွေးတိုင်း၊ စလင်းမြို့ မြို့မရဲစခန်းကို ဩဂုတ် ၁၀ ရက်က ပြည်သူ့ကာကွယ်ရေးတပ်တွေ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းဆီက သိရပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြောက်ကျွန်းရွာ မြောက်ဘက်လှေဆိပ်မှာ ထောက်ခံစာထုတ်ပေးတာကို အကြောင်းပြပြီး ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီတပ်သားတွေကို သြဂုတ် ၈ ရက် မနက် ၈ နာရီလောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ အမေ့သွေးပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ဆီက သိရပါတယ်။
"ရေဖြူကန်နားမှာက ဓာတ်တိုင်တွေက လှဲခံထားရတာ။ အဲ့ဒါကို ခဏခဏလာပြင်တယ်။ လာပြင်တိုင်းလည်းတိုက်ခိုက်ခံရတယ်။ ဒီတခေါက်မှာတော့ အရာရှိတွေပါကျတာ သိရတယ်။"
ဩဂုတ် ၉ ရက်က မုံရွာမြို့ကနေ ကား ၄ စီးနဲ့ ထွက်ခွာလာတဲ့ စစ်မှုထမ်းသင်တန်းဆင်းနဲ့ စစ်သားအင်အား ၆၀ ဦးလောက်လိုက်ပါလာတဲ့ မှန်လုံကား ၂ စီး ၊ အန်စာတုံးကား ၁ စီး ၊ သံပြားကာကား ၁ စီးတို့ကို မြင်းမူတိုးဂိတ်အနီး နေ့လယ် ၁၀ နာရီ ၅၅ မိနစ်လောက်မှာ တိုက်ခိုက်ခဲ့တာလို့ Dog Killers People's Defence Force Myinmu(DK-PDF MMU) ရဲဘော်မောင်ကာ က ပြောပါတယ်။
"တိုက်ပွဲဖြစ်ပြီးနောက် လက်နက်ကြီးသံတွေက ဆက်တိုက်ပဲ။ ဒီမနက်(သြဂုတ် ၁၀)လည်း ထပ်ပစ်နေတယ်။ အများစုလက်နက်ကြီးတွေက ခလရ ၇၃ ကပစ်နေတာ"
"ကျနော်တို့အဖွဲ့တွေဝင်စီးတော့ ပျူတွေက ထွက်ပြေးကြတယ်။ အဲ့ဒါကိုလိုက်ပစ်တော့ သုံးယောက်လုံး သေတယ်။ ကမန်းကတန်းပစ် တွေ့တဲ့လက်နက်ကောက်ယူပြီး ပြန်ဆုတ်လာတာ"
သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ကွင်းသုံးဆယ်ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာတပ်စခန်း၊ ဖိုကုန်းတပ်စခန်း၊ ဝက်သေရွာတပ်စခန်းနဲ့ ဖက်ရှည်ရွာတပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
"ကျနော်တို့အဖွဲ့တွေဝင်စီးတော့ ပျူတွေက ထွက်ပြေးကြတယ်။ အဲ့ဒါကိုလိုက်ပစ်တော့ သုံးယောက်လုံး သေတယ်။ ကမန်းကတန်းပစ် တွေ့တဲ့လက်နက်ကောက်ယူပြီး ပြန်ဆုတ်လာတာ"
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ပျူစောထီးစခန်းကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးဝန်းကျင်သေဆုံးကာ၂၀ ဦးဒဏ်ရာရသလို လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် အဖွဲ့ဆီကသိရပါတယ်။
“စျေးလမ်းထိပ်နဲ့ မလှမ်းမကမ်းက ပျူတွေ ပိုက်ဆံကောက်နေကျနေရာကို ဆိုင်ကယ်နဲ့ လာပစ်တာ။ တယောက်သေ၊ တယောက်ခြေထောက်မှန်၊ တယောက်ပေါင်မှန်လို့ သိရတယ်။ သေနတ်သံကြားတာနဲ့ ပြေးမိပြေးရာ ပုန်းရတာဆိုတော့ ပစ်နေစဥ်အတွင်း အခြေနေတော့ မသိဘူး။”
တိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၂ ဦးသေဆုံးခဲ့သလို စစ်ကောင်စီ ဘက်ကလည်း ၃ ဦးသေဆုံးခဲ့ပါတယ်။
" ကားပေါ်မှာ တော်တော်များများကို သေတယ်။ မိုင်းဆွဲတာက ၂ စီးလုံးဆွဲတာ မဟုတ်ဘူး။ ရှေ့ကကားပဲ ဆွဲလိုက်တာ။ နောက်အစီးက အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကောက်ပြီး ဟိုပစ်ဒီခတ် လုပ်ကြတယ်။ ကားကတော့ မြေခသွားတာပေါ့။"
“ကားကမိုင်းကွင်းထဲဝင်လာချိန်မှာ အသင့်ပြင်ထားတဲ့ မိုင်း ၄ လုံးနဲ့ ဆွဲလိုက်တာ။ ၄လုံးစလုံးကွဲတယ်။ ဒီကောင်တွေကလည်း ဖောကားကိုရပ်ပြီး အကွယ်ယူပစ်ခတ်တာတွေလည်းရှိတယ်။ သူတို့ဘက်ကလည်း အနည်းဆုံး ၄ ဦးလောက်ထိတယ်။”
"စက်သေနတ်တွေနဲ့လည်းပစ်သွားတယ်။ အဲ့ဒါအပြီး ကျောက်မြောင်းတပ်ကနေလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်"လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။